bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 3
2 Samuel 3
Burmese 2021
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
1
ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာစစ်တိုက်၍၊ ဒါဝိဒ်သည် အားတိုးပွားလျက်၊ ရှောလုအမျိုးသည် အားရွေ့လျော့လျက်ရှိကြ၏။
2
ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။
3
ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲသမီး မာခါ၏သား အဗရှလုံတည်း။
4
စတုတ္တသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။ ပဥ္စမသားကား၊ အဘိတလ၏သား ရှေဖတိတည်း။
5
ဆဋ္ဌမသားကား၊ မြောက်သားတော် ဧဂလာတွင်မြင်သောသား ဣသရံတည်း။ ဤရွေ့ကား၊ ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတည်း။
6
ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကိုခိုင်မာစေ၏။
7
ရှောလု၌ အဲအာ၏သမီးရိဇပမည်သော မယားငယ်တစ်ယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့အဘ၏မယားငယ်ကို အဘယ်ကြောင့်သိမ်းသနည်းဟု အာဗနာအားဆိုလျှင်၊
8
ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက်၊ ငါသည် ယုဒအမျိုးကိုဆီးတား၍ သင့်အဘရှောလုအမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည်လော။
9
ထာဝရဘုရားသည် နိုင်ငံတော်ကို ရှောလုအမျိုးမှနုတ်၍
10
ဒါဝိဒ်၏အာဏာတော်ကို ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ်ရပ်တို့၌ တည်စေခြင်းငှာ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအားပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊
11
ဣရှဗောရှက်သည် ကြောက်၍ စကားတစ်ခွန်းကိုမျှ မပြန်ဝံ့။
12
ထိုနောက် အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည့်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှာ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။
13
ဒါဝိဒ်ကလည်း ကောင်းပြီ။ သင်နှင့်ငါ မိတ်သဟာယဖွဲ့မည်။ သို့ရာတွင် ငါတောင်းစရာတစ်ခုရှိ၏။ ငါ့မျက်နှာကိုမြင်အံ့သောငှာ လာသောအခါ၊ ရှောလုသမီး မိခါလကိုဆောင်ခဲ့ရမည်။ သို့မဟုတ် ငါ့မျက်နှာကိုမမြင်ရဟု ပြန်ဆို၏။
14
ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့ စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူအရေဖျားတစ်ရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊
15
ဣရှဗောရှက်သည် စေလွှတ်၍ ထိုမိန်းမကို သူ၏လင် လဲရှ၏သားဖာလတိလက်မှ နုတ်ယူလေ၏။
16
သူ၏လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ၏။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ၏။
17
အာဗနာသည်လည်း၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့် တိုင်ပင်လျက်၊ သင်တို့သည် အထက်က ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သောစိတ်ရှိကြသည်ဖြစ်၍၊
18
ယခု ချီးမြှောက်ကြလော့။ ထာဝရဘုရားက၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ၏လူဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့လက်မှလည်းကောင်း၊ ငါကယ်နုတ်မည်ဟု ဒါဝိဒ်အဖို့ မိန့်တော်မူပြီဟု ဆိုလေ၏။
19
တစ်ဖန် အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကိုလည်း သွေးဆောင်လေ၏၊ နောက်တစ်ဖန် ဣသရေလအမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုးတညီတညွတ်တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ်အား ပြန်လျှောက်ခြင်းငှာသွား၍၊
20
လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်သဖြင့်၊ ဒါဝိဒ်သည်ပွဲလုပ်၍ အာဗနာနှင့် သူ၏လူတို့ကို ကျွေး၏။
21
အာဗနာကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်းစိုးစံစေခြင်းငှာလည်းကောင်း၊ ကျွန်တော်ထသွား၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင်၊ ကျွန်တော်ရှင်ဘုရင်ထံတော်၌ စုဝေးစေပါမည်ဟုလျှောက်ပြီးမှ၊ ဒါဝိဒ်လွှတ်လိုက်၍ သူသည် ငြိမ်ဝပ်စွာသွားလေ၏။
