bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 27
Leviticus 27
Burmese 2021
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
1
တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
2
လူသည်သစ္စာကတိပြု၍ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင်အဖိုးဖြတ်သည်အတိုင်း ထာဝရဘုရား၏ဘဏ္ဍာတော် ဖြစ်ရမည်။
3
သင်သည် အဘယ်မျှ အဖိုးဖြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။
4
မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဖိုးဖြတ်ရမည်။
5
အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကိုအကျပ်တစ်ဆယ်နှင့် အဖိုးဖြတ်ရမည်။
6
အသက်တစ်လမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဖိုးဖြတ်ရမည်။
7
အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကိုဆယ်ငါးကျပ်၊ မိန်းမကိုတစ်ဆယ်နှင့် အဖိုးဖြတ်ရမည်။
8
သင်အဖိုးဖြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာကတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဖိုးဖြတ်ရမည်။
9
လူသည်တိရစ္ဆာန်ကို ထာဝရဘုရားအားပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။
10
ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တစ်ကောင်အတွက် တစ်ကောင်ကိုမလဲရ။ လဲလိုလျှင်၊ နှစ်ကောင်စလုံးသန့်ရှင်းရမည်။
11
ထာဝရဘုရားအားမပူဇော်အပ်၊ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အားပြ၍၊
12
ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
13
ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဖိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။
14
လူသည်မိမိအိမ်ကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
15
ထိုအိမ်ကို သန့်ရှင်းစေသောသူရွေးလိုလျှင်၊ ဖြတ်သောအဖိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ အိမ်ကိုယူရမည်။
16
လူသည် ကိုယ်ပိုင်သောလယ်ယာကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ကြဲရသည်အတိုင်း အဖိုးဖြတ်ရမည်။ မျိုးစေ့ တစ်ဩမဲကြဲရသော လယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။
17
ယုဘိလနှစ်မှစ၍ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ ဖြတ်သည်အတိုင်း အဖိုးရှိရမည်။
18
ယုဘိလနှစ်လွန်မှ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ်မှီအောင် လိုသေးသောနှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ်ရေတွက်၍ ဖြတ်သောအဖိုးရင်းငွေကို လျှော့ရမည်။
19
မိမိလယ်ကို သန့်ရှင်းစေသောသူသည် ရွေးလိုလျှင်၊ ဖြတ်သောအဖိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ လယ်ကိုအပိုင်ယူရမည်။
20
သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအားရောင်းမိလျှင်၊ နောက်တစ်ဖန် မရွေးရ။
21
ယုဘိလနှစ်တွင် ထိုလယ်သည်အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ဥစ္စာ ဖြစ်ရမည်။
22
လူသည်ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဖို့ သန့်ရှင်းစေလျှင်၊
23
ယုဘိလနှစ်တိုင်အောင်ဖြတ်သောအဖိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသောနေ့၌ အဖိုးဖြတ်သောငွေကို ပေးရမည်။
24
ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကိုအရင်ပိုင်၍ ရောင်းသောသူလက်သို့ ပြန်စေရမည်။
25
အဖိုးဖြတ်လေရာရာ၌ အကျပ်တော်အလိုက်ဖြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
26
ထာဝရဘုရားပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
27
မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဖိုးဖြတ်သည်အတိုင်းရွေး၍၊ ငါးစုတစ်စုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဖိုးဖြတ်သည်အတိုင်းရောင်းရမည်။
28
သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအားကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့်ရှင်းရမည်။
29
လူကိုပင် ကျိန်ဆို၍ပူဇော်လျှင်၊ နောက်တစ်ဖန်မရွေးရ၊ သတ်ရမည်။
30
စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစ်စုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့သန့်ရှင်းရမည်။
31
ဆယ်စုတစ်စုကိုရွေးလိုလျှင်၊ အဖိုးရင်းနှင့်ငါးစုတစ်စုကို ထပ်၍ပေးရမည်။
32
နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌သွားသမျှသောအကောင် ဆယ်စုတစ်စုသည်၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။
33
ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တစ်ကောင်အတွက် တစ်ကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံးသန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။
34
ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဖို့ မောရှေ၌ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာကျမ်းပြီး၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27