bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 26
Numbers 26
Burmese 2021
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
1
ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊
2
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့အား မိန့်တော်မူသည်အတိုင်း၊
3
သူတို့သည် မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌၊
4
အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရမည်အကြောင်း ဆင့်ဆိုကြ၏။
5
အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သားဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေအမျိုး၊ ဖာလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊
6
ဟေဇရုံမှဆင်းသက်သော ဟေဇရောနိအဆွေအမျိုး၊ ကာမိမှဆင်းသက်သော ကာမိတ်အဆွေအမျိုးတည်း။
7
ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းသုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။
8
ဖာလု၏သားဧလျာဘ၊ ဧလျာဘ၏သားနေမွေလ၊ ဒါသန်၊ အဘိရံတည်း။
9
ဤဒါသန်၊ အဘိရံတို့သည်အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက်ပြုသောအခါ၊ ပရိသတ်၌ကျော်စော၍ မောရှေနှင့် အာရုန်ကိုဆန့်ကျင်ဘက်ပြုသော ဒါသန်၊ အဘိရံဖြစ်ကြ၏။
10
မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကိုလည်းကောင်း၊ ကောရကိုလည်းကောင်းမျိုသဖြင့်၊ ထိုအပေါင်းအသင်းဝင်သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
11
သို့ရာတွင် ကောရ၏သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
12
ဘိုးဘအဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေအမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိအဆွေအမျိုး၊ ယာခိန်မှဆင်းသက်သော ယာခိနိအဆွေအမျိုး၊
13
ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုး၊ ရှောလမှဆင်းသက်သော ရှောလိအဆွေအမျိုးတည်း။
14
ဤသူတို့သည် ရှိမောင်အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
15
ဘိုးဘအဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူကား၊ ဇေဖုန်မှဆင်းသက်သော ဇေဖောနိအဆွေအမျိုး၊ ဟဂ္ဂိမှဆင်းသက်သော ဟဂ္ဂိတ်အဆွေအမျိုး၊ ရှုနိမှဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊
16
ဩဇနိမှဆင်းသက်သော ဩဇနိတ်အဆွေအမျိုး၊ ဧရိမှဆင်းသက်သော ဧရိတ်အဆွေအမျိုး၊
17
အာရုဒ်မှဆင်းသက်သော အာရောဒိအဆွေအမျိုး၊ အရေလိမှဆင်းသက်သော အရေလိတ်အဆွေအမျိုးတည်း။
18
ဤသူတို့သည် ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးရာ ရှိသတည်း။
19
ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသောဧရနှင့် ဩနန်အစရှိသော၊
20
ဘိုးဘအဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက်သော ရှေလနိအဆွေအမျိုး၊ ဖာရဇ်မှဆင်းသက်သော ဖာရဇိအဆွေအမျိုး၊ ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုးတည်း။
21
ဖာရဇ်၏သား၊ ဟေဇရုံမှဆင်းသက်သော ဟေဇေရောနိအဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိအဆွေအမျိုးတည်း။
22
ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။
23
ဘိုးဘအဆွေအမျိုးအလိုက် ဣသခါ၏သားဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေအမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေအမျိုး၊
24
ယာရှုပ်မှဆင်းသက်သော ယာရှုဘိအဆွေအမျိုး၊ ရှိမရုန်မှဆင်းသက်သော ရှိမရောနိအဆွေအမျိုးတည်း။
25
ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းလေးထောင်သုံးရာ ရှိသတည်း။
26
ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သားဟူမူကား၊ သရက်မှဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိအဆွေအမျိုး၊ ယာလေလမှဆင်းသက်သော ယာလေလိအဆွေအမျိုးတည်း။
27
ဤသူတို့သည် ဇာဗုလုန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းငါးရာရှိသတည်း။
28
ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်
29
မနာရှေ၏သားဟူမူကား၊ မာခိရမှဆင်းသက်သော မာခိရိအဆွေအမျိုး၊
30
ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိအဆွေအမျိုး၊
31
အသရေလမှဆင်းသက်သော အာသရေလိအဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိအဆွေအမျိုး၊
32
ရှမိဒမှဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖာမှဆင်းသက်သော ဟေဖေရိအဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။
