bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 5
Nehemiah 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
1
ထို့နောက်တွင် ယောက်ျားများနှင့်သူတို့၏မိန်းမတို့သည် သူတို့၏ညီအစ်ကိုချင်းဂျူးလူမျိုးတို့အား အကြီးအကျယ်အော်ဟစ်ကြိမ်းမောင်းကြလျက်
2
အချို့က “ငါတို့၌ သားသမီးအများရှိ၏။ ငါတို့စား၍ အသက်ရှင်ဖို့ ကောက်ပဲသီးနှံများ လို၏”ဟု ဆိုကြ၏။
3
အချို့ကလည်း “ငါတို့သည် ငတ်မွတ်ခေါင်းပါးချိန်၌ ကောက်ပဲသီးနှံရဖို့ ငါတို့၏လယ်များ၊ စပျစ်ခြံများ၊ အိမ်များကို ပေါင်ထားကြပြီ”ဟု ဆိုကြ၏။
4
အချို့ကလည်း “ငါတို့၏လယ်များ၊ စပျစ်ခြံများအတွက် ဘုရင့်ထံအခွန်ဆောင်ဖို့ ငွေချေးကြရပြီ။
5
စင်စစ် ငါတို့နှင့် ငါတို့ညီအစ်ကိုတို့သည် တစ်သွေးတစ်သားတည်းဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီး ဖြစ်၏။ သို့ရာတွင် ကိုယ့်သားသမီးများကို အတင်းအကျပ်ကျွန်ခံစေရတော့မည်။ ငါတို့သမီးအချို့ပင် ကျွန်ခံနေရပြီ။ ငါတို့လယ်မြေနှင့်စပျစ်ခြံများ အခြားသူလက်သို့ ရောက်သွားပြီဖြစ်၍ ယခုမူ ငါတို့ မည်သို့မျှမတတ်နိုင်”ဟု ဆိုကြ၏။
6
ထိုသို့ သူတို့အော်ဟစ်ပြောဆိုသောစကားများကို ကြားသောအခါ ငါအလွန်အမျက်ထွက်၏။
7
ထိုအကြောင်းကို သေချာတွေးဆကြည့်ပြီးမှ ငါက ခေါင်းဆောင်များ၊ ကြီးကြပ်သူများအား “သင်တို့သည် ကိုယ့်အမျိုးသားချင်းကိုပင် အတိုးစားသူများဖြစ်ကြပါသည်တကား”ဟု ပြစ်တင်ပြောဆိုလျက် အစည်းအဝေးကြီးကို ခေါ်၍
8
သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။
9
ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
10
ငါနှင့် ငါ့ညီအစ်ကိုများ၊ ငါ့လူများသည်လည်း ငွေနှင့်ကောက်ပဲသီးနှံများကို ချေးပေး၏။ ဤသို့ အတိုးစားခြင်းအမှုကို ရပ်တန်းကရပ်ကြပါစို့။
11
ယခုပင် သူတို့၏လယ်များ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ အိမ်များနှင့် သူတို့ထံမှယူထားသော ငွေ၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီတို့၏အတိုးများကို ပြန်ပေးကြလော့”ဟု သူတို့အား ပြော၏။
12
သူတို့ကလည်း “အကျွန်ုပ်တို့ ပြန်ပေးပါမည်။ သူတို့ထံမှ ထပ်မတောင်းတော့ပါ။ သင်ဆိုသည့်အတိုင်း ပြုပါမည်”ဟု ဆိုကြသဖြင့် ငါသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ ထိုသူတို့အား သူတို့၏ကတိအတိုင်းပြုရန် ကျိန်ဆိုစေ၏။
13
ထို့နောက် ငါသည် ခါးပိုက်ကိုခါပြပြီး “ဘုရားသခင်သည် ဤကတိကို ဖောက်ဖျက်သောသူအား သူ့အိမ်၊ သူပိုင်ဆိုင်သမျှတို့မှ ဤသို့ခါထုတ်တော်မူပါစေသော။ ထိုသူသည် ဘာမျှမကျန် ခါထုတ်ခြင်းခံရပါစေသော”ဟု ဆိုလျှင် လူစုလူဝေးအပေါင်းတို့က “အာမင်”ဟု ဆိုလျက် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ ကတိအတိုင်းလည်း သူတို့ပြုကြ၏။
14
အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မှ သုံးဆယ့်နှစ်နှစ်အထိ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ငါသည် ယုဒပြည်၌ ဘုရင်ခံအဖြစ် ခန့်အပ်ခံရသောအချိန်တွင်လည်း ငါနှင့်ငါ့ညီအစ်ကိုတို့သည် ဘုရင်ခံရိက္ခာကို မစားပေ။
15
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ် အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
16
ငါသည် မြို့ရိုးကိုသာ ကြိုးစားပြီး ပြန်လည်ပြုပြင်တည်ဆောက်၏။ ငါတို့သည် မြေကိုမဝယ်။ ငါ့လက်အောက်ငယ်သားတို့သည်လည်း မြို့ရိုးတည်ဆောက်ခြင်းအမှု၌ ဝိုင်းဝန်းကူညီကြ၏။
17
ဂျူးလူမျိုးများနှင့် ကြီးကြပ်သူတစ်ရာ့ငါးဆယ်အပါအဝင် ဝန်းကျင်မှရောက်လာသောလူမျိုးခြားများကိုလည်း ငါ့စားပွဲတွင် ငါကျွေးမွေး၏။
18
ထိုအတွက် နေ့တိုင်း နွားတစ်ကောင်၊ ဆူဖြိုးသောသိုးခြောက်ကောင်နှင့် ကြက်ငှက်များကို ပြင်ဆင်ပေးရ၏။ စပျစ်ဝိုင်အမျိုးမျိုးကိုလည်း ဆယ်ရက်တစ်ခါ အလျှံအပယ်ချပေး၏။ ထိုမျှကုန်သော်လည်း ငါသည် ဘုရင်ခံရထိုက်သောရိက္ခာကို လုံးဝမတောင်း။ အကြောင်းမှာ ဤအမှုသည် ပြည်သူပြည်သားတို့အတွက် ဝန်ထုပ်ဖြစ်လှ၏။
19
အို အကျွန်ုပ်၏ဘုရားသခင်၊ ဤလူမျိုးအတွက် အကျွန်ုပ်ပြုသောကောင်းမှုအလုံးစုံကို သတိရတော်မူပါ။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13