bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Numbers 10
Numbers 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
1
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား
2
သင်သည် ပရိသတ်စည်းဝေးစေခြင်းငှာလည်းကောင်း၊ တပ်တို့ကိုချီစေခြင်းငှာလည်းကောင်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံးကို၊ တစ်လုံးလျှင် ငွေတစ်တုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
3
တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌စည်းဝေးရကြမည်။
4
တံပိုးတစ်လုံးတည်းကိုမှုတ်လျှင်၊ ဣသရေလအမျိုး၌ လူတစ်ထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌စည်းဝေးရကြမည်။
5
နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့သည် ချီသွားရကြမည်။
6
ဒုတိယအကြိမ် နှိုးဆော်သံနှင့်မှုတ်သောအခါ၊ တောင်တပ်တို့သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ် နှိုးဆော်သံနှင့်မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းငှာ နှိုးဆော်သံနှင့်မှုတ်ရမည်။
7
ပရိသတ်စည်းဝေးစေခြင်းငှာ နှိုးဆော်သံကိုမပြုဘဲ တံပိုးမှုတ်ရမည်။
8
အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကိုမှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။
9
သင်တို့သည် ကိုယ်ပြည်၌နေသောအခါ၊ တိုက်လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုးမှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့၍၊ ရန်သူလက်မှကယ်တင်တော်မူမည်။
10
သင်တို့သည် ရွှင်လန်းခြင်းကိုပြုသောနေ့၊ ပွဲသဘင်နေ့၊ လဆန်းနေ့တို့၌ သင်တို့ဘုရားသခင်အောက်မေ့တော်မူဖို့ရာ၊ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ပူဇော်သကာများအပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
11
ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက်သောနေ့ရက်၌၊ မိုးတိမ်သည် သက်သေခံချက်တဲတော်မှ ကွာမြောက်သည်ဖြစ်၍၊
12
ဣသရေလအမျိုးသားတို့သည် သိနာတောင်မှခရီးသွားကြ၏။ နောက်တစ်ဖန် မိုးတိမ်သည် ပါရန်တော၌တည်နေ၏။
13
ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပထမခရီးသွားခြင်းကို ပြုကြ၏။
14
ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန် အုပ်ရ၏။
15
ဣသခါတပ်ကို၊ ဇုအာသားနာသနေလ အုပ်၏။
16
ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘ အုပ်ရ၏။
17
တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကိုထမ်းလျက် ချီသွားကြ၏။
18
ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသားဧလိဇုရ အုပ်ရ၏။
19
ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလ အုပ်ရ၏။
20
ဂဒ်တပ်ကို ဒွေလသားဧလျာသပ် အုပ်ရ၏။
21
ကောဟတ်သားတို့သည် သန့်ရှင်းရာဌာနတန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မီ အရင်သွားသောသူတို့သည် တဲတော်ကို ထူထောင်ရကြ၏။
22
ဧဖရိမ်တပ် အစဉ်အတိုင်းအလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ်သားဧလိရှမာ အုပ်ရ၏။
23
မနာရှေတပ်ကို ပေဒါဇုရသားဂါမလျေလ အုပ်ရ၏။
24
ဗင်္ယာမိန်တပ်ကို ဂိဒေါနိသားအဘိဒန် အုပ်ရ၏။
25
နောက်ဆုံးတပ်တည်းဟူသော ဒန်တပ် အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသားအဟေဇာ အုပ်ရ၏။
26
အာရှာတပ်ကို ဩကရန်သားပါဂျေလ အုပ်ရ၏။
27
နဿလိတပ်ကို ဧနန်သားအဟိရ အုပ်ရ၏။
28
ထိုသို့ဣသရေလအမျိုးသားတို့သည် ချီသွားသောအခါ တပ်များအစဉ်အတိုင်းချီ၍ ခရီးသွားကြ၏။
29
မောရှေကလည်း၊ ထာဝရဘုရားသည် ကတိတော်အတိုင်း ငါတို့အားပေးတော်မူမည်အရပ်သို့ ငါတို့သည် ယခုခရီးသွားကြ၏။ ငါတို့နှင့်အတူ လိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ကတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
30
ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာသို့ ပြန်သွားပါမည်ဟု မောရှေအားဆို၏။
31
မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍မသွားပါနှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ်ရပါ၏။
32
ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကို ငါတို့သည်ခံရသည်အတိုင်း သင်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
33
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဖို့ စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။
34
သူတို့သည် နေ့အချိန်၌တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုးတိမ်သည် သူတို့အပေါ်မှာရှိလေ၏။
35
သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရားထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှပြေးကြပါစေသော ဟူ၍လည်းကောင်း၊
36
သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အိုထာဝရဘုရား၊ ဣသရေလအမျိုးသား အထောင်အသောင်းရှိရာသို့ ပြန်လာတော်မူပါဟူ၍လည်းကောင်း လျှောက်ဆိုလေ့ရှိ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36