bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Samuel 19
2 Samuel 19
Burmese 2021
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
1
ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည်တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။
2
ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်နာကျင်တော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ကြား၍၊
3
စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။
4
ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံနှင့် ငိုကြွေးတော်မူ၏။
5
ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏အသက်မှစ၍ သားတော်သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့ အရှက်ကွဲစေတော်မူပြီ။
6
ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော်မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ကျွန်တော်သိမြင်ပါ၏။
7
ယခုမှာထတော်မူပါ။ ကြွ၍ ကိုယ်တော်ကျွန်တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူလျှင် ယနေ့ညမှာ အထံတော်၌ လူတစ်ယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသောအမှုထက် သာ၍ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊
8
ရှင်ဘုရင်သည် ထ၍ တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ ထိုင်တော်မူသည်ကို လူအပေါင်းတို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။
9
ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူတို့လက်မှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။
10
ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံသည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တစ်ဖန်ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
11
ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒအမျိုး သက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။
12
သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသားဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့်နောက်ကျကြသနည်း ဟူ၍လည်းကောင်း၊
13
အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့မှာ ယွာဘ၏ကိုယ်စား အစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍လည်းကောင်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။
14
ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီတညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင်ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။
15
ထိုအခါ ရှင်ဘုရင်သည်ပြန်၍ ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီးဦးကြိုပြု၍ ယော်ဒန်မြစ်တစ်ဖက်သို့ပို့ခြင်းငှာ ဂိလဂါလမြို့သို့ သွားကြ၏။
16
ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ်မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှာ အလျင်အမြန် လိုက်လာ၏။
17
သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတစ်ထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သား တစ်ကျိပ်ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။
18
ကူးတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှာလည်းကောင်း၊ အလိုတော်ကို ဆောင်ခြင်းငှာလည်းကောင်း၊ သွားလာလျက်ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပျပ်ဝပ်၍၊
19
ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ်ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူးစွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်းတော် မမူပါနှင့်။
20
ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ်တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင်မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှာ လာပါပြီဟု လျှောက်လေ၏။
21
ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲသောကြောင့် အသေသတ်ခြင်းကို ခံရမည်မဟုတ်လောဟုဆိုသော်၊
22
ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသား တစ်စုံတစ်ယောက်သည် ယနေ့အသေသတ်ခြင်းကိုခံရမည်လော။ ငါသည် ယနေ့ ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည်မဟုတ်လောဟု မိန့်တော်မူ၍၊
23
ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။
24
ရှောလု၏သား မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာလာ၏။ ရှင်ဘုရင်ထွက်သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော်မမူမီတိုင်အောင်၊ သူသည်ခြေတို့ကို မပြုစု၊ မုတ်ဆိတ်ကိုမပြင်ဆင်၊ အဝတ်ကို မလျှော်ဘဲနေပြီ။
25
ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ယေရုရှလင်မြို့သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော်မူလျှင်၊
26
အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့သောကြောင့် မြည်းစီး၍ ကိုယ်တော်ထံသို့သွားခြင်းငှာ မြည်းကို ကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန်သည် ကျွန်တော်ကို လှည့်စားပါ၏။
27
အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။
28
ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင်မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲတော်၌ စားသောသူတို့နှင့်အတူ ကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊
29
ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ်ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည် မြေကိုဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။
30
မေဖိဗောရှက်ကလည်း၊ အရှင်မင်းကြီးသည် နန်းတော်သို့တစ်ဖန် ငြိမ်ဝပ်စွာရောက်တော်မူသောကြောင့်၊ သူသည်အလုံးစုံတို့ကိုပင်ယူပါစေဟု လျှောက်လေ၏။
31
ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ခြင်းငှာ ကိုယ်တော်နှင့်အတူ ကူးလေ၏။
32
ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ၍ အိုသောသူဖြစ်၏။ ရှင်ဘုရင်သည် မဟာနိမ်မြို့မှာ တပ်ချသောကာလပတ်လုံး ရှင်ဘုရင်ကို လုပ်ကျွေး၏။ အလွန်ရတတ်သောသူလည်း ဖြစ်၏။
33
ရှင်ဘုရင်ကလည်း ငါနှင့်အတူလိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအားအမိန့်ရှိလျှင်၊
34
ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင်မြို့သို့သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက် ကျန်ကြွင်းပါသေးသနည်း။
35
ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော်ပိုင်းခြား၍ သိနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ ဆိုသောအသံကို ကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ယှက်ရပါမည်နည်း။
36
ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့်အတူ ယော်ဒန်မြစ်တစ်ဖက်သို့ အနည်းငယ်လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ်ကြောင့် ချပေးတော်မူမည်နည်း။
37
ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း၊ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း သူ၌ပြုတော်မူပါဟု လျှောက်လေ၏။
38
ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင်အလိုရှိသည်အတိုင်း သူ၌ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဖို့ ငါပြုမည်ဟု မိန့်တော်မူ၏။
39
လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ၏။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ၊ ဗာဇိလဲကိုနမ်း၍ ကောင်းချီးပေးတော်မူသဖြင့်၊ သူသည် မိမိနေရာသို့ ပြန်သွား၏။
40
ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ၏။ ခိမဟံသည်လည်း လိုက်လေ၏။ ယုဒအမျိုးသားရှိသမျှတို့နှင့် ဣသရေလအမျိုးသား တစ်ဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။
41
တစ်ဖန် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ်သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကိုခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သား ကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ရကြမည်နည်းဟု လျှောက်ကြသော်၊
42
ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဖော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစ်စုံတစ်ခုသော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောကြ၏။
43
ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဖို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေ့ဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့စကားသည် သာ၍ခိုင်ခံ့၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24