bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 15
Numbers 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
1
တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
2
သင်တို့နေရာဖြစ်သော ငါပေးသောပြည်သို့ ရောက်၍နေကြသောအခါ
3
သစ္စာကတိရှိ၍ ပူဇော်သော်လည်းကောင်း၊ အလိုလိုပူဇော်သော်လည်းကောင်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်လည်းကောင်း၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွားအားဖြင့် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ကိုပြုခြင်းငှာ အလိုရှိလျှင်၊
4
ထာဝရဘုရားအား ပူဇော်သကာကိုပြုသောသူသည်၊ သိုးသငယ်ကိုပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
5
ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သကာကို ဆီသုံးလောဃရောသော မုန့်ညက်တစ်ဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည် သုံးလောဃကိုလည်းကောင်း ပြင်ဆင်၍ဆောင်ခဲ့ရမည်။
6
သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊
7
ဘောဇဉ်ပူဇော်သကာဖို့ ဆီလေးလောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
8
ထာဝရဘုရားအားမီးရှို့ရာယဇ်၊ သစ္စာကတိရှိ၍ပူဇော်သောယဇ်၊ မိတ်သဟာယယဇ်ဖို့ နွားကိုပြင်ဆင်လျှင်၊
9
မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊
10
နွားနှင့်တကွ ဘောဇဉ်ပူဇော်သကာဖို့ ဆီခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည်ခြောက်လောဃကိုလည်းကောင်း ဆောင်ခဲ့ရမည်။
11
နွားတစ်ကောင်၊ သိုးတစ်ကောင်၊ သိုးသငယ်တစ်ကောင်၊ ဆိတ်သငယ်တစ်ကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
12
ပြင်ဆင်သော သိုးနွားအရေအတွက်သို့လိုက်၍၊ တစ်ကောင်တစ်ကောင်ကို ထိုသို့ပြုရမည်။
13
ပြည်သားအပေါင်းတို့သည် မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
14
သင်တို့တွင် တည်းခိုသောတစ်ပါးအမျိုးသားဖြစ်စေ၊ အခြားတစ်ပါးသောသူဖြစ်စေ၊ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ အလိုရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်းပြုရမည်။
15
ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော တစ်ပါးတည်းသောထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည်ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
16
သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားတို့သည် တစ်ပါးတည်းသောတရား၊ တစ်ပါးတည်းသောထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
17
တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
18
ငါပို့ဆောင်သောပြည်သို့ သင်တို့သည်ရောက်၍၊
19
ထိုပြည်၌ဖြစ်သော မုန့်ကိုစားကြသောအခါ၊ ထာဝရဘုရားအားချီမြှောက်ရာ ပူဇော်သကာကို ဆက်ရမည်။
20
အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သကာပြု၍ ကောက်နယ်တလင်းထဲက ချီမြှောက်ရာပူဇော်သကာကို ပြုသကဲ့သို့ ချီမြှောက်ရမည်။
21
သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ်သောမုန့်စိမ်းထဲက ချီမြှောက်ရာပူဇော်သကာကို ထာဝရဘုရားအား ဆက်ရကြမည်။
22
ထာဝရဘုရားသည် မောရှေကိုမှာထားသောနေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ထားတော်မူသောပညတ်၊
23
သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတ္တံ့သော ပညတ်အလုံးစုံတို့ကို သင်တို့သည်မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
24
ပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ပူဇော်ရကြမည်။
25
ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကိုပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ပြစ်မှားသောကြောင့်၊ ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သောအပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသောပူဇော်သကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရကြမည်။
26
ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော်လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းကိုလည်းကောင်း၊ သူတို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားကိုလည်းကောင်း ထိုအပြစ်မှလွှတ်ရလိမ့်မည်။
27
လူတစ်စုံတစ်ယောက်သည် သတိလစ်၍ပြစ်မှားလျှင်၊ အပြစ်ဖြေရာယဇ်ဖို့ အခါလည်သော ဆိတ်မတစ်ကောင်ကို ဆောင်ခဲ့ရမည်။
28
ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှားမိသောထိုသူအဖို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကိုပြုရသဖြင့် ထိုအပြစ်ကိုလွှတ်ရလိမ့်မည်။
29
ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ပြစ်မှားသောအခါ၊ တစ်ပါးတည်းသော တရားကိုစောင့်ရကြမည်။
30
ဣသရေလအမျိုးသားဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
31
ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်းပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ၏။
32
ဣသရေလအမျိုးသားတို့သည် တော၌ရှိကြသောအခါ၊ တစ်နေ့သောဥပုသ်နေ့၌ ထင်းခွေသောသူတစ်ယောက်ကို တွေ့လေ၏။
33
တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ရှေ့သို့ ခေါ်ခဲ့ကြ၏။
34
သူ၏အမှုကိုစီရင်ရာလမ်း မထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။
35
ထာဝရဘုရားကလည်း၊ ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့် ပစ်ရကြမည်ဟု မောရှေအားမိန့်တော်မူ၍၊
36
ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ကြသဖြင့် သူသည်အသေခံရ၏။
37
တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
38
သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်၍၊ ပြာသောကြိုးနှင့် ချည်တွဲရကြမည်။
39
ထိုပန်းပွားတို့ကို သင်တို့သည်ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့၍ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့လိုက်လျက်၊ ကိုယ်ဉာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်မမှီဝဲ၊
40
ငါပညတ်သမျှတို့ကို အောက်မေ့၍ကျင့်သဖြင့်၊ သင်တို့ဘုရားသခင်အဖို့ သန့်ရှင်းမည်အကြောင်း ထိုသို့ပြုရမည်။
41
ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36