bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 25
1 Samuel 25
Burmese MSBU
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
1
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။
2
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။
3
သူ့အမည်မှာ နာဗလ၊ သူ့မယားအမည်မှာ အဘိဂဲလဖြစ်၏။ သူ့မယားသည် ဉာဏ်ရည်ထက်မြက်ပြီး ရုပ်ရည်လည်း ချောမောလှပသူဖြစ်၏။ နာဗလမူကား ကာလက်လူမျိုးဖြစ်ပြီး ကြမ်းတမ်းသောသူ၊ စရိုက်ဆိုးသွမ်းသောသူဖြစ်၏။
4
နာဗလသည် မိမိသိုးများကို အမွေးညှပ်လျက်နေကြောင်း တောကန္တာရတွင်နေသောဒါဝိဒ်ကြားသိလျှင်
5
ငယ်သားဆယ်ဦးကို လွှတ်၍ ဒါဝိဒ်က ထိုငယ်သားတို့အား “ကရမေလမြို့သို့ တက်သွားပြီး နာဗလထံသို့ သွားကြလော့။ ငါ့ကိုယ်စား သူ့ကို နှုတ်ဆက်ကြလော့။
6
သင်တို့က ‘အသင်နာဗလ၊ အသက်ရှည်ပါစေ။ ချမ်းမြေ့ပါစေ။ သင့်အိမ်သူအိမ်သားများလည်း ချမ်းမြေ့ကြပါစေ။ သင်၌ရှိသောသူအပေါင်းတို့လည်း ချမ်းမြေ့ကြပါစေ။
7
အသင် ယခု သိုးမွေးညှပ်နေသည်ဟု ကြားသိရပါ၏။ သင်၏သိုးထိန်းတို့သည် ငါတို့နှင့်အတူ ရှိနေစဉ်က ငါတို့သည် သူတို့ကို မနှောင့်ယှက်ခဲ့ပါ။ ကရမေလမြို့၌ရှိနေစဉ်ကာလပတ်လုံး သူတို့ပစ္စည်းတစ်စုံတစ်ရာမျှ မပျောက်ရှခဲ့ပါ။
8
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။
9
ဒါဝိဒ်၏ငယ်သားတို့သည်လည်း သွား၍ ဒါဝိဒ်မှာလိုက်သောစကားအလုံးစုံကို နာဗလအား ပြောကြားပြီးနောက် စောင့်ဆိုင်းလျက်နေကြစဉ်
10
နာဗလက ဒါဝိဒ်၏အစေအပါးတို့အား “ဒါဝိဒ်ကား မည်သူနည်း။ ယေရှဲ၏သားကား မည်သူနည်း။ ယခုနေ့ရက်တို့တွင် သခင့်ထံမှ ထွက်ပြေးသောအစေအပါး များပြားလှပါတကား။
11
သိုးမွေးညှပ်သူတို့အတွက် ငါပြင်ဆင်ပေးထားသော မုန့်၊ ရေနှင့် အသားတို့ကိုယူပြီး မည်သည့်အရပ်မှလာသည်ကို ငါမသိသောသူတို့အား ပေးရမည်လော”ဟု ပြန်ပြော၏။
12
ထို့ကြောင့် ဒါဝိဒ်၏ငယ်သားတို့သည် လာရာလမ်းသို့ လှည့်၍ ပြန်လာကြ၏။ သူတို့ ပြန်ရောက်သောအခါ ဒါဝိဒ်အား ထိုစကားအားလုံးကို ပြန်ပြောပြကြ၏။
13
ထိုအခါ ဒါဝိဒ်က မိမိလူတို့အား “ကိုယ့်ဓားကိုယ် အသီးသီးစွဲကိုင်ကြလော့”ဟု ဆိုလျှင် သူတို့သည် ကိုယ့်ဓားကိုယ်စွဲကိုင်၍ ဒါဝိဒ်သည်လည်း မိမိဓားကိုစွဲကိုင်၏။ လူလေးရာခန့်သည် ဒါဝိဒ်နောက်သို့လိုက်၍ လူနှစ်ရာခန့်မှာ ပစ္စည်းစောင့်ရန်ကျန်နေခဲ့၏။
14
ထိုအခါ အစေအပါးတို့ထဲမှ ငယ်သားတစ်ဦးက နာဗလ၏မယား အဘိဂဲလအား “ဒါဝိဒ်သည် တောကန္တာရမှ စေတမန်ကိုလွှတ်၍ အကျွန်ုပ်တို့သခင်အား နှုတ်ဆက်သည်ကို အကျွန်ုပ်တို့သခင်သည် သူတို့အား ရိုင်းပြစွာပြောဆိုလိုက်ပါ၏။
15
သူတို့သည် အကျွန်ုပ်တို့အပေါ် အလွန်ကောင်းပါ၏။ တောထဲတွင် သူတို့နှင့်လှည့်လည်သွားလာသောကာလပတ်လုံး အကျွန်ုပ်တို့ကို အနှောင့်အယှက်မပေး။ အကျွန်ုပ်တို့ပစ္စည်းများလည်း ပျောက်ရှခြင်း မရှိခဲ့ပါ။
