bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 6
Numbers 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 7 →
1
တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
2
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရားအဖို့ မိမိကိုခြားနားစေ၍၊ နာဇရိသစ္စာပြုခြင်းငှာ မိမိကို မိမိခွဲထားသောအခါ၊
3
စပျစ်ရည်နှင့် ယစ်မျိုးကိုရှောင်ရမည်။ စပျစ်ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့်လုပ်သောအရည်ကို အလျှင်းမသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။
4
ခြားနားလျက်နေသောကာလပတ်လုံး စပျစ်သီးအဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်ကဖြစ်သမျှကို မစားရ။
5
ခြားနားခြင်းသစ္စာစောင့်သောကာလပတ်လုံး၊ ဦးဆံကိုမရိတ်ရ။ ထာဝရဘုရားအဖို့ မိမိကိုခြားနားစေသော ကာလမစေ့မီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက်တိုးပွားစေရမည်။
6
ထာဝရဘုရားအဖို့ မိမိကိုခြားနားစေသောကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။
7
သူ၏ဘုရားသခင်အဖို့ သူ၏ခေါင်းကို ခြားနားစေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။
8
ခြားနားလျက်နေသောကာလပတ်လုံး၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။
9
သူ့အနားမှာ တစ်စုံတစ်ယောက်သောသူသည် ချက်ချင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသောနေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကိုရိတ်ရမည်။
10
အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
11
ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကိုပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့်ရောက်သော အပြစ်ဖြေခြင်းကိုပြုပြီးမှ၊ ထိုနေ့ချင်းတွင် သူ၏ခေါင်းကို သန့်ရှင်းစေရမည်။
12
အရင်ခြားနားစေသောကာလကို ထာဝရဘုရားအဖို့ တစ်ဖန် ခြားနားစေ၍ အခါလည်သော သိုးသငယ်တစ်ကောင်ကို ဒုစရိုက်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အရင်ခြားနားခြင်းပျက်သောကြောင့် လွန်သောကာလပျောက်ရမည်။
13
ခြားနား၍နေသောကာလစေ့ပြီးမှ၊ နာဇရိလူစောင့်ရသောတရားဟူမူကား၊ သူသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့လာ၍၊
14
မီးရှို့ရာယဇ်ဖို့ အခါလည်၊ အပြစ်မပါသော သိုးသငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အခါလည်၊ အပြစ်မပါသော သိုးသငယ်အမတစ်ကောင်၊ မိတ်သဟာယယဇ်ဖို့ အပြစ်မပါသောဆိတ်တစ်ကောင်၊
15
ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တစ်တောင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာကို ထာဝရဘုရားအားဆက်ရမည်။
16
ထိုပူဇော်သကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။
17
တဆေးမဲ့မုန့်တစ်တောင်းနှင့်တကွ၊ မိတ်သဟာယယဇ်ဆိတ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာသွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ ထာဝရဘုရားအားပူဇော်ရမည်။
18
နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ မိမိခြားနားသောဦးဆံကိုရိတ်၍၊ ထိုဆံကို မိတ်သဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။
19
ခြားနားသောဦးဆံကိုရိတ်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတစ်ဖက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတစ်ပြား၊ တဆေးမဲ့မုန့်ကြွပ်တစ်ချပ်ကိုယူ၍ နာဇရိလူလက်၌ထည့်ပြီးလျှင်၊
20
ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သကာဖို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကိုသောက်ရသောအခွင့်ရှိ၏။
21
ဤရွေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလိုအလျောက် တတ်နိုင်သမျှမှတစ်ပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအားဆက်ရသော ပူဇော်သကာနှင့်ဆိုင်သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနားခြင်းတရားနှင့်အညီ ပြုရမည်ဟု မိန့်တော်မူ၏။
22
တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊
23
သင်တို့သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းချီးပေး၍ မြွက်ရသောစကားဟူမူကား၊
24
ထာဝရဘုရားသည်၊ သင့်ကိုကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။
25
ထာဝရဘုရားသည် သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။
26
ထာဝရဘုရားသည် သင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု
27
ဣသရေလအမျိုးသားတို့အပေါ်မှာ ငါ့နာမကိုမြွက်ဆို၍တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းချီးမင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36