bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 12
Nehemiah 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
1
ရှာလသေလ၏သား ဇေရုဗဗေလ၊ ယေရွှာတို့နှင့်အတူပြန်လိုက်လာသော ယဇ်ပုရောဟိတ်များနှင့်လေဝိအမျိုးများမှာ စရာယ၊ ယေရမိ၊ ဧဇရ၊
2
အာမရိ၊ မလ္လုတ်၊ ဟတ္တုတ်၊
3
ရှေခနိ၊ ရေဟုံ၊ မေရမုတ်၊
4
ဣဒေါ၊ ဂိန္နေသုန်၊ အဘိယ၊
5
မိယာမိန်၊ မာဒိယ၊ ဗိလဂ၊
6
ရှေမာယ၊ ယောယရိပ်၊ ယေဒါယ၊
7
သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယ တို့ဖြစ်ကြ၏။ ဤသူတို့သည် ယေရွှာလက်ထက်၌ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် သူတို့၏ဆွေမျိုးသားချင်းများ ဖြစ်ကြ၏။
8
လေဝိအမျိုးများတွင် ယေရွှာ၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ မတ္တနိတို့ ဖြစ်ကြ၏။ မတ္တနိသည် မိမိညီအစ်ကိုများနှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းကို ဦးဆောင်သူဖြစ်၏။
9
သူတို့၏ညီအစ်ကို ဗာကဗုကိနှင့် ဥန္နိသည် သူတို့နှင့်မျက်နှာချင်းဆိုင်နေရာတွင် အမှုဆောင်ရ၏။
10
ယေရွှာ၏သားမှာ ယောယကိမ်၊ ယောယကိမ်၏သားမှာ ဧလျာရှိပ်၊ ဧလျာရှိပ်၏သားမှာယောယဒ၊
11
ယောယဒ၏သားမှာ ယောနသန်၊ ယောနသန်၏သားမှာ ယာဒွါ ဖြစ်၏။
12
ယောယကိမ်လက်ထက်၌ အိမ်ထောင်စုအကြီးအမှူးယဇ်ပုရောဟိတ်များမှာ စရာယအမျိုးမှ မေရာယ၊ ယေရမိအမျိုးမှ ဟာနနိယ၊
13
ဧဇရအမျိုးမှ မေရှုလံ၊ အာမရိအမျိုးမှ ယေဟောဟနန်၊
14
မလ္လုတ်အမျိုးမှ ယောနသန်၊ ရှေဗနိအမျိုးမှ ယောသပ်၊
15
ဟာရိမ်အမျိုးမှ အာဒန၊ မေရာယုတ်အမျိုးမှ ဟေလကဲ၊
16
ဣဒေါအမျိုးမှ ဇာခရိ၊ ဂိန္နေသုန်အမျိုးမှ မေရှုလံ၊
17
အဘိယအမျိုးမှ ဇိခရိ၊ မိညာမိန်အမျိုး၊ မာဒျာအမျိုးမှ ပိလတဲ၊
18
ဗိလဂအမျိုးမှ ရှမွာ၊ ရှေမာယအမျိုးမှ ယေဟောနသန်၊
19
ယောယရိပ်အမျိုးမှ မတ္တနဲ၊ ယေဒါယအမျိုးမှ ဩဇိ၊
20
သလ္လဲအမျိုးမှ ကာလဲ၊ အာမောက်အမျိုးမှ ဧဗာ၊
21
ဟိလခိအမျိုးမှ ဟာရှဘိ၊ ယေဒါယအမျိုးမှ နာသနေလ တို့ဖြစ်ကြ၏။
22
ပါးရှားဘုရင် ဒါရိမင်းကြီးလက်ထက်၊ ယဇ်ပုရောဟိတ် ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့အမှုတော်ထမ်းချိန်တွင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးများနှင့် ယဇ်ပုရောဟိတ်တို့၏အမည်ကို မှတ်တမ်းတင်ထားကြ၏။
23
ဧလျာရှိပ်၏သား ယောဟနန်လက်ထက်တိုင်အောင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးတို့၏အမည်ကို ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားကြ၏။
24
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
25
မတ္တနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည် သိုလှောင်ခန်းတံခါးတွင်စောင့်ကြပ်သော တံခါးစောင့်များဖြစ်ကြ၏။
26
ဤသူတို့သည် ယောဇဒက်၏မြေး၊ ယေရွှာ၏သား ယောယကိမ်လက်ထက်၊ ဘုရင်ခံနေဟမိနှင့် ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရတို့ခေတ်တွင် အမှုတော်ကို ထမ်းဆောင်သူများဖြစ်ကြ၏။
27
ဂျေရုဆလင်မြို့ရိုးဆက်ကပ်ပွဲကျင်းပရာတွင် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်တို့ကိုတီးမှုတ်၍ ဝမ်းမြောက်စွာ ကျေးဇူးတော်ချီးမွမ်းသီဆိုလျက် ဆက်ကပ်ပွဲကိုကျင်းပနိုင်ရန် လေဝိအမျိုးတို့ကိုရှာ၍ သူတို့နေထိုင်ရာအရပ်ရပ်မှ ဂျေရုဆလင်မြို့သို့ လာရောက်စေ၏။
28
သီချင်းသည်သားမြေးတို့သည် အတူတကွစုဝေးကြပြီး ဂျေရုဆလင်မြို့ဝန်းကျင်ရှိဒေသနှင့် နေတောဖာသိမြို့ရွာများမှလည်းကောင်း၊
