bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 6
Nehemiah 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
1
ငါသည် မြို့ရိုးကိုအပေါက်ရာပင်မကျန်အောင် ပြန်လည်တည်ဆောက်ပြီးစီးကြောင်း သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူမျိုးဂေရှင်နှင့် အခြားရန်သူတို့ ကြားသိလေ၏။ ထိုအချိန်က မြို့တံခါးများပင် မတပ်ဆင်ရသေးချေ။
2
ထိုအခါ သမ္ဘာလတ်နှင့် ဂေရှင်က “လာပါ ဩနောလွင်ပြင်၊ ခေဖိရိမ်ရွာတွင် ဆုံကြပါစို့”ဟု ငါ့ထံ သတင်းပို့လာ၏။ စင်စစ် သူတို့သည် ငါ့ကို လုပ်ကြံရန် ကြံစည်ကြခြင်းသာ ဖြစ်၏။
3
ထို့ကြောင့် ငါကလည်း သူတို့ထံ တမန်ကိုလွှတ်၍ “ငါသည် အရေးကြီးသောလုပ်ငန်းကို ဆောင်ရွက်နေရသည်ဖြစ်၍ သင်တို့ထံ မလာနိုင်။ သင်တို့ထံလာခြင်းဖြင့် အဘယ်ကြောင့် ကိုယ့်အလုပ်ကို ရပ်ထားရမည်နည်း”ဟု အကြောင်းပြန်လိုက်၏။
4
သူတို့သည် ငါ့ထံသို့ ထိုသတင်းကို လေးကြိမ်တိုင်တိုင် ပို့လာ၏။ ငါကလည်း ယခင်အတိုင်းသာ ပြန်ပြော၏။
5
သမ္ဘာလတ်သည် ယခင်ကဲ့သို့ သူ့လက်အောက်ငယ်သားကို ငါ့ထံ ငါးကြိမ်မြောက်စေလွှတ်၏။ ထိုငယ်သားလက်ထဲတွင်လည်း တံဆိပ်မခတ်ထားသောစာ ပါလာ၏။
6
ထိုစာတွင် “သင်နှင့်ဂျူးလူမျိုးတို့သည် ပုန်ကန်ရန်အကြံရှိကြောင်း လူမျိုးခြားတို့နှင့်တကွ ဂေရှင်ပါ ပြောလေပြီ။ ဤသတင်းအရ သင်သည် ဂျူးလူမျိုး၏ဘုရင်ဖြစ်လိုသောကြောင့် ဤမြို့ရိုးကို ပြန်လည်တည်ဆောက်ပြီ။
7
သင်သည် သင့်ကိုယ်သင်ရည်ညွှန်း၍ ‘ယုဒပြည်၌ ရှင်ဘုရင်ရှိသည်’ဟု ဂျေရုဆလင်မြို့တွင် ဟောပြောစေရန် ပရောဖက်တို့ကိုခန့်ထားပြီ။ ထိုသတင်းကို ရှင်ဘုရင်အား ကြားလျှောက်ကောင်း ကြားလျှောက်ကြလိမ့်မည်။ သို့ဖြစ်၍ ယခု လာပါ။ ငါတို့အတူတကွ ဆွေးနွေးကြစို့”ဟု ပါရှိ၏။
8
ငါကလည်း သူ့ထံ လူလွှတ်၍ “သင်ဆိုသည့်အတိုင်း ဖြစ်လာမည်မဟုတ်။ ဤစကားများသည် သင့်စိတ်ကူးဖြင့် လုပ်ကြံပြောဆိုခြင်းသာ ဖြစ်၏”ဟု အကြောင်းပြန်ကြားလိုက်၏။
9
သူတို့က ငါတို့ကို ခြိမ်းခြောက်ပြီး “သူတို့အလုပ်ကို လက်စမသတ်နိုင်ဘဲ အားလျော့သွားလိမ့်မည်”ဟု ဆိုကြ၏။ အို အဖ၊ အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။
10
မဟေတဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယသည် အိမ်ထဲ၌ ပုန်းအောင်းနေသဖြင့် ငါသည် သူ့ဆီသို့သွား၏။ ထိုအခါ သူက “ဗိမာန်တော်အတွင်း ဘုရားသခင်၏အိမ်တော်မှာ နေကြစို့။ ဗိမာန်တော်တံခါးများလည်း ပိတ်ထားကြစို့။ အကြောင်းမှာ သင့်ကို လာသတ်ကြလိမ့်မည်။ ညအချိန်မှာ သင့်ကို လာသတ်ကြလိမ့်မည်”ဟု ဆို၏။
11
ထိုအခါ ငါက “ငါကဲ့သို့သောလူက ပြေးပုန်းရမည်လော။ အသက်ချမ်းသာရာရရန် ဗိမာန်တော်ထဲ ဝင်ပုန်းရမည်လော။ ငါမဝင်နိုင်ပါ”ဟု ပြန်ပြော၏။
12
ရှေမာယသည် ဘုရားသခင်စေလွှတ်၍မဟုတ်၊ တောဘိနှင့်သမ္ဘာလတ်တို့က ငှားရမ်းထားသူဖြစ်သဖြင့် ငါ့ကို ဆန့်ကျင်ပြီး ပရောဖက်ပြုနေသည်ကို ငါကောင်းကောင်းသိ၏။
13
ငါကြောက်ရွံ့ပြီး သူဆိုသည့်အတိုင်းပြုမည်ဆိုလျှင် ငါသည် အပြစ်ပြုမိမည်။ သို့ဖြစ်လျှင် ငါ့နာမည်ပျက်၍ သူတို့ကဲ့ရဲ့ရှုတ်ချနိုင်မည်။ ထို့အတွက် ရှေမာယကို ငှားရမ်းခြင်းဖြစ်၏။
14
သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ တောဘိနှင့် သမ္ဘာလတ်တို့၏လုပ်ရပ်ကို မှတ်တော်မူပါ။ ပရောဖက်မ နောဒိနှင့် ကျန်ပရောဖက်တို့၏ခြိမ်းခြောက်မှုကိုလည်း မှတ်တော်မူပါ။
15
ဤသို့ဖြင့် ရက်ပေါင်းငါးဆယ့်နှစ်ရက်အကြာ၊ ဧလုလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် မြို့ရိုးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၏။
16
ထိုအကြောင်းကို ရန်သူတို့ကြား၍ ငါတို့ဝန်းကျင်ရှိလူမျိုးခြားတို့ မြင်သောအခါ အလွန်အမင်းမျက်စိမျက်နှာပျက်လေ၏။ အကြောင်းမှာ ဤအမှုကို ငါတို့ဘုရားသခင် ပြုတော်မူကြောင်း သူတို့ ကောင်းကောင်းသိမြင်ကြ၏။
17
ထိုနေ့ရက်တို့၌ ယုဒခေါင်းဆောင်တို့သည် တောဘိထံသို့ စာလွှာများရေးပို့၍ တောဘိကလည်း သူတို့ထံ စာပြန်ခဲ့၏။
18
တောဘိသည် အာရာ၏သားဖြစ်သောရှေခနိ၏သမက်ဖြစ်သည်သာမက သူ့သားယေဟောဟနန်သည် ဗေရခိ၏သားဖြစ်သူမေရှုလံ၏သမီးနှင့် စုံဖက်သောကြောင့် ယုဒလူအများအပြားတို့က သူ့ထံ သစ္စာခံကြ၏။
19
သူတို့က တောဘိကောင်းကြောင်းကို ငါ့အားပြောပြ၍ ငါပြောသောစကားတို့ကို တောဘိအား ပြန်ပြောကြ၏။ ထိုအခါ တောဘိသည် ငါ့အား ခြိမ်းခြောက်စာများကို ပို့လေ့ရှိ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13