bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 4
Leviticus 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 5 →
1
တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသည်အရာတွင်၊
3
ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖို့အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊
4
ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအားဆက်ရမည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။
5
ဘိသိက်ခံသောယဇ်ပုရောဟိတ်သည်၊ နွား၏အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊
6
မိမိလက်ညှိုးကို အသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။
7
တစ်ဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
8
မိတ်သဟာယယဇ်ပြုသော နွား၏ဆီဥကိုယူသကဲ့သို့၊ အပြစ်ဖြေရာယဇ်ပြုသော နွားအအူကိုဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊
9
ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော၊ နွားဆီဥရှိသမျှကို ယူ၍၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။
10
နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသားရှိသမျှတည်းဟူသော၊
12
နွားတစ်ကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌မီးရှို့ရမည်။ ပြာသွန်၍ထားရာအရပ်၌ မီးရှို့ရမည်။
13
ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊
14
ထိုသို့ ပြစ်မှားမိသောအပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသောနွားထီးကို၊ ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့၍ဆက်ရမည်။
15
ပရိသတ်တွင် အသက်ကြီးသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်၍၊ ထိုနွားကို ရှေ့တော်၌သတ်ရကြမည်။
16
ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊
17
မိမိလက်ညှိုးကို အသွေး၌နှစ်၍၊ ကုလားကာရှေ့ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။
18
တစ်ဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
19
နွားဆီဥရှိသမျှကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
20
အပြစ်ဖြေရာယဇ်ပြုသော နွားကိုပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကိုပြုသဖြင့်၊ ယဇ်ပုရောဟိတ်သည် လူများတို့အဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူတို့အပြစ်လွတ်လိမ့်မည်။
21
ထိုနောက်မှ နွားကိုတပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဖို့ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။
22
မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊
23
မိမိပြစ်မှားမိသောအပြစ်ကိုသိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သကာဖို့ဆောင်ခဲ့ရမည်။
24
ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။
25
ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။
26
မိတ်သဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ယဇ်ပုရောဟိတ်သည် မင်း၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
27
ဆင်းရဲသားတစ်စုံတစ်ယောက်သည် တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကိုပြုမိသဖြင့် အပြစ်ရောက်လျှင်၊
28
မိမိပြစ်မှားမိသောအပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သကာဖို့ အပြစ်မပါသော ဆိတ်သငယ်အမကိုဆောင်ခဲ့ရမည်။
29
အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။
30
ယဇ်ပုရောဟိတ်သည် အသွေးကိုလက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။
31
မိတ်သဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍ ထာဝရဘုရားအားမွှေးကြိုင်စရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
32
သိုးသငယ်ကို အပြစ်ဖြေရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသောအမကို ဆောင်ခဲ့ရမည်။
33
အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သတ်ရမည်။
34
ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ ဖျန်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။
35
မိတ်သဟာယယဇ်ကောင် သိုးသငယ်ဆီဥကိုပြုသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27