bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 24
Leviticus 24
Burmese 2021
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
1
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
2
ပရိသတ်စည်းဝေးရာတဲတော်တွင် သက်သေခံချက်ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ်မီးထွန်းရာဖို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။
3
အာရုန်သည်လည်း၊ ညဉ့်ဦးမှသည်နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
4
စင်ကြယ်သောမီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။
5
သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တစ်လုံးလျှင် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊
6
ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တစ်လုံးပေါ်၌ တစ်လုံးကိုထပ်ဆင့်၍၊ တစ်ပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
7
ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော အောက်မေ့တော်မူဖို့ရာဖြစ်စေခြင်းငှာ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သောလောဗန်ကို တင်ထားရမည်။
8
ထာဝရဘုရား၏ ပဋိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော်၌ ဥပုသ်နေ့တိုင်း အစဉ်အမြဲပြင်ဆင်ရမည်။
9
ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည်ပိုင်၍၊ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။
10
အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသောသားတစ်ယောက်သည်၊ တပ်ထဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊
11
နာမတော်ကိုပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီးရှေလောမိတ် ဖြစ်သတည်း။
12
ပြစ်မှားသောသူကို မောရှေထံသို့ဆောင်ယူခဲ့၍ ထာဝရဘုရား၏အလိုတော်ကို မသိမီတိုင်အောင်ချုပ်ထားကြ၏။
13
ထာဝရဘုရားကလည်း၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ဆောင်သွား၍၊
14
သူ၏စကားကိုကြားသော သူအပေါင်းတို့သည် သူ၏ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့်ပစ်ကြစေ။
15
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကိုခံရမည်။
16
ထာဝရဘုရား၏နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် ထိုသူကို အမှန်ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ၊ နာမတော်ကိုပြစ်မှားလျှင် အသေသတ်ခြင်းကိုခံရမည်။
17
လူအသက်ကိုသတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
18
တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တစ်ကောင်အတွက် တစ်ကောင်ကိုလျော်ရမည်။
19
လူသည် အိမ်နီးချင်းကိုနာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။
20
အရိုးကိုချိုးသည်အတွက် အရိုးချိုးခြင်းကိုလည်းကောင်း၊ မျက်စိကိုဖျက်သည်အတွက်၊ မျက်စိဖျက်ခြင်းကိုလည်းကောင်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကိုလည်းကောင်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင်စွာခံရမည်။
21
တိရစ္ဆာန်အသက်ကို သတ်သောသူသည်၊ တစ်ကောင်အတွက်၊ တစ်ကောင်ကို ပြန်ပေးရမည်။ လူအသက်ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။
22
ကိုယ်အမျိုးသားဖြစ်စေ၊ သူတစ်ပါးအမျိုးသားဖြစ်စေ၊ တစ်ပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။
23
ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ရမည်အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း သူတို့သည်ပြုကြ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27