bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 21
2 Samuel 21
Burmese 2021
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
1
ထိုနောက် ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည် ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင်လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကိုသတ်တတ်သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။
2
ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင်မဟုတ်၊ ကျန်ကြွင်းသော အာမောရိအမျိုး ဖြစ်ကြ၏။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာကတိထားကြသော်လည်း၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အကျိုးကို စောင့်ရှောက်၍ သူတို့ကိုသတ်မည်ဟု အားထုတ်သတည်း။
3
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဖို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းချီးပေးစေခြင်းငှာ အဘယ်သို့ အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊
4
ဂိဗောင်လူတို့က၊ ကျွန်တော်တို့သည် ရှောလုနှင့် သူ၏အမျိုး၌ ရွှေငွေကိုမတောင်းပါ။ ကျွန်တော်တို့အတွက် ဣသရေလအမျိုးသား တစ်စုံတစ်ယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော်၊ သင်တို့ တောင်းသည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ၏။
5
သူတို့ကလည်း၊ ကျွန်တော်တို့ကို ညှဉ်းဆဲ၍ ဣသရေလနိုင်ငံအတွင်း၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှာ ကြိုးစားသောသူ၏-
6
သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဖို့ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။
7
သို့သော်လည်း ဒါဝိဒ်နှင့်ရှောလု၏သားယောနသန်တို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ယောက်နှင့်တစ်ယောက် သစ္စာကတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သော မေဖိဗောရှက်ကို နှမြောတော်မူ၏။
8
သို့ဖြစ်၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပဖွားမြင်သော ရှောလု၏သား အာမောနိနှင့် မေဖိဗောရှက်နှစ်ယောက်မှစ၍၊ ရှောလု၏သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ၏သားအဒြေလမြင်သော သားငါးယောက်တို့ကိုယူ၍၊
9
ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါးရိတ်စကာလ၊ တစ်နေ့ချင်းတွင် အသေသတ်ခြင်းကိုခံရ၍ တစ်ပြိုင်နက်သေကြ၏။
10
အဲအာသမီးရိဇပသည် စပါးရိတ်စကာလမှစ၍ မိုးမရွာမီတိုင်အောင် လျှော်တေကိုယူ၍ ကျောက်ပေါ်မှာ အိပ်စရာဖို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်းကောင်အပေါ်၌ ငှက်မနား၊ ညအချိန်တွင် သားရဲမကိုက်စေခြင်းငှာ စောင့်ရှောက်လျက်နေ၏။
11
ရှောလု၏ကိုယ်လုပ်တော် အဲအာသမီး ရိဇပပြုသောအမှုကို ဒါဝိဒ်သည် ကြားသောအခါ၊
12
ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကိုသတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဗက်ရှမ်လမ်းမှ ခိုးသွားသော ဂိလဒ်ပြည် ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော်ယောနသန်အရိုးတို့ကိုယူ၍၊
13
ထိုအရပ်မှဆောင်သွားသဖြင့်၊ ဆွဲထားသော သူတို့၏အရိုးများကိုလည်း စုသိမ်းပြီးလျှင်၊
14
ဗင်္ယာမိန်ပြည်၊ ဇေလရွာ၊ ရှောလုအဘကိရှ၏သင်္ချိုင်း၌သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြပြီးသည်နောက်၊ နိုင်ငံတော်အဖို့ ဆုတောင်းသောစကားကို ဘုရားသခင်နားထောင်တော်မူ၏။
15
နောက်တစ်ဖန် ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးသားတို့ကိုစစ်တိုက်၍၊ ဒါဝိဒ်နှင့် သူ၏ကျွန်တို့သည် ဆီးကြို၍ တိုက်လှန်ကြစဉ်၊ ဒါဝိဒ်သည် မောပန်းလျက်နေလေ၏။
16
ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံးပိဿာရှိသော ကြေးဝါလှံကိုကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက် ဒါဝိဒ်ကို သတ်မည်ဟုကြံလေ၏။
17
ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိလူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက်တစ်ဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက်ကြ၏။
18
နောက်တစ်ဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖကို သတ်လေ၏။
19
နောက်တစ်ဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။
20
နောက်တစ်ဖန် ဂါသမြို့မှစစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တစ်ဖက်၌ လက်ခြောက်ချောင်းစီ၊ ခြေတစ်ဖက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေးချောင်းရှိသော ရေဖိမ်အမျိုးသားတစ်ယောက်သည်၊
21
ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကို ရှိမာ၏သားယောနသန်သည် ထိုသူကို သတ်လေ၏။
22
ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24