bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 7
Nehemiah 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
မြို့ရိုးကိုလက်စသတ်ပြီးသောအခါ ငါသည် တံခါးများကို တပ်ဆင်၍ တံခါးစောင့်များ၊ သီချင်းသည်များ၊ လေဝိအမျိုးများကို တာဝန်ခွဲဝေခန့်အပ်လေ၏။
2
ငါ့ညီဟာနနိနှင့် ရဲတိုက်မှူးဟာနနိယတို့အား ဂျေရုဆလင်မြို့ကို အုပ်ချုပ်ရန် ခန့်အပ်၏။ ဟာနနိယသည် သစ္စာရှိသောသူ၊ အခြားသူတို့ထက် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။
3
ငါက သူတို့အား “နေမမြင့်မချင်း ဂျေရုဆလင်မြို့တံခါးကို မဖွင့်နှင့်။ တံခါးစောင့်တို့သည် တာဝန်ချိန်တွင် တံခါးများကိုပိတ်၍ ချက်များကို ချထားရမည်။ ဂျေရုဆလင်မြို့သားတို့သည် ကိုယ့်အိမ်ရှေ့၊ ကိုယ့်ကင်းတဲ၌ အစောင့်များကို ချထားရမည်”ဟု မှာထား၏။
4
မြို့သည်ကြီးမားကျယ်ဝန်း၍ နေထိုင်သူ အနည်းငယ်သာ ရှိ၏။ အိမ်များလည်း ပြန်လည်မဆောက်ရသေး။
5
ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် လူများကို စုဝေး၍ မျိုးရိုးစဉ်ဆက်စာရင်းကောက်ရန် ဘုရားသခင်သည် ငါ့စိတ်ကိုနှိုးဆော်၏။ ထို့ကြောင့် ပထမဆုံးပြန်လည်ရောက်ရှိလာသူတို့၏မျိုးရိုးစဉ်ဆက်စာရင်းကို စစ်ဆေးရာ စာရင်းတွင် ဤသို့ရေးသွင်းထားသည်ကို တွေ့ရ၏။
6
ဤသူတို့မှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားပြီးနောက် သုံ့ပန်းဘဝမှလွတ်မြောက်၍ ဘေဘီလုံပြည်မှ ယုဒပြည်၊ ဂျေရုဆလင်မြို့၊ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
7
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်ပါလာသောအစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
8
ပါရုတ်သားမြေး နှစ်ထောင့်တစ်ရာခုနစ်ဆယ့်နှစ်ယောက်၊
9
ရှေဖတိသားမြေး သုံးရာခုနစ်ဆယ့်နှစ်ယောက်၊
10
အာရာသားမြေး ခြောက်ရာငါးဆယ့်နှစ်ယောက်၊
11
ယေရွှာနှင့် ယွာဘသားမြေးတို့မှဆင်းသက်လာသော ပါဟတ်မောဘသားမြေး နှစ်ထောင့်ရှစ်ရာတစ်ဆယ့်ရှစ်ယောက်၊
12
ဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
13
ဇတ္တုသားမြေး ရှစ်ရာလေးဆယ့်ငါးယောက်၊
14
ဇက္ခဲသားမြေး အယောက်ခုနစ်ရာ့ခြောက်ဆယ်၊
15
ဗိနွိသားမြေး ခြောက်ရာလေးဆယ့်ရှစ်ယောက်၊
16
ဗေဗဲသားမြေး ခြောက်ရာနှစ်ဆယ့်ရှစ်ယောက်၊
17
အာဇဂဒ်သားမြေး နှစ်ထောင့်သုံးရာနှစ်ဆယ့်နှစ်ယောက်၊
18
အဒေါနိကံသားမြေး ခြောက်ရာခြောက်ဆယ့်ခုနစ်ယောက်၊
19
ဗိဂဝဲသားမြေး နှစ်ထောင့်ခြောက်ဆယ့်ခုနစ်ယောက်၊
20
အာဒိန်သားမြေး ခြောက်ရာငါးဆယ့်ငါးယောက်၊
21
