bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 32
Numbers 32
Burmese 2021
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
1
ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန်ကျက်စားစရာဖို့ ကောင်းသည်ကိုမြင်ကြလျှင်၊
2
မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိသော ပရိသတ်တို့တွင် မင်းများတို့ထံသို့လာ၍၊
3
အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောနတည်းဟူသော၊
4
ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန်များပြားပါ၏။
5
သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အားအပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
6
မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွားရမည်လော။
7
ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည်အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့်ဖျက်ကြသနည်း။
8
ပြည်တော်ကို ကြည့်ရှုစေခြင်းငှာ၊ သင်တို့အဘတို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
9
ဧရှကောလချောင်းသို့သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကိုဖျက်ကြ၏။-
10
ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက်လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ငါကျိန်ဆို၍ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်နှင့် နုန်၏သားယောရှုမှတစ်ပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံးမလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ ထိုသူနှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြပြီဟု ကျိန်ဆိုတော်မူ၏။
13
ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုကိုပြုသော လူအပေါင်းတို့သည် မပျက်စီးမီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်စေတော်မူ၏။
14
ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို သာ၍ပြင်းစွာ အမျက်တော်ထွက်စေမည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
15
သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွားကြလျှင်၊ တစ်ဖန် ဣသရေလအမျိုးသားတို့ကို တော၌စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့အား ပြန်ပြော၏။
16
ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဖို့ ဤအရပ်၌သိုးခြံတို့ကိုလည်းကောင်း၊ ကျွန်တော်တို့ သူငယ်များအဖို့ မြို့တို့ကိုလည်းကောင်း တည်ပါမည်။
17
သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့နေရာအရပ်သို့ မပို့မဆောင်မီတိုင်အောင်၊ ကျွန်တော်တို့သည်လက်နက်ကိုင်လျက် သူတို့ရှေ့မှာသွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော်တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
18
ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံရသောမြေကို မဝင်စားမီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့မပြန်မလာပါ။
19
ကျွန်တော်တို့သည် ယော်ဒန်မြစ်တစ်ဖက်၌ သူတို့နှင့်အတူ အမွေကိုမတောင်းမခံပါ။ ကျွန်တော်တို့အမွေခံရာမြေသည် ယော်ဒန်မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက်ပြန်ကြ၏။
20
မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွားလျှင်လည်းကောင်း၊
21
ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှနှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမီတိုင်အောင်၊
22
သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွားလျှင်လည်းကောင်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
23
ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍မီလိမ့်မည်။
24
သူငယ်များအဖို့ မြို့တို့ကိုလည်းကောင်း၊ သိုးများအဖို့ သိုးခြံတို့ကိုလည်းကောင်း တည်လုပ်ကြလော့။ ယခုပြောသမျှအတိုင်း ပြုကြလော့ဟုဆိုလျှင်၊
25
ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော်ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါမည်။
26
ကျွန်တော်တို့မယား သားသူငယ်များနှင့် သိုးနွားအလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
27
ကိုယ်တော်ကျွန်အပေါင်းတို့မူကား၊ သခင်မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှာ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
28
ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလအမျိုးသား အဆွေအမျိုးသူကြီးများတို့ကို ခေါ်၍၊
29
ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှာ အသီးအသီးလက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကိုအောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
30
သို့မဟုတ် သူတို့သည် လက်နက်ကိုင်လျက် သင်တို့နှင့်အတူမကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့တွင် ကိုယ်ပိုင်ရာမြေကိုခံယူရကြမည်ဟု မှာထားလေ၏။
31
ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
32
ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည်အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်ဟု ပြန်လျှောက်ကြ၏။
33
ထိုအခါမောရှေသည် အာမောရိရှင်ဘုရင်ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံဆိုင်သမျှသော နယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှဆင်းသက်သော မနာရှေအမျိုးသားတစ်ဝက်၌ အပ်ပေးလေ၏။
34
ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
35
အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
36
ဗက်နိမရာ၊ ဗေသာရန်မြို့များကိုလည်းကောင်း၊ သိုးခြံများကိုလည်းကောင်း တည်လုပ်ကြ၏။
37
ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
38
နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ်သောအမည်ဖြင့်သမုတ်၍ တည်ကြ၏။
39
မနာရှေမှဆင်းသက်သော မာခိရအမျိုးသားတို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင်မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
40
မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အားပေး၍ သူတို့သည်နေကြ၏။
41
မနာရှေအမျိုးသား ယာဣရသည်လည်းသွား၍ ဂိလဒ်ရွာများကိုသိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရအမည်ဖြင့် သမုတ်လေ၏။
42
နောဗာသည်လည်းသွား၍ ကေနတ်မြို့ရွာတို့ကိုသိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟုသမုတ်လေ၏။
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36