bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 24
2 Samuel 24
Burmese 2021
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
1
နောက်တစ်ဖန် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက်စေခြင်းငှာ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။
2
ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို လျှောက်သွား၍၊ လူတို့ကိုရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ်မင်းယွာဘအား မိန့်တော်မူ၏။
3
ယွာဘကလည်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတစ်ရာ တိုးပွားစေသဖြင့်၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည်အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်သခင် အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အားလျှောက်လေ၏။
4
သို့သော်လည်း အမိန့်တော်သည် ယွာဘစကားနှင့် ဗိုလ်များစကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များတို့သည် လူတို့ကိုရေတွက်အံ့သောငှာ အထံတော်မှ ထွက်သွားကြ၏။
5
ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချကြ၏။
6
ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန်ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ဝိုင်းသွား၍၊
7
တုရုရဲတိုက်သို့လည်းကောင်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့လည်းကောင်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရရှေဘမြို့၌ လက်စသတ်ကြ၏။
8
ထိုသို့ တစ်ပြည်လုံးလျှောက်သွား၍ ကိုးလနှင့်အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။
9
ယွာဘသည်လည်း လူပေါင်းစာရင်းကို ရှင်ဘုရင်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ ရှစ်သိန်း၊ ယုဒအမျိုး၌ ငါးသိန်း ရှိကြ၏။
10
ဒါဝိဒ်သည် လူတို့ကိုရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၏အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ၏။
11
ဒါဝိဒ်သည် နံနက်အချိန်၌ထသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ပရောဖက်ဂဒ်သို့ရောက်လာ၍၊
12
ဒါဝိဒ်ထံသို့ သွားလော့။ အရာသုံးပါးကိုသင့်အား ငါပြ၏။ သင်၌ ငါပြုစရာဖို့ တစ်ပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
13
ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံး ကာလနာရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
14
ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏လက်တော်သို့ ရောက်ပါစေ။ ကရုဏတော် ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
15
ထိုနေ့နံနက်မှစ၍ ချိန်းချက်သောအချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလနာကို လွှတ်လိုက်တော်မူ၍၊ ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်းသေကြ၏။
16
ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရားသည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူ အရောန၏ကောက်နယ်တလင်းအနားမှာ ရှိ၏။
17
လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါသနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။
18
ထိုနေ့ချင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ရမည်ဟု၊
19
ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ၏။
20
ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျှင်၊ ပြင်သို့ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပျပ်ဝပ်လျက်၊
21
ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်းဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကိုငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှာလာသည်ဟု အမိန့်ရှိသော်၊
22
အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ၍ပူဇော်တော်မူပါ။ မီးရှို့ရာယဇ်ဖို့ နွားများရှိပါ၏။ ထင်းဖို့ ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သောတန်ဆာများ ရှိပါ၏ဟု ဒါဝိဒ်အားလျှောက်လျက်၊
23
အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။
24
ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကိုပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကိုဝယ်ပြီးမှ၊
25
ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဖို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာဘေးကို ငြိမ်းစေတော်မူ၏။ ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24