bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 17
2 Samuel 17
Burmese 2021
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
1
တစ်ဖန် အဟိသောဖေလက၊ ကျွန်တော်သည် လူတစ်သောင်းနှစ်ထောင်တို့ကို ရွေးကောက်ပါရစေ။ ယနေ့ညပင် ကျွန်တော်ထ၍ ဒါဝိဒ်ကိုလိုက်ပါမည်။
2
သူသည်မောလျက် လက်အားနည်းလျက်နေစဉ်အခါ ကျွန်တော်တိုက်၍ သူ့ကိုထိတ်လန့်စေမည်။ သူ၌ပါသော လူအပေါင်းတို့သည် ပြေးကြ၍၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည်။
3
လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူ တစ်ယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊
4
ထိုစကားကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့သည် နှစ်သက်ကြ၏။
5
ထိုအခါ အဗရှလုံက၊ အာခိလူဟုရှဲကိုလည်းခေါ်ခဲ့။ ငါတို့သည် သူ၏စကားကို နာကြားကြကုန်အံ့ဟု ဆိုသည်အတိုင်း၊
6
ဟုရှဲသည်လာ၍ အဗရှလုံက၊ အဟိသောဖေလသည် ဤမည်သောအကြံကို ပေးပြီ။ သူ၏စကားကို နားထောင်သင့်သလော။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင်၊
7
ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
8
ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကိုလည်းကောင်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။ ခမည်းတော်သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
9
ယခုမှာသူသည် မြေတွင်းတစ်စုံတစ်ခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ် အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။
10
ထိုအခါ ရဲရင့်သောသူ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည်။ ခမည်းတော်သည် ခွန်အားကြီးသောသူ ဖြစ်ကြောင်းကိုလည်းကောင်း၊ သူ၌ပါသောသူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သိကြပါ၏။
11
သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။
12
ထိုသို့ ခမည်းတော်ကိုတွေ့သောအရပ် တစ်စုံတစ်ခု၌ သူ့ထံသို့ရောက်လျှင်၊ မြေပေါ်မှာနှင်းကျသကဲ့သို့ သူ့ကိုလွှမ်းမိုး၍ သူနှင့်သူ၌ရှိသောသူ တစ်ယောက်မျှ မကျန်ကြွင်းရ။
13
၎င်းနည်း ခမည်းတော်သည် မြို့တစ်မြို့ထဲသို့ဝင်လျှင်၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြိုးများကိုယူခဲ့၍ ထိုမြို့၌ ကျောက်စရစ်တစ်ခုကိုမျှ မကျန်စေခြင်းငှာ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော်၊
14
အဗရှလုံနှင့် ဣသရေလ အမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံသည် အဟိသောဖေလပေးသော အကြံထက် သာ၍ကောင်းသည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှာ၊ အဟိသောဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။
15
ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား၊ အဟိသောဖေလသည် ဤမည်သောအကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့အား ပေးပြီ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ။
16
သို့ဖြစ်၍ ဒါဝိဒ်ထံသို့ အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက်မည်အကြောင်း မှာလိုက်သဖြင့်၊
17
ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတစ်ပါးမြင်မည်စိုးသောကြောင့်၊ အင်္ရောဂေလရွာနားမှာ နေရစဉ်တွင်၊ မိန်းမကလေးတစ်ယောက် သွား၍ပြောသည်အတိုင်း သူတို့သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ လျှောက်ကြ၏။
18
သို့ရာတွင် လူကလေးတစ်ယောက်သည် ထိုသူတို့ကိုမြင်၍ အဗရှလုံအား လျှောက်လေ၏။ သူတို့သည် အလျင်အမြန်သွား၍ ဗာဟုရိမ်မြို့တွင် အိမ်တစ်အိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ဆင်း၍၊
19
မိန်းမသည် ရေတွင်းဝကိုဖုံးပြီးမှ ဆန်ကိုလှန်း၍ထားသောကြောင့် ထိုအမှုသည် မထင်ရှား။
20
အဗရှလုံ၏ ကျွန်တို့သည် ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့် ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတစ်ဖက်သို့ ကူးကြပြီဟုပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။
21
ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက်၍ ဒါဝိဒ်မင်းကြီးထံသို့သွားပြီးလျှင်၊ မြစ်တစ်ဖက်သို့ အလျင်အမြန်ထ၍ ကြွတော်မူပါ။ အဟိသောဖေလသည် ကိုယ်တော်တစ်ဖက်၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော်၊
22
ဒါဝိဒ်နှင့် လူအပေါင်းတို့သည်ထ၍ ယော်ဒန်မြစ်ကိုကူးကြ၏။ မိုးလင်းသောအခါ မကူးသောသူ တစ်ယောက်မျှမရှိ။
23
အဟိသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင် ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုးတပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။
24
ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ၏။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ၏။
25
အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘအရာ၌ အာမသကိုခန့်ထား၏။ အာမသကား၊ ယွာဘအမိ ဇေရုယာ၏ညီမနာဟတ်သမီး အဘိဂဲလနှင့် စုံဖက်သော ဣရှမေလအမျိုးယေသာ၏သား ဖြစ်သတည်း။
26
ဣသရေလအမျိုးသားတို့နှင့် အဗရှလုံသည် ဂိလဒ်ပြည်၌ တပ်ချကြ၏။
27
ဒါဝိဒ်သည် မဟာနိမ်မြို့သို့ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှောဘိ၊ လောဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊
28
ထိုလူတို့သည် တော၌ရေစာငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟု ဆို၍၊ ဒါဝိဒ်နှင့် သူ၏လူများစားစရာဖို့ ဂျုံဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်မျိုး၊ ပဲမျိုး၊
29
ပျားရည်၊ နို့ဓမ်း၊ သိုး၊ ဒိန်ခဲနှင့်တကွ အိပ်ရာ၊ လင်ပန်း၊ မြေခွက်များကို ဆောင်ခဲ့ကြသည်။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24