16
ထိုသို့ သူတို့နှင့်အတူ သိုးထိန်းခဲ့ချိန်တစ်လျှောက်လုံး သူတို့သည် နေ့ရောညပါ အကျွန်ုပ်တို့အဖို့ အကွယ်အကာ ဖြစ်ခဲ့ပါ၏။
17
ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။
18
ထိုအခါ အဘိဂဲလသည် မုန့်အလုံးနှစ်ရာ၊ စပျစ်ဝိုင်နှစ်ဘူး၊ ခုတ်ထစ်ပြီးသားသိုးငါးကောင်၊ မုန့်ဆန်းငါးစေအာ ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပျဉ်အချပ်နှစ်ရာ တို့ကို အလျင်အမြန်ယူ၍ မြည်းများပေါ်တင်ပြီးလျှင်
19
သူ့ငယ်သားတို့အား “သင်တို့ ငါ့ရှေ့မှ အလျင်သွားနှင့်ကြ။ သင်တို့နောက်မှ ငါလိုက်ခဲ့မည်”ဟု ဆို၏။ ဤကိစ္စကို သူ့ခင်ပွန်းနာဗလအား မပြောပြဘဲနေ၏။
20
အဘိဂဲလသည် မြည်းကိုစီးလျက် တောင်ကွေ့တစ်ခုသို့ရောက်လာစဉ် ဒါဝိဒ်နှင့်သူ့လူတို့သည်လည်း ဆင်းလာ၍ ထိုနေရာတွင် တွေ့ဆုံမိကြ၏။
21
ဒါဝိဒ်က “တောထဲတွင် ဤသူပိုင်သောဥစ္စာရှိသမျှ တစ်စုံတစ်ရာမျှ မပျောက်ရှအောင် ငါစောင့်ရှောက်ပေးခဲ့သည်မှာ အချည်းနှီးဖြစ်၏။ သူသည် ငါ့အား အကောင်းကို အဆိုးနှင့် တုံ့ပြန်ခဲ့ပြီ။
22
ထို့ကြောင့် နံနက်မိုးသောက်ချိန်တွင် ငါသည် သူ့လူယောက်ျားတစ်စုံတစ်ယောက်ကို အသက်ရှင်ကျန်နေစေခဲ့လျှင် ဘုရားသခင်သည် ငါဒါဝိဒ်၏ရန်သူတို့ကို ထိုထက်မက စီရင်တော်မူပါစေ”ဟု ဆိုထားနှင့်၏။
23
အဘိဂဲလသည် ဒါဝိဒ်ကိုမြင်လျှင် မြည်းပေါ်မှအလျင်အမြန်ဆင်း၍ ဒါဝိဒ်ရှေ့ မြေပေါ်တွင် ဦးညွှတ်ပျပ်ဝပ်လေ၏။
24
အဘိဂဲလသည် ဒါဝိဒ်ခြေရင်းတွင် ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကိုသာ အပြစ်ပေးပါ။ ယခု သခင့်ကျွန်မလျှောက်တင်ပါရစေ။ သခင့်ကျွန်မ၏စကားကို နားထောင်ပေးပါ။
25
အကျွန်ုပ်၏သခင်၊ ဤဆိုးညစ်သောသူနာဗလကို စိတ်ထဲမထားပါနှင့်။ သူသည် သူ၏နာမည်နှင့်လိုက်ပါ၏။ နာဗလ ဟူသောနာမည်နှင့်အညီ မိုက်မဲသောသူဖြစ်ပါ၏။ သခင်စေလွှတ်လိုက်သော သခင့်လူတို့ကို သခင့်ကျွန်မ မတွေ့လိုက်ရပါ။
26
ယခုမှာ အကျွန်ုပ်၏သခင်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သခင်လည်း အသက်ရှင်သည်နှင့်အညီ ထာဝရဘုရားသည် သခင့်လက်ကို လူသတ်ခြင်းဘေး၊ သခင်ကိုယ်တိုင် လက်စားချေခြင်းဘေးမှ ဆီးတားတော်မူပြီ။ သခင့်ရန်သူ၊ သခင့်ကို အန္တရာယ်ပြုရန် ကြံစည်သောသူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
27
ယခု သခင့်အဖို့ သခင့်ကျွန်မ ယူလာသောလက်ဆောင်ကို သခင့်နောက်လိုက်ငယ်သားတို့အား ပေးလိုက်ပါရစေ။
28
သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။
29
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။
30
ထာဝရဘုရားသည် အကျွန်ုပ်သခင့်အဖို့ မိန့်တော်မူခဲ့သောကောင်းမြတ်သောအရာရှိသမျှတို့သည် အမှန်ဖြစ်လာပါစေသော။ သခင့်အား အစ္စရေးလူမျိုးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူပါစေသော။
