bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 1
Numbers 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 2 →
1
ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောတွင် ပရိသတ်စည်းဝေးရာတဲတော်မှာ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
2
သင်နှင့်အာရုန်သည် ဣသရေလအမျိုးသားပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊
3
စစ်တိုက်နိုင်သောယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးအသီးအလိုက်စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။
4
အမျိုးအနွယ်အသီးအသီး တစ်မျိုးတစ်ယောက်စီ မိမိတို့အဆွေအမျိုး၌ သူကြီးဖြစ်သောလူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
5
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
6
ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
7
ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
8
ဣသခါအမျိုး ဇုအာသားနာသနေလ။
9
ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။
10
ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သားဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျေလ။
11
ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိသားအဘိဒန်။
12
ဒန်အမျိုး၊ အမိရှဒ္ဒဲသားအဟေဇာ။
13
အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။
14
ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊
15
နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
16
ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုးသူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
17
ထိုသို့နာမည်ဖြင့်ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့်အာရုန်သည် ခေါ်၍၊
18
ဒုတိယလ၊ ပထမနေ့၌ ပရိသတ်အပေါင်းကိုစည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကိုဖော်ပြ၍ အနှစ်နှစ်ဆယ်လွန်သောသူတို့၏ နာမည်ပေါင်းကိုမှတ်သဖြင့်၊
19
ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို ရေတွက်လေ၏။
20
ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
21
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။
22
ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
23
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာ ရှိကြ၏။
24
ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
25
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာငါးဆယ်ရှိကြ၏။
26
ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
27
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိကြ၏။
28
ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးကိုလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
29
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ၏။
30
ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
31
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းခုနစ်ထောင်လေးရာ ရှိကြ၏။
32
ယောသပ်မှဆင်းသက်သော ဧဖရိမ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
33
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးရာရှိကြ၏။
34
မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
35
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ၏။
36
ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
37
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ၏။
38
ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
39
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ၏။
40
အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
41
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းတစ်ထောင်ငါးရာ ရှိကြ၏။
42
နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
43
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ၏။
44
ထိုသို့မောရှေနှင့် အာရုန်အစရှိသောဣသရေလအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါးတို့သည်
45
ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းယူသည်အတိုင်း၊
46
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောလူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။
47
လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်းမဝင်ရသည်အမှုမှာ၊
48
ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား
49
လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ စာရင်းထဲ၌မသွင်းရ။
50
လေဝိသားတို့အား သက်သေခံချက်တဲတော်ကိုလည်းကောင်း၊ တဲတော်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကိုလည်းကောင်းအပ်၍၊ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ရကြမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
51
တဲတော်ကို ယူသွားချိန်ရောက်သောအခါ၊ လေဝိသားတို့သည်ရုပ်သိမ်းရမည်။ နေရာချချိန်ရောက်သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတစ်ပါး အခြားသောအမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်။
52
ဣသရေလအမျိုးသားတို့သည် တပ်ချသောအခါ၊ အလုံးအရင်းတစ်လျှောက်လုံး၊ လူတိုင်း မိမိဆိုင်သောတပ်တွင် မိမိဆိုင်သောအလံနားမှာ မိမိတဲကိုဆောက်ရမည်။
53
ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ်အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှာ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရမည်ဟု၊
54
မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36