bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 4
1 Samuel 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 5 →
1
ရှမွေလ၏စကားသည် အစ္စရေးတစ်မျိုးလုံးထံသို့ ရောက်ရှိ၏။ ယခုတွင် အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်၍ ဧဗနေဇာမြို့တွင် စခန်းချကြ၏။ ဖိလိတ္တိလူမျိုးတို့ကား အာဖက်မြို့တွင် စခန်းချကြ၏။
2
ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့နှင့် စစ်ခင်းကျင်းကြရာ စစ်ပွဲပြင်းထန်၍ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ စစ်မြေပြင်တွင် အစ္စရေးလူမျိုးလေးထောင်ခန့် ကျဆုံးလေ၏။
3
စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။
4
ထို့နောက် ရှိလောမြို့သို့ လူလွှတ်၍ ခေရုဗိမ် အထက်တွင် စံနေတော်မူသောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ရှိလောမြို့မှ ယူဆောင်လာစေ၏။ ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်နှင့်အတူ လိုက်ပါလာကြ၏။
5
တပ်စခန်းထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရောက်လာသောအခါ အစ္စရေးလူမျိုးအပေါင်းတို့သည် မြေကြီးတုန်လှုပ်မတတ် ကျယ်လောင်စွာကြွေးကြော်ကြလေ၏။
6
ထိုကြွေးကြော်သံကို ကြားသောအခါ ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲတပ်စခန်းမှ ကြွေးကြော်သံကြီးကား အဘယ်နည်း”ဟု မေးမြန်းစူးစမ်း၍ တပ်စခန်းထဲသို့ ထာဝရဘုရား၏သေတ္တာတော် ရောက်လာကြောင်းသိရလျှင်
7
ဖိလိတ္တိလူမျိုးတို့သည် ကြောက်ရွံ့ကြ၍ “တပ်စခန်းအတွင်းသို့ ဘုရားသခင် ရောက်လေပြီ။ ငါတို့၌ အမင်္ဂလာဖြစ်လေပြီ။ ယခင်က ဤသို့တစ်ခါမျှမဖြစ်စဖူး။
8
ငါတို့၌ အမင်္ဂလာ ဖြစ်လေပြီ။ ဤတန်ခိုးကြီးသောဘုရား၏လက်မှ ငါတို့ကို မည်သူကယ်တင်မည်နည်း။ ဤဘုရားကား တောကန္တာရ၌ အီဂျစ်လူမျိုးတို့ကို ကပ်ရောဂါအမျိုးမျိုးဖြင့် ဒဏ်ခတ်တော်မူသောဘုရားဖြစ်၏။
9
အို ဖိလိတ္တိလူမျိုးတို့၊ အားယူကြလော့။ ယောက်ျားပီသကြလော့။ သို့မဟုတ်လျှင် ဟေဗြဲလူမျိုးတို့သည် သင်တို့ထံ၌ ကျွန်ခံခဲ့ရသကဲ့သို့ သင်တို့သည် သူတို့ထံ ကျွန်ပြန်ခံရမည်။ ထို့ကြောင့် ယောက်ျားပီပီ တိုက်ကြလော့”ဟု ပြောဆိုကြပြီး
10
ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ကြရာ အစ္စရေးလူမျိုးတို့ ရှုံးနိမ့်သဖြင့် မိမိတို့တဲသို့ အသီးသီးပြန်ပြေးကြလေ၏။ တိုက်ပွဲပြင်းထန်လွန်းသဖြင့် အစ္စရေးလူမျိုးတို့ဘက်မှ ခြေလျင်တပ်သားသုံးသောင်းကျဆုံးလေ၏။
11
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွားပြီး ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးလေ၏။
12
