bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 3
Nehemiah 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့် သူ၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့ကလည်း သိုးတံခါးကို ပြန်လည်တည်ဆောက်၍ ဆက်ကပ်ကြပြီး တံခါးရွက်များကို တပ်ဆင်ကြ၏။ မေအာရဲတိုက်အထိ၊ ထိုမှ ဟာနနေလရဲတိုက်အထိ မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး ဆက်ကပ်ကြ၏။
2
သူတို့ဘေးတွင် ဂျေရိခေါမြို့သားတို့ တည်ဆောက်ပြီး ထိုမှဆက်၍ ဣမရိ၏သားဇက္ကုရ တည်ဆောက်၏။
3
ဟသေနသားမြေးတို့သည် ငါးတံခါးကို ပြန်လည်တည်ဆောက်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
4
သူတို့၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ် ပြုပြင်၏။ သူ၏ဘေးတွင် မေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံ ပြုပြင်၏။ သူ၏ဘေးတွင် ဗာနာ၏သားဇာဒုတ် ပြုပြင်၏။
5
သူ၏ဘေးတွင် တေကောမြို့သားတို့ ပြုပြင်ကြ၏။ သို့သော် သူတို့၏ခေါင်းဆောင်တို့သည် သခင်စေခိုင်းသည်ကို မထမ်းဆောင်လိုကြပေ။
6
ပါသာ၏သားယောယဒနှင့် ဗေသောဒေယ၏သားမေရှုလံတို့သည် ယေရှနတံခါး ကို ပြုပြင်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
7
သူတို့၏ဘေးတွင် ဂိဗောင်မြို့သားမေလတိ၊ မေရောနုတ်မြို့သားယာဒုန်နှင့်တကွ ဂိဗောင်မြို့သားများ၊ မိဇပါမြို့သားများသည် ဘုရင်ခံအုပ်ချုပ်သော ယူဖရေးတီးမြစ် အနောက်ဘက်အထိ ပြုပြင်ကြ၏။
8
သူတို့၏ဘေးတွင် ဟာဟာယ၏သား ပန်းထိမ်ဆရာဩဇေလ ပြုပြင်၏။ သူ၏ဘေးတွင် အမွှေးနံ့သာဖော်ဆရာဟာနနိယ ပြုပြင်၏။ သူတို့သည် ဂျေရုဆလင်မြို့ရိုးကို မြို့ရိုးကျယ်အထိ ပြုပြင်ကြ၏။
9
သူတို့၏ဘေးတွင် ဟုရ၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူ ရေဖာယ ပြုပြင်၏။
10
သူ၏ဘေးတွင် ဟာရုမပ်၏သားယေဒါယသည် သူ၏အိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်၏။ သူ၏ဘေးတွင် ဟာရှဗနိ၏သားဟတ္တုတ် ပြုပြင်၏။
11
ဟာရိမ်၏သားမာလခိယနှင့် ပါဟတ်မောဘ၏သားဟာရှုပ်တို့သည် မြို့ရိုးနောက်တစ်ပိုင်းနှင့် မီးခိုးခေါင်းတိုင်ကို ပြုပြင်ကြ၏။
12
သူတို့၏ဘေးတွင် ဟာလောဟက်၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံနှင့် သူ၏သမီးများ ပြုပြင်ကြ၏။
13
ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ချိုင့်ဝှမ်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်ကြ၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။ နောက်ချေးပုံတံခါးတိုင်အောင် မြို့ရိုးအတောင်တစ်ထောင် ကို ပြုပြင်ကြ၏။
14
ဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရသူ၊ ရေခပ်၏သားမာလခိယသည် နောက်ချေးပုံတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်တို့ကို တပ်ဆင်၏။
15
ကောလဟောဇ၏သား မိဇပါနယ်ကိုအုပ်ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ အမိုးမိုး၍ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်၏။ ရှင်ဘုရင်၏ဥယျာဉ်တော်နားရှိ ရှိလောင်ရေကန်နှင့်ကပ်လျက်မြို့ရိုးကို ဒါဝိဒ်မြို့မှဆင်းလာသောလှေကားအထိ ပြုပြင်၏။