22
ထိုအခါ ယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ၍၊ လက်ရဥစ္စာများကိုယူခဲ့ကြ၏။ အာဗနာသည် ဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့၌ မရှိ။ ဒါဝိဒ်သည် လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ။
23
ယွာဘနှင့် သူ၌ပါသော စစ်သူရဲအပေါင်းတို့သည် ရောက်ကြသောအခါ၊ နေရ၏သား အာဗနာသည် ရှင်ဘုရင်ထံတော်သို့ လာပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက်၍၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအားကြားပြောလျှင်၊
24
ယွာဘသည် ရှင်ဘုရင်ထံတော်သို့ဝင်၍၊ ကိုယ်တော်သည် အဘယ်သို့ပြုတော်မူသနည်း။ အာဗနာသည် အထံတော်သို့လာပြီးမှ တစ်ဖန် အလွတ်သွားစေခြင်းငှာ အဘယ်ကြောင့် လွှတ်လိုက်တော်မူသနည်း။
25
နေရ၏သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူခြင်းအလုံးစုံကို သိအံ့သောငှာသာ လာသည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်ပြီးလျှင်၊
26
အထံတော်ကထွက်၍ အာဗနာနောက်သို့ တမန်တို့ကိုစေလွှတ်လျက်၊ သိရရေတွင်းမှ ခေါ်လေ၏။ ထိုအမှုကို ဒါဝိဒ်မသိ။
27
အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် အသင့်အတင့်နှုတ်ဆက်ခြင်းငှာ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ဝမ်းကိုထိုး၍ သူသည်လည်းသေ၏။
28
ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ၊ နေရ၏သား အာဗနာကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရားရှေ့တော်၌ လွတ်ပါစေ။ ငါ့နိုင်ငံ လွတ်ပါစေ။
29
ယွာဘခေါင်း၊ သူ့အဆွေအမျိုးအပေါင်းတို့၏ ခေါင်းပေါ်သို့ ရောက်ပါစေ။ ယွာဘ၏အဆွေအမျိုး၌ ရိနာစွဲသောသူ၊ နူနာစွဲသောသူ၊ ကျောကုန်းသောသူ၊ ဓားဖြင့်သေသောသူ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို၏။
30
ထိုသို့ယွာဘနှင့် ညီအဘိရှဲသည် အာဗနာကိုသတ်၏။ အကြောင်းမူကား၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ၌ အာဗနာသတ်သတည်း။
31
ဒါဝိဒ်ကလည်း၊ ယွာဘနှင့် မိမိ၌ရှိသောသူအပေါင်းတို့အား၊ သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ဝတ်လျက်၊ အာဗနာအတွက် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့်တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက်လေ၏။
32
အာဗနာကိုဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ ငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ၏။
33
ရှင်ဘုရင်သည် အာဗနာအတွက် မြည်တမ်းသည်ကား၊ အာဗနာသည် လူမိုက်ကဲ့သို့သေသလော။
34
သင်၏လက်ကိုမချည်၊ သံချေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာပါပြီတကားဟု မြွက်ဆို၏။ လူအပေါင်းတို့သည်လည်း တစ်ဖန် ငိုကြွေးကြ၏။
35
မိုးမချုပ်မီ ဒါဝိဒ်သည် စားတော်ခေါ်မည်အကြောင်း လူအပေါင်းတို့သည် ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်က၊ နေမဝင်မီ မုန့်အစရှိသော စားစရာတစ်စုံတစ်ခုကို ငါမြည်းစမ်းလျှင်၊ ထိုမျှမက ငါ၌ ဘုရားသခင်ပြုတော်မူစေသတည်းဟု ကျိန်ဆို၏
36
ထိုအမှုကို လူအပေါင်းတို့သည်မှတ်၍ နှစ်သက်ကြ၏။ ပြုတော်မူသမျှတို့ကိုလည်း လူအပေါင်းတို့သည် နှစ်သက်ကြ၏။
37
ရှင်ဘုရင်သည် နေရ၏သားအာဗနာကို သတ်စေခြင်းငှာအလိုမရှိဟု ထိုနေ့၌ ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် သိနားလည်ကြ၏။
38
ရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုး၌ မင်းသားဖြစ်သောသူ၊ ကြီးမြတ်သောသူတစ်ပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလော။
39
ငါသည် ဘိသိက်ခံရ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း၏။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန်၍ အားကြီးကြ၏။ မတရားသဖြင့် ပြုသောသူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရားပေးဆပ်တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24