ဟေဇကိအမျိုးမှ ဆင်းသက်လာသော အာတာသားမြေး ကိုးဆယ့်ရှစ်ယောက်၊
22
ဟာရှုံသားမြေး သုံးရာနှစ်ဆယ့်ရှစ်ယောက်၊
23
ဗေဇဲသားမြေး သုံးရာနှစ်ဆယ့်လေးယောက်၊
24
ဟာရိပ်သားမြေး တစ်ရာတစ်ဆယ့်နှစ်ယောက်၊
25
ဂိဗောင်သားမြေး ကိုးဆယ့်ငါးယောက်၊
26
ဗက်လင်မြို့သားနှင့် နေတောဖမြို့သားပေါင်း တစ်ရာရှစ်ဆယ့်ရှစ်ယောက်၊
27
အာနသုတ်မြို့သား တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
28
ဗေသာဇမာဝက်မြို့သား လေးဆယ့်နှစ်ယောက်၊
29
ကိရယတ်ယာရိမ်မြို့သား၊ ခေဖိရမြို့သား၊ ဗေရုတ်မြို့သားပေါင်း ခုနစ်ရာလေးဆယ့်သုံးယောက်၊
30
ရာမမြို့သားနှင့် ဂေဗမြို့သားပေါင်း ခြောက်ရာနှစ်ဆယ့်တစ်ယောက်၊
31
မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ့်နှစ်ယောက်၊
32
ဗေသလမြို့သားနှင့် အာဣမြို့သားပေါင်း တစ်ရာနှစ်ဆယ့်သုံးယောက်၊
33
အခြားနေဗောမြို့သား ငါးဆယ့်နှစ်ယောက်၊
34
အခြားဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
35
ဟာရိမ်သားမြေး အယောက်သုံးရာ့နှစ်ဆယ်၊
36
ဂျေရိခေါမြို့သား သုံးရာလေးဆယ့်ငါးယောက်၊
37
လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သားပေါင်း ခုနစ်ရာနှစ်ဆယ့်တစ်ယောက်၊
38
သေနာမြို့သား အယောက်သုံးထောင်ကိုးရာ့သုံးဆယ်၊
39
ယဇ်ပုရောဟိတ်များကား ယေရွှာအမျိုးမှဆင်းသက်လာသော ယေဒါယသားမြေး ကိုးရာခုနစ်ဆယ့်သုံးယောက်၊
40
ဣမေရသားမြေး တစ်ထောင့်ငါးဆယ့်နှစ်ယောက်၊
41
ပါရှုရသားမြေး တစ်ထောင့်နှစ်ရာလေးဆယ့်ခုနစ်ယောက်၊
42
ဟာရိမ်သားမြေး တစ်ထောင့်တစ်ဆယ့်ခုနစ်ယောက်၊
43
လေဝိအမျိုးတွင် ကပ်မျေလနှင့် ဟောဒေဝသားမြေးတို့မှ ဆင်းသက်လာသော ယေရွှာသားမြေး ခုနစ်ဆယ့်လေးယောက်၊
44
သီချင်းသည်တို့တွင် အာသပ်သားမြေး တစ်ရာလေးဆယ့်ရှစ်ယောက်၊
45
တံခါးစောင့်တို့တွင် ရှလ္လုံသားမြေး၊ အာတာသားမြေး၊ တာလမုန်သားမြေး၊ အက္ကုပ်သားမြေး၊ ဟတိတသားမြေး၊ ရှောဗဲသားမြေးပေါင်း တစ်ရာသုံးဆယ့်ရှစ်ယောက် ဖြစ်၏။
46
ဗိမာန်တော်အစေအပါးတို့တွင် ဇိဟသားမြေး၊ ဟသုဖသားမြေး၊ တဗ္ဗောက်သားမြေး၊
47
ကေရုတ်သားမြေး၊ သယသားမြေး၊ ပါဒုန်သားမြေး၊
48
လေဗနသားမြေး၊ ဟာဂဘသားမြေး၊ ရှာလမဲသားမြေး၊
49
ဟာနန်သားမြေး၊ ဂိဒ္ဒေလသားမြေး၊ ဂါဟာသားမြေး၊
50
ရာယသားမြေး၊ ရေဇိန်သားမြေး၊ နေကောဒသားမြေး၊
51
ဂဇ္ဇမ်သားမြေး၊ ဩဇသားမြေး၊ ပါသာသားမြေး၊
52
ဗေသဲသားမြေး၊ မဟုနိမ်သားမြေး၊ နေဖိရှေသိမ်သားမြေး၊
53
ဗာကဗုတ်သားမြေး၊ ဟကုဖသားမြေး၊ ဟာရဟုရသားမြေး၊
54
ဗာဇလိတ်သားမြေး၊ မဟိဒသားမြေး၊ ဟာရရှသားမြေး၊
55
ဗာရကုတ်သားမြေး၊ သိသရသားမြေး၊ တာမသားမြေး၊
56