16
သူ၏ဘေးတွင် အာဇဗုတ်၏သား ဗက်ဇုရနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူနေဟမိသည် ဒါဝိဒ်၏သင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်မှစ၍ တူးထားသောရေကန်အထိ၊ ထိုမှ စစ်သူရဲနေအိမ်အထိ ပြုပြင်၏။
17
သူ၏ဘေးတွင် လေဝိအမျိုး ဗာနိ၏သားရေဟုံ ပြုပြင်၏။ သူ၏ဘေးတွင် ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာရှဘိသည် သူ့နယ်နှင့်ဆိုင်သောအပိုင်းကို ပြုပြင်၏။
18
သူ၏ဘေးတွင် သူတို့၏ညီအစ်ကိုဖြစ်သော ဟေနဒဒ်၏သား ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဗာဝဲ ပြုပြင်၏။
19
သူ၏ဘေးတွင် ယေရွှာ၏သား မိဇပါနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူ ဧဇာသည် လက်နက်တိုက်သို့တက်သွားရာလမ်းနှင့်မျက်နှာချင်းဆိုင် ထောင့်ချိုးအထိ ပြုပြင်၏။
20
သူ၏ဘေးတွင် ဇဗ္ဗဲ၏သားဗာရုတ်သည် နောက်တစ်ပိုင်းဖြစ်သည့် မြို့ရိုးထောင့်မှစ၍ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ်တံခါးဝအထိ အားကြိုးမာန်တက်ပြုပြင်၏။
21
သူ၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ်တံခါးဝမှ ဧလျာရှိပ်၏အိမ်အစွန်းပိုင်းအထိ ပြုပြင်၏။
22
သူ၏ဘေးတွင် အနီးဝန်းကျင်ရှိယဇ်ပုရောဟိတ်တို့ ပြုပြင်ကြ၏။
23
သူတို့၏ဘေးတွင် ဗင်္ယာမိန်နှင့်ဟာရှုပ်သည် မိမိတို့၏အိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်ကြ၏ ။ ထိုမှဆက်၍ အာနနိ၏မြေး၊ မာသေယ၏သားအာဇရိသည် မိမိအိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်၏။
24
သူ၏ဘေးတွင် ဟေနဒဒ်၏သားဗိနွိသည် နောက်တစ်ပိုင်းဖြစ်သော အာဇရိအိမ်မှကွေ့၍ ထောင့်ချိုးအထိ ပြုပြင်၏။
25
ဥဇဲ၏သားပါလလသည် ထောင့်ချိုးနှင့်မျက်နှာချင်းဆိုင်အပိုင်းနှင့် ထောင်ဝင်းအနီး ဘုရင့်အထက်နန်းတော်ရှိ ထိုးထွက်နေသောမျှော်စင်ကို ပြုပြင်၏။ သူ၏ဘေးတွင် ပါရုတ်၏သားပေဒါယ ပြုပြင်၏။
26
ဩဖေလအရပ်၌နေထိုင်သောဗိမာန်တော်အစေအပါးတို့သည် မျက်နှာချင်းဆိုင်ရှိအရှေ့ဘက်ရေတံခါးမှ ထိုးထွက်နေသောမျှော်စင်အထိ ပြုပြင်ကြ၏။
27
သူတို့၏ဘေးတွင် တေကောမြို့သားတို့သည် ထိုးထွက်နေသောမျှော်စင်ကြီးမှ ဩဖေလတံတိုင်းအထိ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်ကြ၏။
28
မြင်းတံခါးအထက်ဘက်တွင်မူ ယဇ်ပုရောဟိတ်တို့သည် မိမိတို့အိမ်ရှေ့တွင် အသီးသီး ပြုပြင်ကြ၏။
29
သူတို့၏ဘေးတွင် ဣမေရ၏သားဇာဒုတ်သည် သူ့အိမ်ရှေ့တွင် ပြုပြင်၏။ သူ၏ဘေးတွင် ရှေခနိ၏သား အရှေ့တံခါးမှူးရှေမာယ ပြုပြင်၏။
30
သူ၏ဘေးတွင် ရှေလမိ၏သားဟာနနိယနှင့် ဇာလပ်၏ဆဋ္ဌမမြောက်သားဟာနုန်တို့ ပြုပြင်ကြ၏။ သူတို့၏ဘေးတွင် ဗေရခိ၏သားမေရှုလံသည် မိမိအိမ်ရှေ့တွင် ပြုပြင်၏။
31
သူ၏ဘေးတွင် ပန်းထိမ်ဆရာ၏သားမာလခိယသည် မိဖကဒ်တံခါးရှေ့ရှိ ဗိမာန်တော်အစေအပါးများနှင့် ကုန်သည်များနေရာအိမ်အထိ၊ ထိုမှ အထက်ခန်းမြို့ရိုးထောင့်အထိ ပြုပြင်၏။
32
ထိုအထက်ခန်းမြို့ရိုးထောင့်မှ သိုးတံခါးအထိကို ပန်းထိမ်သမားများနှင့် ကုန်သည်များ ပြုပြင်ကြ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13