bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 11
Nehemiah 11
Burmese MSBU
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
2
မိမိတို့ဆန္ဒအလျောက် ဂျေရုဆလင်မြို့၌နေထိုင်လိုသောသူအပေါင်းတို့ကို လူတို့သည် ကောင်းချီးပေးကြ၏။
3
ဤသို့ဖြင့် နယ်မြေခေါင်းဆောင်များသည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြပြီး အစ္စရေးလူထုများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများသည် ယုဒပြည်ရှိ ကိုယ့်နေရင်းမြို့ရွာများတွင် နေထိုင်ကြ၏။
4
ဂျေရုဆလင်မြို့တွင် ယုဒအမျိုးသားအချို့နှင့် ဗင်္ယာမိန်အမျိုးသားအချို့တို့ နေထိုင်ကြ၏။ ထိုသူတို့မှာ ယုဒအမျိုးသားတွင် ဖာရက်သားမြေးမှဆင်းသက်လာသောမဟာလေလ၏တွတ်၊ ရှေဖတိ၏တီ၊ အာမရိ၏မြစ်၊ ဇာခရိ၏မြေး၊ ဩဇိ၏သားအသာယနှင့်
5
ရှိလောသားမြေးမှဆင်းသက်လာသော ရှိလော၏ဆက်၊ ဇာခရိ၏ကျွတ်၊ ယောယရိပ်၏တွတ်၊ အဒါယ၏တီ၊ ဟဇာယ၏မြစ်၊ ကောလဟောဇ၏မြေး၊ ဗာရုတ်၏သား မာသေယ တို့ဖြစ်ကြ၏။
6
ဂျေရုဆလင်မြို့၌နေထိုင်သော ဖာရက်သားမြေးမှာ စုစုပေါင်းလေးရာခြောက်ဆယ့်ရှစ်ယောက် ဖြစ်၏။ သူတို့သည် ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏။
7
ဗင်္ယာမိန်အမျိုးအနွယ်တွင် ယေရှာယ၏ဆက်၊ ဣသေလ၏ကျွတ်၊ မာသေယ၏တွတ်၊ ကောလာယ၏တီ၊ ပေဒါယ၏မြစ်၊ ယောဒ၏မြေး၊ မေရှုလံ၏သား သလ္လုနှင့်
8
သူ့နောက်မှရောက်လာသော ဂဗ္ဗဲအမျိုး၊ သလ္လဲအမျိုး တို့အပါအဝင် စုစုပေါင်း ကိုးရာနှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။
9
ထိုသူတို့ကို ဇိခရိ၏သား ယောလက ကြီးကြပ်၍ ဟာသေနွာ၏သား ယုဒက မြို့ကိုကြီးကြပ်သူ၏လက်ထောက်ဖြစ်၏။
10
ယဇ်ပုရောဟိတ်တို့တွင် ယောယရိပ်၏သား ယေဒါယ၊ ယာခိန်၊
11
အဟိတုပ်၏တွတ်၊ မေရာယုတ်၏တီ၊ ဇာဒုတ်၏မြစ်၊ မေရှုလံ၏မြေး၊ ဟိလခိ၏သား ဘုရားသခင်၏အိမ်တော်အုပ်စရာယ၊
12
အိမ်တော်အမှုကိုထမ်းဆောင်သော သူတို့၏ညီအစ်ကိုရှစ်ရာနှစ်ဆယ့်နှစ်ယောက်အပါအဝင် မာလခိယ၏ကျွတ်၊ ပါရှုရ၏တွတ်၊ ဇာခရိ၏တီ၊ အံဇိ၏မြစ်၊ ပေလလိ၏မြေး၊ ယေရောဟံ၏သား အဒါယနှင့်
13
သူ၏ညီအစ်ကိုဖြစ်သောဘိုးဘေးခေါင်းဆောင်ပေါင်း နှစ်ရာလေးဆယ့်နှစ်ယောက်အပါအဝင် ဣမေရ၏တီ၊ မေရှိလမုတ်၏မြစ်၊ အဟာသဲ၏မြေး၊ အာဇရေလ၏သား အာမရှဲနှင့်
14
သူတို့၏ညီအစ်ကိုဖြစ်သောစစ်သူရဲတစ်ရာနှစ်ဆယ့်ရှစ်ယောက် ဖြစ်၏။ သူတို့ကိုကြီးကြပ်သူမှာ ဟဂဒေါလိမ်၏သား ဇာဗဒေလ ဖြစ်၏။
15
လေဝိအမျိုးတို့တွင် ဗုန္နိ၏တီ၊ ဟာရှဘိ၏မြစ်၊ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သား ရှေမာယ၊
16
ဘုရားသခင်၏အိမ်တော်အပြင်ဘက်အမှုထမ်းရသူ လေဝိအမျိုး အကြီးအမှူး ရှဗ္ဗေသဲ၊ ယောဇဗဒ်၊
17