နေဇိသားမြေး၊ ဟတိဖသားမြေး၊
57
ရှောလမုန်အစေအပါးတို့၏သားမြေးတွင် သောတဲသားမြေး၊ သောဖရက်သားမြေး၊ ပေရိဒသားမြေး၊
58
ယာလသားမြေး၊ ဒါကုန်သားမြေး၊ ဂိဒ္ဒေလသားမြေး၊
59
ရှေဖတိသားမြေး၊ ဟတ္တိလသားမြေး၊ ပေါခရက်ဇေဗိမ်သားမြေး၊ အာမုန်သားမြေး၊
60
ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
61
မည်သည့်ဘိုးဘေးအိမ်ထောင်စုထဲမှဆင်းသက်လာသည်ကို သက်သေမပြနိုင်၊ အစ္စရေးလူမျိုးထဲမှ ဟုတ်၊ မဟုတ် မသေချာဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့တို့မှ လိုက်ပါလာသူများမှာ
62
ဒေလာယသားမြေး၊ တောဘိသားမြေး၊ နေကောဒသားမြေး စုစုပေါင်း ခြောက်ရာလေးဆယ့်နှစ်ယောက် ရှိ၏။
63
ယဇ်ပုရောဟိတ်တို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကို စုံဖက်၍ ထိုနာမည်ကို ဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။
64
သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။
65
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
66
ဤသို့လိုက်ပါလာသောလူထုကြီးမှာ စုစုပေါင်း လေးသောင်းနှစ်ထောင်သုံးရာခြောက်ဆယ် ရှိ၏။
67
ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း နှစ်ရာလေးဆယ့်ငါးယောက်တို့လည်း ပါ၏။
68
မြင်း ခုနစ်ရာသုံးဆယ့်ခြောက်ကောင်၊ လား နှစ်ရာလေးဆယ့်ငါးကောင် ၊
69
ကုလားအုတ် လေးရာသုံးဆယ့်ငါးကောင်၊ မြည်း အကောင်ခြောက်ထောင်ခုနစ်ရာ့နှစ်ဆယ်လည်း ပါ၏။
70
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ပြန်လည်တည်ဆောက်မှုလုပ်ငန်းအတွက် ပေးလှူကြ၏။ ဘုရင်ခံသည်လည်း ရွှေဒင်္ဂါးပြား တစ်ထောင်၊ အင်တုံ ငါးဆယ်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ငါးရာသုံးဆယ်တို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်း၏။
71
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင့်နှစ်ရာ ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
72
အခြားသူတို့ကလည်း ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင် ၊ ယဇ်ပုရောဟိတ်ဝတ်စုံ ခြောက်ဆယ့်ခုနစ်စုံကို ပေးလှူကြ၏။
73
ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များ၊ ပြည်သားအချို့၊ ဗိမာန်တော်အစေအပါးများနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ့်မြို့ကိုယ့်ရွာသို့ ပြန်လာနေထိုင်ကြ၏။ ခုနစ်လမြောက်တွင် အစ္စရေးအမျိုးသားတို့သည် ကိုယ့်မြို့ကိုယ့်ရွာတွင် အခြေတကျဖြစ်လာကြ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13