bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 12
1 Samuel 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 13 →
1
ထိုအခါ ရှမွေလက အစ္စရေးလူမျိုးအပေါင်းတို့အား “ကြည့်ရှုလော့။ သင်တို့စကား၊ သင်တို့ပြောသမျှကို ငါနားထောင်ပြီး သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ငါတင်မြှောက်ပေးခဲ့ပြီ။
2
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။
3
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
4
သူတို့ကလည်း “အရှင်သည် အကျွန်ုပ်တို့ကို မလှည့်စားဖူးပါ။ မညှဉ်းဆဲဖူးပါ။ မည်သူ့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှလည်း မယူဖူးပါ”ဟု ပြန်ပြောကြ၏။
5
ရှမွေလကလည်း “သင်တို့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ရာမျှ မယူခဲ့ကြောင်း ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ယနေ့ ကိုယ်တော်၏ဘိသိက်ခံသူလည်း သက်သေဖြစ်၏”ဟု ဆိုလျှင် သူတို့ကလည်း “သက်သေဖြစ်ပါ၏”ဟု ဆိုကြ၏။
6
တစ်ဖန် ရှမွေလက လူတို့အား “မောရှေနှင့်အာရုန်ကို ရွေးကောက်ပြီး သင်တို့၏ဘိုးဘေးများကို အီဂျစ်ပြည်မှထုတ်ဆောင်စေသောအရှင်မှာ ထာဝရဘုရားပင်ဖြစ်၏။
7
ယခု ရပ်နေကြလော့။ သင်တို့နှင့် သင်တို့၏ဘိုးဘေးများအတွက် ထာဝရဘုရားပြုတော်မူသည့် ဖြောင့်မတ်သောအမှုရှိသမျှတို့ကို ထာဝရဘုရားရှေ့တော်၌ သင်တို့ကို ငါရှင်းလင်းပြောပြမည်။
8
ယာကုပ်သည် အီဂျစ်ပြည်သို့ ရောက်သွားပြီးနောက် သင်တို့၏ဘိုးဘေးတို့သည် ထာဝရဘုရားထံ အော်ဟစ်ကြ၏။ ထိုအခါ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို စေလွှတ်တော်မူ၍ သူတို့သည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ဤအရပ်တွင် နေထိုင်စေ၏။
9
သို့သော် သင်တို့၏ဘိုးဘေးတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကိုမေ့လျော့ကြသဖြင့် ကိုယ်တော်သည် သူတို့ကို ဟာဇော်စစ်သူကြီးသိသရ၏လက်သို့လည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်တို့လက်သို့လည်းကောင်း အပ်လိုက်တော်မူ၏။ ထိုသူတို့သည်လည်း ဘိုးဘေးတို့ကို တိုက်ခိုက်လေ၏။
10
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။
11
ထို့ကြောင့် ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗေဒန် ၊ ယေဖသနှင့် ရှမွေလတို့ကိုစေလွှတ်၍ သင်တို့ဝန်းကျင်ရှိရန်သူတို့လက်မှ သင်တို့ကို ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးကင်းလုံခြုံစွာနေရကြ၏။
12
အမ္မုန်ဘုရင်နာဟတ်မင်းကြီး စစ်ချီလာသည်ကို သင်တို့မြင်သောအခါ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘုရင်ဖြစ်နေလျက်နှင့်ပင် သင်တို့က ငါ့အား ‘မဟုတ်ပါ၊ အကျွန်ုပ်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်ကို ခန့်ပေးပါ’ဟု တောင်းဆိုကြ၏။
13
ထို့ကြောင့် ယခု ကြည့်ရှုလော့။ သင်တို့ရွေးချယ်သောရှင်ဘုရင်၊ သင်တို့တောင်းဆိုသောရှင်ဘုရင်သည် ဤသူပင်တည်း။ သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ထာဝရဘုရား ခန့်ထားတော်မူပြီ။
14
သင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ အမှုတော်ကိုထမ်းဆောင်လျက် စကားတော်ကိုနာခံပြီး ထာဝရဘုရား၏အမိန့်တော်ကို မဖီဆန်လျှင်၊ သင်တို့နှင့်တကွ သင်တို့ကိုအုပ်စိုးသောရှင်ဘုရင်သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လိုက်လျှင် ချမ်းသာရာရကြလိမ့်မည်။
15
အကယ်၍ သင်တို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံဘဲ ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျှင် ထာဝရဘုရား၏လက်တော်သည် သင်တို့၏ဘိုးဘေးတို့ကို ဒဏ်ခတ်သကဲ့သို့ သင်တို့ကို ဒဏ်ခတ်တော်မူမည်။
16
ယခု ရပ်နေကြလော့။ သင်တို့ရှေ့၌ ထာဝရဘုရားပြုတော်မူမည့်အမှုကြီးကို ကြည့်ကြလော့။
17
ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင်
18
ရှမွေလသည် ထာဝရဘုရားထံ ဆုတောင်းသောအခါ ထိုနေ့တွင် ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကို ရွာသွန်းစေတော်မူသဖြင့် လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြလေ၏။
19
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
20
ရှမွေလကလည်း လူတို့အား “သင်တို့မကြောက်ကြပါနှင့်။ ဤမကောင်းမှုအလုံးစုံကို ပြုမိခဲ့ကြသော်လည်း ယခုမှာ ထာဝရဘုရားနောက်တော်သို့လိုက်ခြင်းမှ မလွှဲသွားကြပါနှင့်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြပါလော့။
21
အကျိုးမပေးသော၊ မကယ်တင်နိုင်သောအချည်းနှီးသောအရာတို့နောက်သို့လိုက်၍ လမ်းမလွဲကြနှင့်။ ထိုအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။
22
ထာဝရဘုရားသည် ကြီးမြတ်သောနာမတော်ကို ထောက်၍ မိမိ၏လူမျိုးတော်ကို စွန့်ပစ်မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို မိမိလူမျိုးတော်ဖြစ်စေဖို့ အလိုရှိတော်မူ၏။
23
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။
24
ထာဝရဘုရားသည် သင်တို့အဖို့ မည်မျှကြီးမားသောအမှုပြုတော်မူသည်ကို ဆင်ခြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလော့။ သစ္စာရှိလျက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။
25
သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31