ထိုနေ့တွင်ပင် ဗင်္ယာမိန်အမျိုးသားတစ်ဦးသည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်တွင်မြေမှုန့်ကို တင်လျက် စစ်မြေပြင်မှ ရှိလောမြို့သို့ အပြေးအလွှားရောက်လာ၏။
13
ထိုသူရောက်လာသောအချိန်တွင် ဧလိသည် ဘုရားသခင်၏သေတ္တာတော်အတွက် စိတ်ပူပန်သဖြင့် လမ်းဘေးထိုင်ခုံပေါ်၌ ထိုင်လျက်စောင့်နေ၏။ ထိုသူသည် မြို့ထဲသို့ရောက်လာပြီး စစ်သတင်းကို ပြောကြားသောအခါ တစ်မြို့လုံးအော်ဟစ်ငိုကြွေးကြ၏။
14
ထိုအော်ဟစ်သံများကို ဧလိကြားလျှင် “ဤအုတ်အော်သောင်းနင်းအသံများကား အဘယ်သို့နည်း”ဟု မေး၏။ ထိုသူလည်း အလျင်အမြန်လာပြီး ဧလိအားပြောပြလေ၏။
15
ထိုအချိန်၌ ဧလိသည် အသက်ကိုးဆယ့်ရှစ်နှစ်အရွယ်ရှိပြီး မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။
16
ထိုသူက ဧလိအား “အကျွန်ုပ်သည် စစ်မြေပြင်မှ ထွက်ပြေးလာသူဖြစ်ပါ၏။ ယနေ့ပင် စစ်မြေပြင်မှ ထွက်ပြေးလာပါ၏”ဟု ပြောလျှင် ဧလိက “ငါ့သား၊ အခြေအနေ မည်သို့ရှိသနည်း”ဟု မေး၏။
17
စစ်သတင်းကြားပြောသူကလည်း “အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးရပါ၏။ လူအမြောက်အမြား ကျဆုံးပါ၏။ သခင်၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးပါပြီ။ ဘုရားသခင်၏သေတ္တာတော်လည်း ရန်သူ့လက်သို့ ပါသွားပါပြီ”ဟု ကြားပြောလေ၏။
18
ထိုသို့ ဘုရားသခင်၏သေတ္တာတော်အကြောင်းကို ကြားလိုက်ရသောအခါ ဧလိသည် မြို့တံခါးနား သူထိုင်နေသောထိုင်ခုံပေါ်မှ အနောက်သို့လန်ကျရာ အသက်လည်းကြီး လူလည်းဝသဖြင့် ဇက်ကျိုးကာ သေလေ၏။ သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ် စီရင်အုပ်ချုပ်ခဲ့၏။
19
သူ၏ချွေးမဖြစ်သူ ဖိနဟတ်၏မယားသည်လည်း သားဖွားခါနီးကိုယ်ဝန်အရင့်အမာနှင့် ဖြစ်နေ၍ ဘုရားသခင်၏သေတ္တာတော် ရန်သူ့လက်သို့ပါသွားကြောင်း၊ ယောက္ခမနှင့်ခင်ပွန်းသေဆုံးကြောင်း သတင်းများကြားရသောအခါ ချက်ချင်းပင် သားဖွားခြင်းဝေဒနာအလူးအလိမ့်ခံစားလာရ၍ သားဖွားလေ၏။
20
သူသေခါနီးတွင် သူ့အနီးရှိအမျိုးသမီးများက “မကြောက်နှင့်၊ သင် သားယောက်ျားလေးမွေးပြီ”ဟု ဆိုသော်လည်း သူပြန်မပြောနိုင်၊ အရေးလည်းမစိုက်နိုင်တော့ပေ။
21
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွား၍ ယောက္ခမနှင့်ခင်ပွန်းသည်တို့လည်း ဆုံးပါးသွားသောကြောင့် “အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားပြီ”ဟု ဆိုလျက် ထိုသူငယ်၏အမည်ကို ဣခဗုဒ် ဟုမှည့်ခေါ်လေ၏။
22
ထို့နောက် သူက “ဘုရားသခင်၏သေတ္တာတော်သည် ရန်သူတို့လက်သို့ပါသွားပြီဖြစ်၍ အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားလေပြီ”ဟု ဆိုလေ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31