bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 13
Numbers 13
Burmese 2021
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 14 →
1
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
2
ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တစ်မျိုးတစ်ယောက်စီရွေးကောက်၍ စေလွှတ်လော့ဟု၊
3
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
4
သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသား ရှမွာ။
5
ရှိမောင်အမျိုး၊ ဟောရိသား ရှာဖတ်။
6
ယုဒအမျိုး၊ ယေဖုန္နာသား ကာလက်၊
7
ဣသခါအမျိုး၊ ယောသပ်သား ဣဂါလ။
8
ဧဖရိမ်အမျိုး၊ နုန်သား ဩရှေ။
9
ဗင်္ယာမိန်အမျိုး၊ ရာဖုသား ပါလတိ။
10
ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
11
ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
12
ဒန်အမျိုး၊ ဂေမလ္လိသား အမျေလ။
13
အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
14
နဿလိအမျိုး၊ ဝါဖသိသား နာဘိ။
15
ဂဒ်အမျိုး မာခိသား ဂွေလတည်းဟူသော၊
16
ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှာ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17
ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။
18
ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။
19
သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့် နေကြသလော။ ခိုင်ခံ့သောမြို့နှင့် နေကြသလော။
20
ထိုမြေသည် ကောင်းသလော၊ မကောင်းလော။ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြလော့။ ရဲရင့်သောစိတ် ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီးမှည့်စ ကာလဖြစ်သတည်း။
21
ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။
22
တောင်မျက်နှာ၌လျှောက်သွား၍ အာနကအမျိုးသား အဟိမန်၊ ရှေရှဲ၊ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မီ ခုနစ်နှစ်ကတည်သောမြို့ ဖြစ်သတည်း။
23
ဧရှကောလချိုင့်သို့ရောက်လျှင် အသီးတစ်ပြွတ်ပါသော စပျစ်နွယ်ပင် အခက်တစ်ခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းပိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
24
ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီးပြွတ်ကိုထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။
25
အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကိုစူးစမ်းသောအမှု ပြီး၍ ပြန်လာကြ၏။
26
မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။
27
မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီး ဖြစ်ပါ၏။
28
သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သောမြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
29
အာမလက်အမျိုးသားတို့သည် တောင်ဘက်၌လည်းကောင်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌လည်းကောင်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌လည်းကောင်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ၏။
30
ကာလက်ကလည်း ချက်ချင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကိုငြိမ်းစေ၏။
31
သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍လည်းကောင်း၊
32
ငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။
33
ကိုယ်ကြီးသောလူအမျိုးအနွယ်၊ အာနကအမျိုးအနွယ်ဖြစ်၍ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ သူတို့အထင်အတိုင်းလည်း ထိုသို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသတင်းကို ကြားပြောကြလေ၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36