29
ဂိလဂါလမြို့နှင့် ဂေဗ၊ အာဇမာဝက်နယ် တို့မှလည်းကောင်း ရောက်လာကြ၏။ သီချင်းသည်တို့သည် ဂျေရုဆလင်မြို့ဝန်းကျင်တွင် မိမိတို့နေထိုင်ရန် မြို့ရွာများကို တည်ဆောက်ထားကြ၏။
30
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်စင်ကြယ်စေပြီးမှ လူထုများ၊ မြို့တံခါးများနှင့် မြို့ရိုးကို စင်ကြယ်စေကြ၏။
31
ထို့နောက် ငါသည် ယုဒအကြီးအကဲတို့ကို မြို့ရိုးပေါ်သို့ တက်သွားစေ၏။ ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ကြီးကိုလည်း နှစ်ဖွဲ့ခွဲထား၍ တစ်ဖွဲ့ကို နောက်ချေးပုံတံခါးဘက်သို့ဦးတည်၍ မြို့ရိုးပေါ်တွင် လက်ယာရစ်စီတန်းသွားစေ၏။
32
သူတို့နောက်တွင် ဟောရှာယနှင့် ယုဒအကြီးအကဲတစ်ဝက် လိုက်ကြ၏။
33
အာဇရိ၊ ဧဇရ၊ မေရှုလံ၊
34
ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိ တို့လည်းပါ၏။
35
သူတို့နောက်တွင် ယဇ်ပုရောဟိတ်သားမြေးအချို့သည် တံပိုးခရာမှုတ်၍လိုက်ကြ၏။ ထိုသူတို့မှာ အာသပ်၏သား ဇက္ကုရ၊ ဇက္ကုရ၏သား မိက္ခာယ၊ မိက္ခာယ၏သား မတ္တနိ၊ မတ္တနိ၏သား ရှေမာယ၊ ရှေမာယ၏သား ယောနသန်၊ ယောနသန်၏သား ဇာခရိနှင့်
36
သူ၏ညီအစ်ကိုများဖြစ်သော ရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနနိ တို့သည်လည်း ဘုရားသခင်၏လူဒါဝိဒ်၏ဂီတတူရိယာမျိုးကို တီးမှုတ်၍ လိုက်ကြ၏။ သူတို့ကို ကျမ်းပြုဆရာဧဇရက ဦးဆောင်သွား၏။
37
သူတို့သည် စမ်းရေတွင်းတံခါးဝသို့ရောက်သောအခါ ဒါဝိဒ်မြို့အတက်လမ်းအတိုင်း မြို့ရိုးရှိရာသို့တက်သွားပြီး ဒါဝိဒ်နန်းတော်အထက်ရေတံခါးမှ အရှေ့ဘက်သို့ သွားကြ၏။
38
ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ နောက်တစ်ဖွဲ့သည် လက်ဝဲဘက်သို့လှည့်လည်စီတန်းသွား၏။ ငါနှင့်လူထုတစ်ဝက်သည် မြို့ရိုးပေါ်တွင် သူတို့နောက်မှလိုက်၍ မီးခိုးခေါင်းတိုင်ကိုဖြတ်ပြီး မြို့ရိုးကျယ်အထိ သွားကြ၏။
39
ထိုမှ ဧဖရိမ်တံခါး၊ ယေရှနတံခါး ၊ ငါးတံခါး၊ ဟာနနေလရဲတိုက်၊ မေအာရဲတိုက်၊ သိုးတံခါး တို့ကိုဖြတ်၍ ထောင်တံခါးသို့ရောက်သောအခါ ရပ်ကြ၏။
40
ထို့နောက် ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့နှစ်ဖွဲ့သည် ဘုရားသခင်၏အိမ်တော်ထဲတွင် ရပ်နေကြ၏။ ငါနှင့် ကြီးကြပ်သူတစ်ဝက်လည်း ပါ၏။
41
တံပိုးခရာမှုတ်သူ ယဇ်ပုရောဟိတ်ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိယ တို့နှင့်
42
မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယေဟောဟနန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့လည်းပါ၏။ ယေဇရာဟိကြီးကြပ်သော သီချင်းသည်အဖွဲ့သည် ကျယ်လောင်စွာသီချင်းဆိုကြ၏။
43
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။
44
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။
45
ယဇ်ပုရောဟိတ်များနှင့် လေဝိသားများသည် ဘုရားသခင်၏အမှု၊ စင်ကြယ်ခြင်းအမှုတို့ကို ဆောင်ရွက်ပေးကြ၏။ သီချင်းသည်များ၊ တံခါးစောင့်များလည်း ဒါဝိဒ်မင်းကြီးနှင့် သားတော်ရှောလမုန်မင်းကြီးတို့ စီစဉ်ချမှတ်ထားခဲ့သည့်အတိုင်းပြုကြ၏။
46
အကြောင်းမူကား ရှေးယခင် ဒါဝိဒ်မင်းကြီးနှင့်အာသပ်လက်ထက်ကပင် ဘုရားသခင်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းသီဆိုသော သီချင်းသည်များကို ဦးဆောင်ပေးသောသူများရှိခဲ့၏။
47
ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13