bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 8
Nehemiah 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
1
လူအပေါင်းတို့သည် ရေတံခါးရှေ့ရှိကွင်းပြင်တွင် တစ်စိတ်တစ်သဘောတည်းစုရုံးလာကြပြီး မောရှေအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရား မိန့်မှာတော်မူသော ပညတ်တရားကျမ်းကို ယူဆောင်ခဲ့ရန် ကျမ်းပြုဆရာဧဇရအား တောင်းဆိုကြ၏။
2
ခုနစ်လပိုင်း ပထမနေ့တွင် ယဇ်ပုရောဟိတ်ဧဇရသည် နားထောင်၍နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမအပါအဝင် လူအပေါင်းတို့ရှိရာသို့ ပညတ်တရားကျမ်းကိုယူလာ၍
3
ရေတံခါးရှေ့ရှိကွင်းပြင်တွင် မိုးလင်းချိန်မှစ၍ မွန်းတည့်ချိန်တိုင်အောင် နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမတို့ရှေ့၌ ဖတ်ပြ၏။ လူအပေါင်းတို့ကလည်း ထိုပညတ်တရားကျမ်းကို စိတ်ဝင်တစားနားထောင်ကြ၏။
4
ကျမ်းဖတ်ရန်အတွက် သူတို့ပြုလုပ်ထားသော သစ်သားစင်မြင့်ပေါ်တွင် ကျမ်းပြုဆရာဧဇရ ရပ်၏။ သူ၏လက်ယာဘက်ဘေးတွင် မတ္တိသိ၊ ရှေမာ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့ ရပ်နေ၍ သူ၏လက်ဝဲဘက်ဘေးတွင် ပေဒါယ၊ မိရှေလ၊ မာလခိယ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့ ရပ်နေ၏။
5
ဧဇရသည် လူအပေါင်းတို့ထက်မြင့်သောနေရာတွင်ရပ်၍ လူအပေါင်းတို့ရှေ့တွင် ကျမ်းစာအုပ်ကိုဖွင့်လိုက်၏။ ထိုသို့ ကျမ်းစာအုပ်ကိုဖွင့်လိုက်သောအခါ လူအပေါင်းတို့သည် မတ်တတ်ရပ်ကြ၏။
6
ဧဇရသည် ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုသောအခါ လူအပေါင်းတို့သည် လက်ကိုမြှောက်လျက် “အာမင် အာမင်”ဟု ဝန်ခံကြ၏။ ထို့နောက် မြေပေါ်တွင်ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။
7
လူအပေါင်းတို့ ရပ်နေကြစဉ် ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယနှင့်လေဝိသားတို့သည် လူတို့အား ပညတ်တရားကိုနားလည်အောင်ရှင်းပြကြ၏။
8
ထိုသို့ ဘုရားသခင်၏ပညတ်တရားကျမ်းကို သေသေချာချာဖတ်ပြ၍ အဓိပ္ပာယ်ကိုရှင်းပြသဖြင့် သူတို့ဖတ်ပြသည်ကို လူအပေါင်းတို့ နားလည်ကြ၏။
9
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
10
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
11
လေဝိသားတို့ကလည်း လူအပေါင်းတို့အား “ငြိမ်ဝပ်စွာနေကြလော့။ ဝမ်းမနည်းကြနှင့်။ ယနေ့သည် သန့်ရှင်းသောနေ့ဖြစ်၏”ဟု နှစ်သိမ့်ပေး၏။
12
လူအပေါင်းတို့သည်လည်း သူတို့အား ရှင်းပြသောစကားများကို ကောင်းစွာနားလည်သဖြင့် စားသောက်ရန်၊ အစားအစာဝေငှရန်နှင့် ပျော်ပွဲရွှင်ပွဲကြီးကျင်းပရန် ထွက်သွားကြ၏။
13
ဒုတိယနေ့တွင် လူအပေါင်းတို့၏အိမ်ထောင်စုအကြီးအမှူးတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိသားများသည် ပညတ်တရားစကားများကို လေ့လာသင်ယူရန် ကျမ်းပြုဆရာဧဇရထံ စုဝေးလာကြ၏။
14
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော ပညတ်တရားကျမ်း၌ သတ္တမလပွဲခံချိန်တွင် အစ္စရေးအမျိုးသားတို့သည် ယာယီတဲ၌နေရကြမည်ဟု ရေးသားထားသည်ကို တွေ့ရှိကြလေ၏။
15
ထို့ကြောင့် သူတို့က “ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း ယာယီတဲကို ဆောက်ဖို့ရန် တောင်ပေါ်သို့သွား၍ သံလွင်ခက်၊ ထင်းရှူးခက်၊ မုရတုခက်၊ စွန်ပလွံခက်မှစ၍ အရွက်ဝေဆာသောသစ်ခက်တို့ကို ယူလာကြလော့”ဟူသောသတင်းကို ဂျေရုဆလင်မြို့မှစ၍ မြို့ရွာရှိသမျှအနှံ့ ကြေညာလေ၏။
16
ထို့ကြောင့် လူတို့သည် ထွက်သွား၍ သစ်ခက်များကိုယူဆောင်လာကြပြီး မိမိတို့အိမ်ခေါင်မိုးပြင်၊ အိမ်ဝင်းအတွင်း၊ ဘုရားသခင်၏အိမ်တော်ဝင်းအတွင်း၊ ရေတံခါးရှေ့ကွင်းပြင်၊ ဧဖရိမ်တံခါးရှေ့ကွင်းပြင် စသည်တို့၌ ယာယီတဲကို ဆောက်လုပ်ကြ၏။
17
သုံ့ပန်းဘဝမှလွတ်မြောက်၍ပြန်လာသောလူအုပ်ကြီးကလည်း ယာယီတဲများကိုဆောက်လုပ်၍ ထိုတဲများတွင် နေထိုင်ကြ၏။ နုန်၏သားယောရှုလက်ထက်မှစ၍ ဤနေ့ရက်အထိ အစ္စရေးအမျိုးသားတို့သည် ထိုသို့ မကျင်းပဖူးသောကြောင့် လွန်စွာအားရဝမ်းမြောက်ကြ၏။
18
ပွဲတော်ပထမရက်မှစ၍ နောက်ဆုံးရက်အထိ ဧဇရသည် ဘုရားသခင်၏ပညတ်တရားကျမ်းကို နေ့စဉ်ဖတ်ပြ၏။ ပွဲတော်ကို ခုနစ်ရက်ပတ်လုံးကျင်းပပြီး ရှစ်ရက်မြောက်သောနေ့တွင် စီရင်ထုံးဖွဲ့ချက်အတိုင်း ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13