bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 13
Leviticus 13
Burmese 2021
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 14 →
1
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
2
လူသည် ကိုယ်အရေ၌ အဖုဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ်တစ်စုံတစ်ယောက်ထံသို့ဖြစ်စေ ခေါ်ခဲ့ရမည်။
3
ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏ အရေ၌ပေါ်သောအနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည်ဖြူလျှင်လည်းကောင်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်လည်းကောင်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကိုကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟုစီရင်ရမည်။
4
ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်လည်းကောင်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်လည်းကောင်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
5
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တစ်ဖန်ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
6
တစ်ဖန် သတ္တမနေ့၌ကြည့်ရှု၍ အနာသည် အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။
7
စင်ကြယ်စေခြင်းငှာ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ၊ နောက်တစ်ဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုပြန်၍၊
8
ယားနာတိုးပွားသည်ကို မြင်သောအခါ၊ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။
9
နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ရမည်။
10
ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသောအဖုနှင့်တကွ အမွေးသည်ဖြူလျှင်လည်းကောင်း၊ အဖု၌ အသားစိုရှိလျှင်လည်းကောင်း၊
11
ကိုယ်အရေ၌ ဟောင်းသောနူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်၍ ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။
12
နူနာသည် အရေ၌တိုးပွား၍ အနာစွဲသောသူတစ်ကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဖဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုလေရာရာ၌ နူနာနှံ့ပြားလျှင်၊
13
ထိုသို့ တစ်ကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍စီရင်ရမည်။ တစ်ကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။
14
သို့မဟုတ် အသားစိုပေါ်လျှင်မစင်ကြယ်။
15
ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှု၍ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။
16
အသားစိုသည် ခြားနား၍ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တစ်ဖန်လာရမည်။
17
ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူစင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရသဖြင့် သူသည်စင်ကြယ်၏။
18
ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ပျောက်ပြီးမှ၊
19
အနာရွတ်၌ ဖြူသောအဖုဖြစ်စေ၊ ဖြူနီသောအနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊
20
အရေအောက်၌စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ အနာစိမ်းထဲကထွက်သော နူနာဖြစ်၏။
21
ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကိုခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
22
အရေ၌တိုးပွားလျှင်၊ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
23
သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။
24
အရေအသား၌ မီးလောင်နာရှိ၍၊ မီးလောင်နာအသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊
25
ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။
26
ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ ဖြူသောအမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
27
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ နူကွက်သည် အရေ၌တိုးပွားလျှင်၊ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
28
သို့မဟုတ် နူကွက်မရွေ့၊ အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာအဖုဖြစ်၏။ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။
29
ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊
30
ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။
31
ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သောအမွေးလည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟိတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
32
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာမတိုးပွား၊ ပါးသောအမွေးမရှိ၊ အရေအောက်၌စွဲဟန်လည်းမရှိလျှင်၊
33
ထိုသူ၏ အမွေးကိုရိတ်ရမည်။ အနာအမွေးကိုကား မရိတ်ရ။ တစ်ဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
34
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အရေ၌အနာမတိုးပွား၊ အရေအောက်၌မစွဲလျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။
35
စင်ကြယ်စေပြီးမှ၊ နောက်တစ်ဖန် ဗောက်နူနာတိုးပွားလျှင်၊
36
ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြန်၍ အနာတိုးပွားသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေးကို မရှာရ။ ထိုသူသည်မစင်ကြယ်။
37
သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။
38
ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ဖြူသောနူကွက်ရှိ၍၊
39
ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သောညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။
40
ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်း စင်ကြယ်၏။
41
နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ်၏။
42
ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သောနူနာဖြစ်၏။
43
ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ပေါက်သော အနာ၏အဖု ဖြူနီလျှင်၊
44
ထိုသူသည်မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။
45
နူနာစွဲသောသူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။
46
ထိုအနာစွဲသည်ကာလပတ်လုံး၊ သူသည်ညစ်ညူး၏။ မစင်ကြယ်သည်ဖြစ်၍ တစ်ယောက်တည်းနေရမည်။ သူ့နေရာသည် တပ်ပြင်မှာရှိရမည်။
47
၎င်းနည်း နူနာစွဲသောအဝတ်သည်၊ ပိတ်အဝတ်ဖြစ်စေ၊ သိုးမွေးအဝတ်ဖြစ်စေ၊
48
ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့်လုပ်သော အသုံးအဆောင်ဖြစ်စေ၊
49
အဝတ်၌စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင်၊ နူနာဖြစ်၏။ ယဇ်ပုရောဟိတ်အားပြရမည်။
50
ယဇ်ပုရောဟိတ်သည် အနာစွဲသောအဝတ်ကိုကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။
51
သတ္တမနေ့၌ တစ်ဖန်ကြည့်ရှု၍ အဝတ်၌အနာတိုးပွားလျှင်၊ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ၊ မစင်ကြယ်။ စားတတ်သောနူနာစွဲပြီ။
52
ထိုအဝတ်ကို မီးရှို့ရမည်။ စားတတ်သောနူနာစွဲသော ရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည်။
53
ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာမတိုးပွားလျှင်၊
54
အနာစွဲသောအရာကို ဆေးလျှော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ်စီရင်၍ တစ်ဖန် ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။
55
ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွားသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
56
ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကိုဆုတ်ဖဲ့ရမည်။
57
နောက်တစ်ဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည်။
58
ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက်လျှင်၊ ဒုတိယအကြိမ်ဆေးလျှော်၍ စင်ကြယ်ရ၏။
59
ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုစီရင်စေခြင်းငှာ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27