bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 17
Numbers 17
Burmese 2021
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 18 →
1
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
2
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
3
လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတစ်ဦးလျှင် လှံတံတစ်ချောင်းစီရှိရမည်။
4
ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
5
ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တစ်ဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
6
မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတစ်ဦးလျှင် လှံတံတစ်ချောင်းစီ လှံတံဆယ်နှစ်ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။
7
မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထားလေ၏။
8
နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက် ရှိ၏။
9
မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရားထံတော်က ဣသရေလအမျိုးသားတို့ရှေ့သို့ ထုတ်ဆောင်သဖြင့်၊ သူတို့သည်ကြည့်ရှု၍၊ လူတိုင်းမိမိလှံတံကို ယူပြန်လေ၏။
10
ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ၊ အာရုန်၏လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ သူတို့အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
11
မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည်ပြုလေ၏။
12
ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် သေကြေပျက်စီးကြပါ၏။ တစ်ယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
13
ထာဝရဘုရား၏တဲတော်ကို ချဉ်းကပ်သောသူတိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ရှိသမျှသည် သေဘေးသင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36