bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 16
2 Samuel 16
Burmese 2021
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ကျွန် ဇိဘသည် ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီးခြောက် အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီးပျဉ် အပြားတစ်ရာ စပျစ်ရည်ဘူးတစ်လုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှာ လာ၏။
2
ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှာ ဤဥစ္စာကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်းတို့သည် နန်းတော်သားများ စီးဖို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဖို့၊ စပျစ်ရည်သည်လည်း တော၌မောသောသူများသောက်ဖို့ ဖြစ်ပါသည်ဟု လျှောက်၏။
3
ရှင်ဘုရင်ကလည်း၊ သင့်သခင်၏သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက၊ ယေရုရှလင်မြို့၌ နေရစ်ပါ၏။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ၏နိုင်ငံကို ငါ့အားပြန်ပေးလိမ့်မည်ဟုဆိုကြောင်းကို လျှောက်လေသော်၊
4
ရှင်ဘုရင်က၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသောဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ၏။ ဇိဘကလည်း၊ အရှင်မင်းကြီး ကျွန်တော်သည် ရှေ့တော်၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော်ခံပါသည်ဟု ပြန်လျှောက်လေ၏။
5
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။
6
ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့်ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော်မတ်တော်အပေါင်းတို့သည် လက်ယာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။
7
ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူအသက်ကို သတ်သောအဓမ္မလူ၊
8
ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရသက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌ အပ်တော်မူပြီ။ သင်သည် လူအသက်ကို သတ်သောသူဖြစ်သောကြောင့် ကြည့်ပါ။ အမှုကြီး ရောက်လေပြီဟု ဆို၏။
9
ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊
10
ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု အဘယ်သူဆိုရမည်နည်း ဟူ၍လည်းကောင်း၊
11
ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကိုရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရား မှာထားတော်မူပြီ။
12
ထာဝရဘုရားသည် ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုးကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
13
ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တစ်ဖက်တစ်ချက်၊ တောင်ခါးပန်းနားမှာ လျှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့်ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။
14
ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍ အမောအပန်းဖြေကြ၏။
15
အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ရောက်၍ အဟိသောဖေလလည်း ပါ၏။
16
ဒါဝိဒ်၏အဆွေခင်ပွန်း အာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက်တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းချီးပေး၏။
17
အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊
18
ဟုရှဲက၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရားမှစ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ ထိုသူထံမှာ နေပါမည်ဟူ၍လည်းကောင်း၊
19
တစ်ဖန် အကြင်သူထံ၌ ကျွန်ခံရ၏။ ထိုသူ၏သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံရသည်နည်းတူ ကိုယ်တော်ထံ၌လည်း ကျွန်ခံပါမည်ဟူ၍လည်းကောင်း၊ အဗရှလုံအား လျှောက်ဆို၏။
20
အဗရှလုံကလည်း၊ ငါတို့သည်အဘယ်သို့ပြုရမည်ကိုအကြံပေးပါဟု အဟိသောဖေလအားဆိုလျှင်၊
21
အဟိသောဖေလက၊ နန်းတော်ကိုစောင့်စေခြင်းငှာ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည် ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသောသူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊
22
နန်းတော်ပေါ်မှာ အဗရှလုံအဖို့မျက်နှာကြက်ကိုမိုး၍၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်လေ၏။
23
ထိုကာလ၌ အဟိသောဖေလပေးသောအကြံသည် ဘုရားသခင့်ထံတော်၌ မေးလျှောက်၍ခံရသော ဗျာဒိတ်တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှသောအကြံကို ဒါဝိဒ်နှင့် အဗရှလုံသည် ဗျာဒိတ်တော်ကဲ့သို့မှတ်တတ်သတည်း။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24