bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 2
1 Samuel 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
1
ထို့နောက် ဟန္နက “အကျွန်ုပ်၏စိတ်နှလုံးသည် ထာဝရဘုရား၌ ရွှင်လန်း၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ဦးချိုကို ချီးမြှောက်တော်မူပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်ကို ကယ်တင်တော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ဝမ်းမြောက်လျက် ရန်သူတို့ကို အားရစွာချေပပြောဆိုနိုင်ပါပြီ။
2
ထာဝရဘုရားကဲ့သို့ သန့်ရှင်းသောသူမရှိ။ အကယ်စင်စစ် ကိုယ်တော်မှတစ်ပါး အခြားသူမရှိပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကဲ့သို့သောကျောက်ဆောင် မရှိပြီ။
3
ထာဝရဘုရားသည် အလုံးစုံကိုသိမြင်တော်မူသောဘုရားဖြစ်ပြီး လုပ်ဆောင်မှုတိုင်းကို ကြည့်မှတ်တော်မူသည်ဖြစ်၍ သင်တို့သည် ဝါကြွားထောင်လွှားသောစကားကို ထပ်၍မပြောဆိုကြနှင့်။ မောက်မာသောစကားကို သင်တို့၏နှုတ်မှ မထွက်စေကြနှင့်။
4
သူရဲကောင်းတို့၏လေးသည် ကျိုးလေပြီ။ အားနည်းသောသူတို့မူကား ခွန်အားနှင့်ပတ်စည်းခြင်းကို ခံရလေပြီ။
5
ကြွယ်ဝသောသူတို့သည် စားသောက်ရဖို့ သူရင်းငှား လုပ်ရလေပြီ။ ဆာလောင်မွတ်သိပ်သောသူတို့မူကား ဝလင်ကြပြီ။ မြုံသောမိန်းမသည် ခုနစ်ကြိမ်တိုင်အောင် သားဖွားခွင့်ရပြီ။ သားများစွာဖွားခဲ့သောမိန်းမမူကား အားယုတ်လေပြီ။
6
ထာဝရဘုရားသည် အသက်ကိုသေစေနိုင်၏။ အသက်ကို ရှင်စေနိုင်၏။ မရဏာနိုင်ငံသို့ ကျစေနိုင်၏။ မရဏာနိုင်ငံမှလည်း ထုတ်ဆောင်ပေးနိုင်၏။
7
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။
8
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။
9
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။
10
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။
11
ထို့နောက် ဧလကာနသည် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာ၏။ သူငယ်မူကား ယဇ်ပုရောဟိတ်ဧလိထံပါး၊ ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုထမ်းဆောင်လေ၏။
12
ဧလိ၏သားတို့သည် ထာဝရဘုရားနှင့် အကျွမ်းမဝင်၊ ဆိုးညစ်သောသားများဖြစ်ကြ၏။
13
လူတို့အတွက် ယဇ်ပုရောဟိတ်တို့ပြုပေးရသောထုံးစံရှိသည့်အတိုင်း တစ်စုံတစ်ယောက်သည် ယဇ်ပူဇော်သောအခါ အသားကိုပြုတ်နေစဉ်မှာပင် ယဇ်ပုရောဟိတ်၏ငယ်သားသည် သုံးခွခက်ရင်းကိုကိုင်လျက်ရောက်လာပြီး
14
ဒယ်၊ ကရား၊ ခွက်၊ အိုး အစရှိသည်တို့ထဲသို့ ထိုးဆယ်၍ ခက်ရင်း၌ပါလာသမျှသောအသားတို့ကို ယဇ်ပုရောဟိတ်အတွက် ယူသွားလေ့ရှိ၏။ သူတို့သည် ရှိလောမြို့သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့ကို ထိုသို့ ပြုမူလေ့ရှိ၏။
15
ထိုနည်းတူ အဆီကို မီးမရှို့မီ ယဇ်ပုရောဟိတ်၏ငယ်သားသည် ရောက်လာ၍ ယဇ်ပူဇော်သောသူအား “ယဇ်ပုရောဟိတ်ကင်စားဖို့ အသားကိုပေးပါ။ ပြုတ်ထားသောအသားကို သူမယူပါ၊ အသားစိမ်းကိုသာယူမည်”ဟု ဆိုတတ်၏။
16
ယဇ်ပူဇော်သောသူက “အဆီကို အလျင် မီးရှို့ပါရစေ။ ပြီးမှ သင်အလိုရှိသည်ကို ယူပါ”ဟု ဆိုလျှင်ပင် သူက “မရပါ၊ ယခုပင် ပေးပါ။ မပေးလျှင် အတင်းအဓမ္မယူမည်”ဟု ဆိုတတ်၏။
