bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Leviticus 15
Leviticus 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
1
တစ်ဖန် မောရှေနှင့်အာရုန်အား ထာဝရဘုရားက၊
2
သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ရိနာစွဲသောယောက်ျားသည် မစင်ကြယ်။
3
အစဉ်ယိုသည်ဖြစ်စေ၊ တစ်ခါတလေရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ်။
4
အိပ်သမျှ ထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ်။
5
သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာထိုင်သောသူ၊ သူ၏ကိုယ်ကိုထိသောသူ၊ သူ၏တံတွေးထိမိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေးချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
9
ရိနာစွဲသောသူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
10
သူ့အောက်၌ရှိသောအရာကို ထိသောသူသည် ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအရာတစ်စုံတစ်ခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
11
ရိနာစွဲသောသူသည်၊ လက်မဆေးဘဲ သူတစ်ပါးကိုလက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
12
ရိနာစွဲသောသူထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သားတန်ဆာကို ရေနှင့်ဆေးရမည်။
13
ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကိုလျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။
14
အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ထာဝရဘုရားရှေ့တော်၌ ပရိသတ်စည်းဝေးရာတံခါးနားသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားပေးရမည်။
15
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ပူဇော်၍၊ ရိနာစွဲသောသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။
16
ယောက်ျားသည် သုက်ရည်ထွက်လျှင် တစ်ကိုယ်လုံးရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
17
သုက်ရည်ထိသောအဝတ်၊ သားရေရှိသမျှတို့ကို ရေနှင့်လျှော်ရမည်။
18
ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ယောက်ျားသည် မိန်းမနှင့်သံဝါသပြုလျှင်၊ နှစ်ယောက်စလုံး ရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
19
မိန်းမသည်ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌ နေရမည်။ သူ့ကိုထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
20
ဥတုမစင်ကြယ်လျက်အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။
21
သူ၏အိပ်ရာ၊ သူ၏ထိုင်ရာကိုထိသောသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
23
သူ၏နေရာထိုင်ရာစွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
24
ဥတုရောက်သောမိန်းမနှင့် သံဝါသပြုသောသူသည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှလည်း မစင်ကြယ်ဖြစ်၏။
25
ဥတုမစင်ကြယ်ရာကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မီတိုင်အောင် ဥတုမစင်ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။
26
အနာမပျောက်မီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့လည်းကောင်း၊ ထိုင်ရာသည်လည်းကောင်း မစင်ကြယ်ဖြစ်၏။
27
ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
28
ထိုမိန်းမသည် သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။
29
အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
30
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ပူဇော်၍၊ ဥတုမစင်ကြယ်သောမိန်းမအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။
31
ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့မစင်ကြယ်ရာ၌ မသေစေခြင်းငှာ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။
32
ဤရွေ့ကား၊ ရိနာစွဲသောသူ၊
33
သုက်ရည်ထွက်၍ညစ်ညူးသောသူ၊ ဥတုရောက်သောမိန်းမ၊ သံဝါသပြုသော ယောက်ျားမိန်းမ၊ မစင်ကြယ်သောမိန်းမနှင့် သံဝါသပြုသောယောက်ျား စောင့်ရသောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27