bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 14
Leviticus 14
Burmese 2021
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 15 →
1
တစ်ဖန် မောရှေအားထာဝရဘုရားက၊
2
နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသောတရားဟူမူကား၊
3
ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသောအခါ၊ နူနာပျောက်သည်မှန်လျှင်၊
4
စင်ကြယ်စေခြင်းကိုခံရသော ထိုသူအဖို့၊ အသက်ရှင်၍စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊
5
စီးသောရေကိုထည့်သောမြေအိုးထဲ၌ ငှက်တစ်ကောင်ကိုသတ်စေပြီးမှ၊
6
အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသောရေ၌ နှစ်ပြီးလျှင်၊
7
နူနာစင်ကြယ်စေရသောလူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သောငှက်ကို ဟင်းလင်းသော အရပ်၌လွှတ်လိုက်ရမည်။
8
စင်ကြယ်စေရသောသူသည် မိမိအဝတ်ကိုလျှော်၍၊ မိမိဆံပင်ကို အကုန်အစင်ရိတ်ပြီးမှ၊ စင်ကြယ်စေခြင်းငှာ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။
9
သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုံးမွေးအစရှိသော ကိုယ်မွေးရှိသမျှကိုရိတ်၍၊ မိမိအဝတ်ကိုလျှော်ပြီးမှ၊ ရေချိုး၍စင်ကြယ်ရ၏။
10
အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက်သုံးဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်းယူပြီးလျှင်၊
11
စင်ကြယ်စေသောယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သောလူကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သကာနှင့်တကွ ဆက်ရမည်။
12
သိုးသငယ်အထီးတစ်ကောင်ကိုယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဖို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသောပူဇော်သကာဖို့ ဆီတစ်လောဃနှင့်တကွ ချီလွှဲရမည်။
13
ထိုသိုးသငယ်ကို အပြစ်ဖြေရာယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ်ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။
14
ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းထည့်ရမည်။
15
ဆီအချို့ကိုလည်းယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊
16
ထိုဆီကို မိမိလက်ယာလက်ညှိုးနှင့်တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။
17
မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းရှိသော ဒုစရိုက်ဖြေရာယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။
18
မိမိလက်၌ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသောသူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုသူအဖို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
19
ထိုမှတစ်ပါး၊ စင်ကြယ်စေရသောသူအဖို့ အပြစ်ဖြေခြင်းငှာ၊ အပြစ်ဖြေရာယဇ်ကိုပူဇော်၍၊ နောက်တစ်ဖန် မီးရှို့ရာယဇ်ကောင်ကိုသတ်ရမည်။
20
မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဖို့ အပြစ်ဖြေခြင်းကိုပြု၍ သူသည်သန့်ရှင်းရ၏။
21
ထိုသူသည်ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကိုပြုစရာဖို့၊ ဒုစရိုက်ဖြေရာယဇ် သိုးသငယ်တစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့ ဆီရောသောမုန့်ညက်တစ်ဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်း၊
22
တတ်နိုင်သမျှအတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကိုလည်းကောင်းယူ၍၊
23
မိမိစင်ကြယ်ခြင်းအလိုငှာ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ဆောင်ခဲ့ပြီးမှ၊
24
ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့် ဆီတစ်လောဃကိုယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲရာ၊ ပူဇော်သကာဖို့ ချီလွှဲရမည်။
25
ထိုသိုးသငယ်ကိုသတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်း ထည့်ရမည်။
26
ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌လောင်းပြီးလျှင်၊
27
ထိုဆီကို မိမိလက်ယာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။
28
မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊
29
မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းပေါ်မှာလောင်း၍၊ သူ့အဖို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
30
ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊
31
အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်ပူဇော်လျက်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
32
ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေခြင်းငှာ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
33
ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
34
သင်တို့ပိုင်ထိုက်ရာ၊ ငါပေးသောခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ၊ သင်တို့နေရာထိုပြည်တွင် အိမ်တစ်စုံတစ်ခု၌ နူနာကိုငါစွဲစေလျှင်လည်းကောင်း၊
35
အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟုပြောဆိုလျှင်လည်းကောင်း၊
36
ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာကိုအကြည့်အရှုမဝင်မီ၊ ရှိသမျှကိုထုတ်စေခြင်းငှာ စီရင်ရမည်။ ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုအိမ်ကိုအကြည့်အရှုဝင်၍၊
37
အနာကိုကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊
38
အိမ်တံခါးပြင်သို့ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။
39
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊
40
အနာစွဲသော ကျောက်တို့ကိုနုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သောအရပ်၌ ပစ်ထားစေခြင်းငှာ ယဇ်ပုရောဟိတ်စီရင်၍၊
41
ထိုအိမ်ကို အတွင်းပတ်လည်၌ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ်သောအရပ်၌ သွန်ပစ်ရမည်။
42
အရင်ကျောက်အစား၌ အခြားသောကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သောအင်္ဂတေနှင့် မွမ်းမံရမည်။
43
ထိုသို့ ကျောက်ကိုနုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကိုပြုပြီးမှ၊ တစ်ဖန်အနာစွဲပြန်လျှင်၊
44
ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွားသည်မှန်လျှင်၊ စားတတ်သောနူနာဖြစ်၏။
45
ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊ ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သောအရပ်သို့ ယူသွားရမည်။
46
ထိုမှတစ်ပါး၊ ထိုအိမ်ကို ပိတ်ထားသည်ကာလပတ်လုံး၊ အထဲသို့ဝင်မိသောသူသည်၊ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။
47
ထိုအိမ်၌အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကိုလျှော်ရမည်။
48
ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကိုအသစ်မွမ်းမံပြီးမှ အနာမတိုးပွားလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည်စင်ကြယ်၏ဟု စီရင်ရမည်။
49
ထိုအိမ်ကိုစင်ကြယ်စေခြင်းငှာ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကိုယူ၍၊
50
စီးသောရေကိုထည့်သော မြေအိုးထဲ၌ ငှက်တစ်ကောင်ကိုသတ်ပြီးမှ၊
51
အာရဇ်သစ်သား၊ ဟုဿုပ်ပင်ညွန့်၊ နီသောကြိုး၊ အသက်ရှင်သောငှက်ကိုယူ၍ ငှက်သွေးရောသော ရေ၌နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။
52
ထိုသို့ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကိုစင်ကြယ်စေပြီးမှ၊
53
အသက်ရှင်သောငှက်ကို မြို့ပြင်ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဖို့၊ အပြစ်ဖြေခြင်းကိုပြုလျှင်၊ စင်ကြယ်ခြင်းရှိလိမ့်မည်။
54
ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍သိစေခြင်းငှာ၊ ဗောက်နူနာအစရှိသောနူနာအမျိုးမျိုး၊ အဝတ်၌စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖု၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27