31
သို့မှ အကျွန်ုပ်သခင်သည် အကြောင်းမဲ့လူသတ်ခြင်း၊ ကိုယ်တိုင်လက်စားချေခြင်းကြောင့် စိတ်သောကရောက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်း မရှိဘဲနေလိမ့်မည်။ ထိုသို့ ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို ကောင်းစားစေသောအခါ သခင့်ကျွန်မကိုလည်း သတိရပါ”ဟု ဆိုလေ၏။
32
ထိုအခါ ဒါဝိဒ်က အဘိဂဲလအား “ယနေ့ သင်နှင့်ငါ တွေ့ဆုံရန် သင့်ကိုစေလွှတ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
33
သင်၏ဆင်ခြင်တုံတရားရှိမှုအတွက် သင်ကောင်းချီးခံစားရပါစေသော။ ယနေ့မှာ သင်သည် ငါ့ကို လူအသက်သတ်ခြင်းအမှု၊ ကိုယ်တိုင်လက်စားချေခြင်းအမှုမှ ကင်းဝေးစေသောကြောင့် သင်ကောင်းချီးခံစားရပါစေသော။
34
အကယ်စင်စစ် သင့်ကိုရန်ပြုမည့်ဘေးမှ ငါ့ကို ဆီးတားတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ သင်သည် ငါ့ကို အလျင်အမြန်လာမတွေ့လျှင် နံနက်မိုးလင်းသောအခါ နာဗလအပါအဝင် ယောက်ျားတစ်ယောက်မျှ ကျန်တော့မည်မဟုတ်”ဟု ဆို၏။
35
ထို့နောက် ဒါဝိဒ်သည် အဘိဂဲလယူဆောင်လာသောလက်ဆောင်တို့ကို လက်ခံယူပြီးလျှင် “သင့်အိမ်သို့ ငြိမ်းချမ်းစွာပြန်သွားပါ။ သင့်စကားကို ငါနားထောင်ပြီ။ သင်တောင်းဆိုသည်ကို ငါလက်ခံပြီ”ဟု သူ့အား ဆို၏။
36
အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။
37
နံနက်ရောက်၍ နာဗလ စပျစ်ဝိုင်အမူးပြေသောအခါ သူ့မယားက သူ့အား အဖြစ်အပျက်အလုံးစုံကို ပြောပြလေ၏။ ထိုအခါ နာဗလသည် နှလုံးရပ်သွား၍ ခန္ဓာကိုယ်မှာ ကျောက်တုံးကဲ့သို့ ဖြစ်လေ၏။
38
နောက် ဆယ်ရက်ခန့်ကြာသော် ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် နာဗလ သေလေ၏။
39
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။
40
ဒါဝိဒ်၏အစေအပါးတို့သည် ကရမေလမြို့ရှိအဘိဂဲလထံသို့ သွား၍ “သင့်ကို မယားအဖြစ် တောင်းဆိုပေးရန် ဒါဝိဒ်သည် အကျွန်ုပ်တို့ကို သင့်ထံ စေလွှတ်ပါ၏”ဟု ဆိုကြ၏။
41
ထိုအခါ အဘိဂဲလသည် ထ၍ မြေပေါ်တွင် ပျပ်ဝပ်လျက် “သခင့်ကျွန်မသည် သခင့်အစေအပါးတို့၏ခြေကို ဆေးပေးရမည့်ကျွန်မ ဖြစ်ပါ၏”ဟု ဆိုပြီးလျှင်
42
အဘိဂဲလသည် ချက်ချင်းထ၍ အနီးကပ်အစေခံအမျိုးသမီးငါးဦးပါလျက် မြည်းကိုစီးကာ ဒါဝိဒ်၏တမန်တို့နှင့်အတူ လိုက်သွား၍ ဒါဝိဒ်၏မယားအဖြစ် ခံယူလေ၏။
43
ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း ယူထားသဖြင့် သူ၌ မယားနှစ်ဦးရှိ၏။
44
ဒါဝိဒ်၏မယားမိခါလကိုမူ သူ့ခမည်းတော်ရှောလုမင်းကြီးသည် ဂလ္လိမ်မြို့သား၊ လဲရှ၏သား ပါလတိနှင့် ပေးစားထားနှင့်ခဲ့ပြီဖြစ်၏။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31