bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 20
2 Samuel 20
Burmese 2021
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 21 →
1
ထိုအခါ ဗင်္ယာမိန်အမျိုး ဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတစ်ယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလ အမျိုး၊ ငါတို့သည် ဒါဝိဒ်၌တစ်ဖို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
2
ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှထွက်၍ ဗိခရိသားရှေဘနောက်သို့ လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
3
ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကိုစောင့်စေခြင်းငှာ ထားခဲ့သော ကိုယ်လုပ်တော်တစ်ကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဖော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုဆိုးမကဲ့သို့ နေရကြ၏။
4
ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင်လာရမည်ဟု အာမသအား မိန့်တော်မူ၏။
5
အာမသသည် သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
6
ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည် သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ကျွန်တို့ကို ခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့ တစ်စုံတစ်မြို့ထဲသို့ဝင်၍ ငါတို့လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
7
အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့် ခေရသိလူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်းတို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှာ ယေရုရှလင်မြို့မှ ထွက်သွားကြ၏။
8
ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည် သူတို့ရှေ့သို့ ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သောအဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ဓားကိုအိမ်နှင့်တကွ ဆွဲလျက်ထား၏။ သွားစဉ်တွင် ဓားသည် လျှော၍ကျ၏။
9
ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကိုမေး၍ နမ်းဟန်ဆောင်လျက် လက်ယာလက်နှင့် အာမသ၏မုတ်ဆိတ်ကို ကိုင်၏။
10
လက်ဝဲလက်၌ကိုင်သောဓားကို အာမသသည် သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသားရှေဘကို လိုက်ကြ၏။
11
သူအနားမှာ ယွာဘ၏လူတစ်ယောက်သည်ရပ်၍ ယွာဘနှင့်ဒါဝိဒ်ဘက်၌ နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
12
အာမသသည် လမ်းမအလယ်တွင် မိမိအသွေး၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူ အပေါင်းတို့သည် ရပ်၍ နေကြသည်ကို ယွာဘ၏လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
13
ထိုသို့ လမ်းမကရွှေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာဘနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
14
ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့တိုင်အောင် ဣသရေလတိုင်းခရိုင် ရှိသမျှကို လျှောက်သွား၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘနောက်သို့ လိုက်ကြ၏။
15
ရှေဘတည်းခိုသော ဗက်မာခပြည်၊ အာဗေလမြို့ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတစ်ဖက်တစ်ချက်၌ မြေရိုးကိုဖို့ကြ၏။ ယွာဘနှင့် သူ၏လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှာ ထိုးဖောက်ကြ၏။
16
ထိုအခါ ပညာရှိသော မိန်းမတစ်ယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊
17
ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည် ယွာဘဟုတ်သလောဟု မေးလျှင်၊ ငါဟုတ်သည်ဟု ဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနားထောင်လျက်နေသည်ဟု ဆိုသော်၊
18
မိန်းမက၊ အကယ်စင်စစ် အာဗေလမြို့မှာတိုင်ပင်၍ အမှုကိုဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။
19
ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူ ဖြစ်ပါ၏။ ကိုယ်တော်သည် မြို့တစ်မြို့တည်းဟူသော ဣသရေလအမျိုးတွင် အမိတစ်ယောက်ကို ဖျက်ဆီးခြင်းငှာ ရှာတော်မူ၏။ ထာဝရဘုရား၏အမွေတော်ကို မျိုခြင်းငှာ အဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊
20
ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ဝေးပါစေသော။
21
ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင်ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ဦးခေါင်းကို ကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊
22
ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကိုဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
23
ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
24
အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
25
ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
26
ယာဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24