bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 4
2 Samuel 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 5 →
1
အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလု၏သားသည်ကြားသော် အားလျော့၏။ ဣသရေလလူ အပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။
2
ရှောလု၏သား၌ဗာနာနှင့် ရေခပ်အမည်ရှိသောသူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုး ဗေရောသိအနွယ် ရိမ္မုန်၏သားဖြစ်ကြ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော်လည်း၊
3
ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက်နေကြသတည်း။
4
ရှောလု၏သားယောနသန်၌ ခြေဆွံ့သော သားတစ်ယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသောအခါ၊ ယေဇရေလမြို့မှ ရှောလုနှင့် ယောနသန်တို့၏သတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ပြေးစဉ်တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည်ကျ၍ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။
5
ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။
6
ထိုညီအစ်ကို ရေခပ်နှင့်ဗာနာတို့သည် စပါးကိုထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ဝင်ပြီးလျှင်၊
7
အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တစ်ညလုံး လွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ၏။
8
ဣရှဗောရှက်၏ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူ ရှောလု၏သား ဣရှဗောရှက်၏ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင်မင်းကြီးခံရတော်မူသော အပြစ်ကို ထာဝရဘုရားသည် ရှောလု၌လည်းကောင်း၊ သူ၏အမျိုးအနွယ်၌လည်းကောင်း၊ ယနေ့ဆပ်ပေးတော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊
9
ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊
10
အရင်တစ်ခါ လူတစ်ယောက်သည်လာ၍ ဝမ်းမြောက်စရာသတင်းကို ပြောမည်အကြံရှိလျက်၊ ရှောလုသေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသတင်းကိုပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍ သတ်၏။
11
ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကို သူ၏အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင် သူ၏အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည် မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သား ရေခပ်နှင့် ညီဗာနာအား ဆိုပြီးလျှင်၊
12
လုလင်တို့ကို မိန့်တော်မူ၍ ထိုသူနှစ်ယောက်ကို သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန်ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အာဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24