bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 23
Leviticus 23
Burmese 2021
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 24 →
1
တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
2
သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊
3
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကိုပြုရသောနေ့ ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
4
အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ပွဲတော်များဟူမူကား၊
5
ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။
6
၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဖို့ အဇုမပွဲကိုခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။
7
ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
8
ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာကိုပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရဟု မိန့်တော်မူ၏။
9
တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
10
သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးကိုရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။
11
သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှာ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
12
ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
13
ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။
14
သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သကာကိုဆောင်ခဲ့သောနေ့ မရောက်မီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
15
ချီလွှဲရာပူဇော်သကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
16
သတ္တမဥပုသ်နေ့အလွန်နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာအသစ်ကို ဆက်ရကြမည်။
17
ထာဝရဘုရားအဖို့ အဦးသီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်ဩမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှထုတ်ဆောင်ခဲ့၍၊
18
ထိုမုန့်နှင့်တကွ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ်အထီးတစ်ကောင်၊ ဆိတ်နှစ်ကောင်ကိုဆက်၍၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။
19
အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယယဇ်ဖို့ အခါလည်သောသိုးသငယ်နှစ်ကောင်ကိုလည်းကောင်း ပူဇော်၍၊
20
ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။
21
ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်ဖြစ်သတည်း။
22
ကိုယ်မြေ၌ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင်ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ၊ ဧည့်သည်အာဂန္တုအဖို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
23
တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
24
သင်တို့သည်သတ္တမလ၊ ပထမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။
25
လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
26
တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
27
သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကိုဆက်ကပ်ရမည်။
28
ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ်ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။
29
ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။
30
ထိုနေ့၌ အလုပ်တစ်စုံတစ်ခုကိုလုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။
31
အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
32
ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟုမိန့်တော်မူ၏။
33
တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
34
သင်တို့သည်သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ သကေနေပွဲကိုခံရကြမည်။
35
ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ အလုပ်ကိုမလုပ်ရ။
36
ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်ရမည်။ ထူးဆန်းသောစည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။
37
ဤရွေ့ကား၊ ထာဝရဘုရား၏ဥပုသ်နေ့၊ ထာဝရဘုရားအားဆက်ကပ်ရသော အလှူဒါန၊ သစ္စာကတိနှင့်ဆိုင်သောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာမှတစ်ပါး၊ နေ့ရက်အသီးအသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သကာကို ပြုစေခြင်းငှာ စီရင်ရသောဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း။
39
ထိုမှတစ်ပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအားပွဲခံရကြမည်။ ပထမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ရကြမည်။
40
ပထမနေ့၌ ကောင်းမွန်သောသစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော အရွက်များသောအပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကိုပြုရကြမည်။
41
ထိုပွဲတော်ကို တစ်နှစ်တစ်နှစ်လျှင်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ခံရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ခံရကြမည်။
42
ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သောအခါ၊
43
သစ်ခက်တဲ၌နေစေကြောင်းကို သင်တို့အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနစ်ရက်ပတ်လုံးနေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
44
မောရှေသည်လည်း၊ ထာဝရဘုရား၏ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27