bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 11
2 Samuel 11
Burmese 2021
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
1
အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကိုတိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။
2
နောက်တစ်နေ့ညဉ့်ဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတစ်ယောက်ရေချိုးသည်ကို မြင်တော်မူ၏။
3
ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
4
တစ်ဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ ယှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ပြန်ပြီးမှ၊
5
ပဋိသန္ဓေရှိသဖြင့် ဒါဝိဒ်ထံသို့ လူကိုစေလွှတ်၍၊ ကျွန်မ၌ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
6
ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူဥရိယကို ငါ့ထံသို့စေလွှတ်ရမည်ဟု မှာလိုက်သည်အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
7
ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟု မေးမြန်းပြီးမှ၊
8
သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူနောက်မှ ခဲဖွယ်စားဖွယ်ကို ရှင်ဘုရင်ပေးလိုက်လေ၏။
9
သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။
10
ဥရိယသည် မိမိအိမ်သို့မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
11
ဥရိယက၊ သေတ္တာတော်နှင့် ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့်ပျော်မွေ့လျက် နေသင့်ပါမည်လော။ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော်မပြုပါဟု ဒါဝိဒ်အားလျှောက်လေ၏။
12
ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ငါလွှတ်လိုက်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။
13
ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌စားသောက်လျက် ယစ်မူးသည်တိုင်အောင် သောက်ရ၏။ သို့သော်လည်း ညဉ့်ဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ကျွန်တို့နှင့်အတူ အိပ်ခြင်းငှာ ထွက်သွားလေ၏။
14
နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယလက်တွင် ယွာဘသို့ ပေးလိုက်၏။
15
မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာ စစ်တိုက်ရာတပ်ဦး၌ ဥရိယကိုခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ရောက်၍ သေစေခြင်းငှာ တပ်များကိုရုပ်သိမ်းလော့ဟု ပါသတည်း။
16
အမိန့်တော်အတိုင်း ယွာဘသည် မြို့ကိုကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကိုခန့်ထားလေ၏။
17
မြို့သားတို့သည်ထွက်၍ ယွာဘနှင့်စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
18
ထိုနောက်ယွာဘသည် စစ်သတင်းအလုံးစုံကို ဒါဝိဒ်အားကြားလျှောက်စေခြင်းငှာ လူကိုခေါ်၍၊
19
သင်သည် ရှင်ဘုရင်ထံတော်၌ စစ်သတင်းကို အကုန်အစင်ကြားလျှောက်ပြီးလျှင်၊
20
ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့်ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
21
ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတစ်ယောက်သည် ကြိတ်ဆုံကျောက်တစ်ဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမလက်သေသည် မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ကျွန် ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရမည်ဟု မှာထား၍ စေလွှတ်လေ၏။
22
ယွာဘမှာထားသည်အတိုင်း ထိုတမန်သည်သွား၍ ဒါဝိဒ်အားကြားလျှောက်သည်ကား၊
23
ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကိုနိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍တိုက်ကြပါ၏။
24
လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော်ကျွန်တို့ကိုပစ်၍ ကိုယ်တော်ကျွန်အချို့ သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်းသေပါ၏ဟု လျှောက်လျှင်၊
25
ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တစ်ယောက်တစ်လှည့် သေတတ်၏။ အားယူ၍ မြို့ကိုကျပ်တည်းစွာတိုက်လျက် လုပ်ကြံတိုက်ဖျက်ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
26
ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက်နေ၏။
27
ငိုကြွေးမြည်တမ်းချိန်လွန်မှ၊ ဒါဝိဒ်သည် လူကိုစေလွှတ်၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ရောက်၍ သားယောက်ျားကို ဖွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24