အာသပ်၏မြစ်၊ ဇာဗဒိ၏မြေး၊ မိက္ခာ၏သားဖြစ်သည့် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့၌ ပထမခေါင်းဆောင် မတ္တနိနှင့် ညီအစ်ကိုများတွင် လက်ထောက်ဖြစ်သည့် ဗာကဗုကိအပါအဝင် ယေဒုသုန်၏မြစ်၊ ဂလာလ၏မြေး၊ ရှမွာ၏သား အာဗဒနှင့်
18
သန့်ရှင်းသောမြို့တွင်နေထိုင်သောလေဝိအမျိုးပေါင်း နှစ်ရာရှစ်ဆယ့်လေးယောက်ဖြစ်၏။
19
တံခါးစောင့်များတွင် တံခါးစောင့်အက္ကုပ်၊ တာလမုန်နှင့် သူတို့၏ညီအစ်ကိုပေါင်း တစ်ရာခုနစ်ဆယ့်နှစ်ယောက်ဖြစ်၏။
20
ကျန်သောအစ္စရေးလူထုများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများသည် ယုဒပြည်ရှိ ကိုယ့်နေရင်းမြို့ရွာများတွင် နေထိုင်ကြ၏။
21
ဗိမာန်တော်အစေအပါးတို့သည် ဩဖေလအရပ်၌နေထိုင်ကြ၏။ ထိုဗိမာန်တော်အစေအပါးတို့ကို ဇိဟနှင့်ဂိသပတို့က အုပ်ချုပ်၏။
22
ဘုရားသခင်၏အိမ်တော်အမှုကိုစီမံရသော သီချင်းသည်များဖြစ်သည့် အာသပ်သားမြေးမှဆင်းသက်သော မိက္ခာ၏တီ၊ မတ္တနိ၏မြစ်၊ ဟာရှဘိ၏မြေး၊ ဗာနိ၏သား ဩဇိသည် ဂျေရုဆလင်မြို့ရှိ လေဝိအမျိုးကို အုပ်ချုပ်၏။
23
ရှင်ဘုရင်သည် သီချင်းသည်များနေ့စဉ်နေ့တိုင်းပုံမှန်ပြုရမည့်အမှုကို စီရင်ချမှတ်ထား၏။
24
ယုဒ၏သား ဇေရသားမြေးမှ ဆင်းသက်လာသောမေရှဇဗေလ၏သား ပေသဟိသည် ပြည်သူပြည်သားတို့၏အမှုကိစ္စအားလုံးကို စီမံရသော ရှင်ဘုရင်၏လက်ရုံးဖြစ်၏။
25
ယုဒအမျိုးအနွယ်အချို့သည် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒိဘုန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ယေကပ်ဇေလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများတွင် မိမိတို့အပိုင်မြို့ရွာလယ်မြေများအဖြစ် အခြေချနေထိုင်ကြ၏။
26
ထို့ပြင် ယေရွှာမြို့၊ မောလဒါမြို့၊ ဗက်ပါလက်မြို့၊
27
ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
28
ဇိကလတ်မြို့၊ မေကောနမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
29
အင်ရိမ္မုန်မြို့၊ ဇောရာမြို့၊ ယာမုတ်မြို့၊
30
ဇာနောမြို့၊ အဒုလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ လာခိရှမြို့နှင့် လယ်ယာမြေများ၊ အဇေကာမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများစသည်ဖြင့် ဗေရရှေဘမြို့မှ ဟိန္နုံချိုင့်ဝှမ်းတိုင်အောင် နေထိုင်ကြ၏။
31
ဗင်္ယာမိန်အမျိုးအနွယ်တို့မူကား ဂေဗမြို့မှမိတ်မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
32
အာနသုတ်မြို့၊ နောဗမြို့၊ အာနနိမြို့၊
33
ဟာဇော်မြို့၊ ရာမမြို့၊ ဂိတ္တိမ်မြို့၊
34
ဟာဒိဒ်မြို့၊ ဇေဘိုင်မြို့၊ နေဗလ္လတ်မြို့၊
35
လောဒမြို့၊ ဩနောမြို့နှင့် လက်မှုပညာသည်ချိုင့်ဝှမ်းတို့၌လည်း နေထိုင်ကြ၏။
36
ယုဒပြည်ရှိ လေဝိအမျိုးအချို့တို့သည် ဗင်္ယာမိန်ပြည်၌ နေထိုင်ကြ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13