33
ဟေဖာ၏သားဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ ဇလောဖဒ်၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
34
ဤသူတို့သည် မနာရှေအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းနှစ်ထောင်ခုနစ်ရာ ရှိသတည်း။
35
ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သားဟူမူကား၊ ရှုသလမှဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိအဆွေအမျိုး၊ တာဟန်မှဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
36
ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။
37
ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ သုံးသောင်းနှစ်ထောင်ငါးရာ ရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သားစဉ်မြေးဆက် ဖြစ်သတည်း။
38
ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သားဟူမူကား၊ ဗေလမှဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရမိအဆွေအမျိုး။
39
ရှုဖံမှဆင်းသက်သော ရှုဖမိအဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။
40
ဗေလသားအာရဒမှဆင်းသက်သော အာရဒိအဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိအဆွေအမျိုးတည်း။
41
ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား လေးသောင်းငါးထောင်ခြောက်ရာ ရှိသတည်း။
42
ဘိုးဘအဆွေအမျိုးအလိုက် ဒန်၏သားဟူမူကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုးဖြစ်၍၊
43
စာရင်းဝင်သောရှုဟမိလူပေါင်းကား၊ ခြောက်သောင်းလေးထောင်လေးရာ ရှိသတည်း။
44
ဘိုးဘအဆွေအမျိုးအလိုက် အာရှာ၏သားဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိတ်အဆွေအမျိုး၊ ဗေရိမှဆင်းသက်သော ဗေရိတ်အဆွေအမျိုးတည်း။
45
ဗေရိ၏သားဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေအမျိုး၊ မာလချေလမှဆင်းသက်သော မာလချေလိအဆွေအမျိုးတည်း။
46
အာရှာ၏သမီးအမည်ကား၊ စာရာတည်း။
47
ဤသူတို့သည်အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။
48
ဘိုးဘအဆွေအမျိုးအလိုက် နဿလိ၏သားဟူမူကား၊ ယာဇေလမှဆင်းသက်သော ယာဇေလိအဆွေအမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊
49
ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ရှိလ္လင်မှဆင်းသက်သော ရှိလ္လမိအဆွေအမျိုးတည်း။
50
ဤသူတို့သည် နဿလိအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးထောင်လေးရာ ရှိသတည်း။
51
ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်းတစ်ထောင်ခုနစ်ရာသုံးဆယ် ရှိသတည်း။
52
ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊ ခါနန်ပြည်ကိုဝေရမည်။
54
လူများလျှင်များသောအမွေမြေကိုလည်းကောင်း၊ လူနည်းလျှင် နည်းသော အမွေမြေကိုလည်းကောင်း၊ အနည်းအများအလိုက် အသီးအသီးတို့အား အမွေမြေကိုဝေပေးရမည်။
55
သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
56
စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်းအများအလိုက် ပိုင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
57
ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သားဟူမူကား၊ ဂေရရှုန်မှဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။
58
ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏သားကား၊ အာမရံတည်း။
59
အာမရံ၏မယားကား၊ အဲဂုတ္တုပြည်၌ လေဝိမယားဖွားမြင်သော လေဝိ၏သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကိုဖွားမြင်လေ၏။
60
အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
61
နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။
62
အသက်တစ်လလွန်၍ စာရင်းဝင်သော လေဝိသားယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍စာရင်း မဝင်ရကြ။
63
ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌စာရင်းယူသော ဣသရေလအမျိုးသားပေတည်း။
64
မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ဝင်သောသူ တစ်ယောက်မျှမပါ။
65
အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန်သေရကြမည်ဟု ထာဝရဘုရားမိန့်တော်မူပြီ။ ယေဖုန္နာ၏သားကာလက်နှင့် နုန်၏သားယောရှုမှတစ်ပါး၊ အရင်လူတစ်ယောက်မျှ မကြွင်းမကျန်ရ။
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36