bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 10
Nehemiah 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
တံဆိပ်ခတ်ရာတွင် ပါဝင်သောသူများမှာ ဟာခလိ၏သား ဘုရင်ခံနေဟမိနှင့် ဇေဒကိ၊
2
စရာယ၊ အာဇရိ၊ ယေရမိ၊
3
ပါရှုရ၊ အာမရိ၊ မာလခိယ၊
4
ဟတ္တုတ်၊ ရှေဗနိ၊ မလ္လုတ်၊
5
ဟာရိမ်၊ မေရမုတ်၊ ဩဗဒိ၊
6
ဒံယေလ၊ ဂိန္နေသုန်၊ ဗာရုတ်၊
7
မေရှုလံ၊ အဘိယ၊ မိယာမိန်၊
8
မာဇိ၊ ဗိလဂဲ၊ ရှေမာယ တို့ဖြစ်ကြ၏။ ဤသူတို့သည် ယဇ်ပုရောဟိတ်များဖြစ်ကြ၏။
9
ထို့ပြင် လေဝိအမျိုးဖြစ်သော အာဇနိ၏သား ယေရွှာ၊ ဟေနဒဒ်အမျိုးအနွယ်မှ ဗိနွိ၊ ကပ်မျေလ တို့လည်းပါ၏။
10
သူတို့၏ညီအစ်ကိုများဖြစ်သော ရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာယ၊ ဟာနန်၊
11
မိက္ခာ၊ ရဟောဘ၊ ဟာရှဘိ၊
12
ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊
13
ဟောဒိယ၊ ဗာနိ၊ ဗေနိနု တို့လည်းပါဝင်၏။
14
လူထုအကြီးအမှူးများဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇတ္တု၊ ဗာနိ၊
15
ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊
16
အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊
17
အာတာ၊ ဟေဇကိ၊ အဇ္ဇုရ၊
18
ဟောဒိယ၊ ဟာရှုံ၊ ဗေဇဲ၊
19
ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊
20
မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊
21
မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊
22
ပေလတိ၊ ဟာနန်၊ အနာယ၊
23
ဟောရှေ၊ ဟာနနိယ၊ ဟာရှုပ်၊
24
ဟာလောဟက်၊ ပိလဟ၊ ရှောဗက်၊
25
ရေဟုံ၊ ဟာရှဗန၊ မာသေယ၊
26
အဟိယ၊ ဟာနန်၊ အာနန်
27
မလ္လုတ်၊ ဟာရိမ်နှင့် ဗာနာ တို့လည်းပါဝင်၏။
28
ကျန်ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များ၊ ဗိမာန်တော်အစေခံများ၊ ဘုရားသခင်၏ပညတ်တရားအတွက် ထိုပြည်သူပြည်သားတို့နှင့်ကင်းရှင်းစွာနေသောသူအပေါင်းနှင့် သူတို့၏မယားများ၊ သားသမီးများ၊ သိနားလည်သောသူအပေါင်းတို့သည်
29
သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။
30
ငါတို့၏သမီးပျိုများကို ထိုပြည်သားတို့နှင့်မပေးစား။ သူတို့၏သမီးပျိုများကိုလည်း ငါတို့၏သားများနှင့်မစုံဖက်စေပါ။
31
ထိုပြည်သားတို့သည် ဥပုသ်နေ့တွင် ကုန်ပစ္စည်းများနှင့် အစားအစာများကို လာရောက်ရောင်းချပါက ဥပုသ်နေ့ဖြစ်စေ၊ သန့်ရှင်းသောနေ့ဖြစ်စေ ထိုနေ့တို့တွင် သူတို့ထံမှ ငါတို့ဝယ်မည်မဟုတ်။ ငါတို့သည် ခုနစ်နှစ်မြောက်သောနှစ်၌ သီးနှံမစိုက်၊ လက်ဝယ်ရှိ အကြွေးအားလုံးကိုလည်း လျှော်ပစ်မည်ဟု အတူတကွ တိုင်တည်ကျိန်ဆိုကြ၏။
32
ထို့ပြင် ငါတို့ဘုရားသခင့်အိမ်တော်၏အမှုတော်လုပ်ငန်းအတွက် တစ်နှစ်လျှင် တစ်ယောက်ကို တစ်ရှယ်ကယ်၏သုံးပုံတစ်ပုံ ပေးလှူပါမည်။
33
ရှေ့တော်မုန့်၊ ပုံမှန်ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောဓမ္မပွဲတော်၊ သန့်ရှင်းသောအသုံးအဆောင်များ၊ အစ္စရေးလူမျိုးတို့အပြစ်ဖြေရန်အတွက် အပြစ်ဖြေရာယဇ်များနှင့် ဘုရားသခင့်အိမ်တော်၏အမှုအလုံးစုံတို့အတွက် ပေးလှူပါမည်ဟူသော ပညတ်ချက်ကို ချမှတ်၏။
34
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။
35
မြေထွက်ကောက်ပဲသီးနှံ၏အသီးဦးများနှင့် သီးစားပင်ရှိသမျှတို့မှ အသီးဦးရှိသမျှတို့ကိုလည်း ထာဝရဘုရား၏အိမ်တော်သို့ နှစ်စဉ် ယူဆောင်လာပါမည်။
36
ပညတ်တရားကျမ်းတွင် ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏သားဦးများနှင့် တိရစ္ဆာန်သားဦးများ၊ သိုးအုပ်နွားအုပ်ထဲမှ အဦးဆုံးမွေးသောအကောင်တို့ကို ဘုရားသခင်၏အိမ်တော်၌အမှုတော်ဆောင်ရွက်သောသူများဖြစ်သည့် ယဇ်ပုရောဟိတ်တို့ရှိရာ ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာပါမည်။
37
အဦးဆုံးမုန့်ညက်၊ အလှူပစ္စည်း၊ သစ်သီးအမျိုးမျိုး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုလည်း ဘုရားသခင်၏အိမ်တော်ခန်းရှိ ယဇ်ပုရောဟိတ်ထံသို့ယူဆောင်လာပါမည်။ လေဝိအမျိုးတို့သည် မြို့ရွာတိုင်းမှာ စိုက်ပျိုးသောသီးနှံတို့၏ဆယ်ဖို့တစ်ဖို့ကို ရထိုက်သူများဖြစ်သောကြောင့် မြေထွက်သီးနှံ၏ဆယ်ဖို့တစ်ဖို့ကိုလည်း လေဝိအမျိုးတို့ထံ ယူဆောင်လာပါမည်။
38
လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။
39
အစ္စရေးလူမျိုးတို့နှင့် လေဝိအမျိုးတို့သည် အလှူပစ္စည်းများဖြစ်သည့် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို သိုလှောင်တိုက်သို့ ယူဆောင်လာရမည်။ ထိုနေရာတွင် သန့်ရှင်းရာဌာန၏တန်ဆာပလာများ ထားရှိ၍ အမှုတော်ထမ်းဆောင်သောယဇ်ပုရောဟိတ်များ၊ တံခါးစောင့်များ၊ သီချင်းသည်များ နေကြ၏။ ငါတို့ဘုရားသခင်၏အိမ်တော်ကို ငါတို့စွန့်ပစ်ထားမည်မဟုတ်ဟု ဝန်ခံကတိပြုကြ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13