bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 33
Numbers 33
Burmese 2021
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
1
မောရှေနှင့်အာရုန်စီရင်၍ အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့သည် ခရီးသွားခြင်းအကြောင်းအရာများကို၊
2
ထာဝရဘုရားအမိန့်တော်အတိုင်း မောရှေမှတ်သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသောစာရင်းဟူမူကား၊
3
ပထမလတစ်ဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန်နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်းတို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။
4
အကြောင်းမူကား၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ဘုရားများကိုလည်း၊ ထာဝရဘုရားသည် တရားစီရင်တော်မူ၏။
5
ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှပြောင်း၍ သုကုတ်အရပ်၌ စခန်းချကြ၏။
6
သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စခန်းချကြ၏။
7
ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တစ်ဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စခန်းချကြ၏။
8
ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ လျှောက်သွားသဖြင့် ဧသံတောသို့ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စခန်းချကြ၏။
9
မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စခန်းချကြ၏။
10
ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စခန်းချကြ၏။
11
ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စခန်းချကြ၏။
12
သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌ စခန်းချကြ၏။
13
ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌ စခန်းချကြ၏။
14
အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာရေမရှိသော ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။
15
ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌ စခန်းချကြ၏။
16
သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စခန်းချကြ၏။
17
ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ်အရပ်၌ စခန်းချကြ၏။
18
ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စခန်းချကြ၏။
19
ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖာရက်၌ စခန်းချကြ၏။
20
ရိမ္မုန်ဖာရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စခန်းချကြ၏။
21
လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စခန်းချကြ၏။
22
ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စခန်းချကြ၏။
23
ကေဟလာသအရပ်မှပြောင်း၍ ရှာဖာတောင်၌ စခန်းချကြ၏။
24
ရှာဖာတောင်မှပြောင်း၍ ဟာရဒအရပ်၌ စခန်းချကြ၏။
25
ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စခန်းချကြ၏။
26
မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စခန်းချကြ၏။
27
တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စခန်းချကြ၏။
28
တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စခန်းချကြ၏။
29
မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စခန်းချကြ၏။
30
ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ်အရပ်၌ စခန်းချကြ၏။
31
မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။
32
ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။
33
ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။
34
ယုပ္ဘာသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စခန်းချကြ၏။
35
ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။
36
ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စခန်းချကြ၏။
37
ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စခန်းချကြ၏။
38
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပထမနေ့ရက်၌ ထာဝရဘုရားအမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့တက်၍ အနိစ္စရောက်လေ၏။
39
အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စရောက်သောအခါ၊ အသက်တစ်ရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။
40
ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိရှင်ဘုရင်အာရဒ်သည် ဣသရေလအမျိုးသားရောက်ကြောင်းကို ကြားလေ၏။
41
သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလမောနအရပ်၌ စခန်းချကြ၏။
42
ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စခန်းချကြ၏။
43
ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။
44
ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။
45
ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌ စခန်းချကြ၏။
46
ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလသိမ်အရပ်၌ စခန်းချကြ၏။
47
အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗောတောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စခန်းချကြ၏။
48
အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ စခန်းချကြ၏။
49
ထိုသို့မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့တိုင်အောင် စခန်းချကြ၏။
50
မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊
51
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊
52
ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှတို့ကို ဖြိုချရကြမည်။
53
ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသောကြောင့်၊ ထိုပြည်သားတို့ကိုနှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။
54
သင်တို့အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကိုဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်းလျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
55
သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန်အစင်မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသောသူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့လည်းကောင်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့လည်းကောင်း ဖြစ်၍၊ သင်တို့နေသောပြည်မှာ သင်တို့ကိုနှောင့်ယှက်ကြလိမ့်မည်။
56
ထိုမှတစ်ပါး သူတို့အားငါကြံစည်သည်အတိုင်း သင်တို့ကိုငါပြုမည်ဟု မိန့်တော်မူ၏။
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36