bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 14
2 Samuel 14
Burmese 2021
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
1
ထိုသို့ရှင်ဘုရင်၏စိတ်နှလုံးသည် အဗရှလုံသို့ ပါသွားကြောင်းကို ဇေရုယာသားယွာဘသည် ရိပ်မိသောအခါ၊
2
တေကောမြို့သို့စေလွှတ်၍ ပညာရှိသောမိန်းမကိုခေါ်ပြီးလျှင်၊ သင်သည် ဆီမလိမ်းပါနှင့်။ စိတ်မသာ ညည်းတွားဟန်ပြု၍ မသာအဝတ်ကို ဝတ်ပါတော့။ လူသေအတွက် ကြာမြင့်စွာ ငိုကြွေးသောမိန်းမ ယောင်ဆောင်လျက်၊
3
ရှင်ဘုရင်ထံတော်သို့ဝင်၍ ဤသို့လျှောက်ရမည်ဟု သွန်သင်လေ၏။
4
ထိုတေကောမြို့သူမိန်းမသည် အထံတော်သို့ဝင်၍ မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလျက်၊ အရှင်မင်းကြီး၊ ကယ်မသနားတော်မူပါဟု လျှောက်လေ၏။
5
ရှင်ဘုရင်ကလည်း၊ အဘယ်အမှုရှိသနည်းဟု မေးတော်မူလျှင် မိန်းမက၊ ကျွန်တော်မသည် လင်သေသော မုဆိုးမဖြစ်ပါ၏။
6
ကိုယ်တော်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်တို့သည် ခိုက်ရန်ပြုကြပါ၏။ ဖျန်ဖြေသောသူမရှိသောကြောင့် တစ်ယောက်သည်တစ်ယောက်ကို သေသည်တိုင်အောင် လုပ်ကြံပါ၏။
7
ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတစ်ဖက်၌ ထကြ၍ အစ်ကိုကိုသတ်သောသူကို သေစားသေစေခြင်းငှာ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟု ဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကိုလည်းကောင်း၊ အကျန်အကြွင်းကိုလည်းကောင်း၊ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊
8
ရှင်ဘုရင်က သင့်အိမ်သို့ ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအားမိန့်တော်မူ၏။
9
တေကောမြို့သူမိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မအဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟုလျှောက်လျှင်၊
10
ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တစ်ဖန် သင့်ကို မနှောင့်ယှက်ရဟု မိန့်တော်မူသော်၊
11
မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကိုသတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည် အထူးသဖြင့် မဖျက်ဆီးစေခြင်းငှာ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား၏ဆံပင်တစ်ပင်မျှ မြေပေါ်သို့မကျရဟု မိန့်တော်မူ၏။
12
တစ်ဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတစ်ခွန်းလျှောက်ရသောအခွင့်ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။
13
မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏လူတို့တစ်ဖက်၌ အဘယ်ကြောင့် ကြံစည်တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ်သောသူကို တစ်ဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကိုအပြစ်တင်၍ စီရင်တော်မူပါပြီတကား။
14
ငါတို့သည် သေအံ့သောသူ ဖြစ်ကြ၏။ မြေပေါ်မှာသွန်ပြီးလျှင် နောက်တစ်ဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသောသူသည် အစဉ်နှင်ထုတ်ခြင်းကိုခံ၍ မနေရမည်အကြောင်း ကြံစည်တော်မူ၏။
15
သို့ဖြစ်၍ ကျွန်တော်မသည်လာ၍ ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည်အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည် ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်းပြုတော်မူမည်။
16
ငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကိုနုတ်အံ့သောငှာ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။
17
ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။
18
ထိုအခါ ရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင်မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
19
ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အား အကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမက အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော်မကိုမှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။
20
ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှာ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင်သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည်တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက်လေ၏။
21
ထိုအခါရှင် ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထိုလုလင်အဗရှလုံကို တစ်ဖန်ခေါ်ရမည်ဟု ယွာဘအားမိန့်တော်မူ၏။
22
ယွာဘသည်လည်း မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီး ပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။
23
ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့လေ၏။
24
ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏မျက်နှာတော်ကို မမြင်ရ။
25
ဣသရေလအမျိုး တစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသောသူ တစ်ယောက်မျှမရှိ။ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှမရှိ။
26
ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တစ်နှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။
27
အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတစ်ယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။
28
အဗရှလုံသည် ရှင်ဘုရင်၏မျက်နှာတော်ကိုမမြင်ရဘဲ နှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌နေပြီးမှ၊
29
ယွာဘကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မလာ။
30
ဒုတိယအကြိမ်ခေါ်သော်လည်းမလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည်မီးရှို့ကြ၏။
31
ထိုအခါ ယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တော်၏ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ်ကြောင့် မီးရှို့ကြသနည်းဟု မေးသော်၊
32
အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှ အဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှာ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအားပြောဆိုသော်၊
33
ယွာဘသည် ရှင်ဘုရင်ထံတော်သို့သွား၍ လျှောက်သဖြင့်၊ အဗရှလုံကို ခေါ်တော်မူ၏။ အဗရှလုံသည်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပျပ်ဝပ်၏။ ရှင်ဘုရင်သည် သူကိုနမ်းတော်မူ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24