17
ဤသို့ ထာဝရဘုရားထံပူဇော်သောပူဇော်သက္ကာကို မထီလေးစားပြုကြသောကြောင့် ထိုငယ်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်အလွန်ကြီးမားလျက်ရှိ၏။
18
သူငယ်ရှမွေလသည် ဧဖုဒ် ပိတ်ချောကိုဝတ်ဆင်၍ ထာဝရဘုရားရှေ့တော်တွင် အမှုတော်ထမ်းဆောင်လျက်ရှိ၏။
19
သူ့မိခင်သည် သူ့အတွက် ဝတ်လုံငယ်ကိုချုပ်လုပ်၏။ နှစ်စဉ်ယဇ်ပူဇော်ရမည့်အချိန်ရောက်၍ ခင်ပွန်းသည်နှင့် ယဇ်ပူဇော်ရန်သွားသောအခါတိုင်း သူ့အတွက် ယူသွားပေးလေ့ရှိ၏။
20
ဧလိကလည်း ဧလကာနနှင့်သူ့မယားအား “ထာဝရဘုရားထံ အပ်နှံထားသောဤသားအစား ထာဝရဘုရားသည် သင့်အား ဤမိန်းမအားဖြင့် သားသမီးများ ထပ်၍ပေးသနားတော်မူပါစေသော”ဟု ကောင်းချီးပေး ပြီးမှ သူတို့သည်လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။
21
ထာဝရဘုရားသည် ဟန္နကို ကြည့်ရှုထောက်မတော်မူသဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားသုံးယောက်၊ သမီးနှစ်ယောက်ကို ထပ်မံမွေးဖွားလေ၏။ သူငယ်ရှမွေလသည်လည်း ထာဝရဘုရားရှေ့တော်တွင် ကြီးပြင်းလာလေ၏။
22
ဧလိသည်လည်း အသက်အရွယ်အိုမင်းလာ၏။ သူ့သားတို့သည် အစ္စရေးတစ်မျိုးသားလုံးတို့အား ပြုသမျှကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝတွင် အစေခံသောအမျိုးသမီးတို့နှင့်အတူ အိပ်သည်ကိုလည်းကောင်း ကြားသိလေ၏။
23
ထိုအခါ သူ့သားတို့အား “သင်တို့ပြုသောမကောင်းမှုကို ဤလူမျိုးတို့ထံမှ ငါကြားရပြီ။ အဘယ်ကြောင့် ဤသို့သောအမှုကိုပြုကြသနည်း။
24
ငါ့သားတို့၊ ဤသို့ မပြုကြပါနှင့်။ ထာဝရဘုရား၏လူမျိုးတော်တို့အလယ်တွင် ပျံ့နှံ့နေသော ငါကြားရသည့်သတင်းကား အကောင်းမဟုတ်။
25
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။
26
သူငယ်ရှမွေလသည် တဖြည်းဖြည်းကြီးပြင်းလာလျက် ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။
27
တစ်နေ့တွင် ဘုရားသခင်၏လူတစ်ဦးသည် ဧလိထံသို့လာပြီး “ထာဝရဘုရားက ‘သင့်ဘိုးဘေး၏အမျိုးအနွယ်တို့သည် အီဂျစ်ပြည်၊ ဖာရောမင်းကြီးလက်အောက်တွင် နေရစဉ်က သူတို့အား ငါအမှန်တကယ် ကိုယ်တိုင်ထင်ရှားပြခဲ့သည်မဟုတ်လော။
28
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ် ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။
29
ငါကိန်းဝပ်ရာအရပ်၌ ပူဇော်ရန် ငါမိန့်မှာထားသောယဇ်နှင့် ပူဇော်သက္ကာကို အဘယ်ကြောင့် မထီမဲ့မြင်ပြု ကြသနည်း။ ငါ့လူမျိုးတော်အစ္စရေးတို့ပူဇော်သမျှတို့ထဲမှ အကောင်းဆုံးကိုယူ၍ သင်တို့ကိုယ်ကိုဝလင်စေခြင်းဖြင့် သင်သည် သင့်သားတို့ကို ငါ့ထက်ပို၍ အဘယ်ကြောင့်ဂုဏ်ပြုချီးမြှောက်သနည်း’ဟု မိန့်ဆို၏။
30
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။
31
ကြည့်ရှုလော့။ သင့်ဘိုးဘေးအမျိုးအနွယ်၏လက်ရုံးမှစ၍ သင့်လက်ရုံးကို ငါဖြတ်တောက်ပစ်မည့်နေ့ရောက်လာလိမ့်မည်။ သင့်အမျိုးအနွယ်တွင် အသက်ကြီးသောသူ ရှိတော့မည်မဟုတ်။
32
အစ္စရေးလူမျိုးတို့ကောင်းစားချိန်တွင် သင်မူကား ကိုယ့်နေရာအရပ်၌ပင် စိတ်ဆင်းရဲခြင်းကို ကြုံရလိမ့်မည်။ သင့်အမျိုးအနွယ်တွင် အသက်ကြီးသောသူ မည်သည့်အခါမျှ ရှိတော့မည်မဟုတ်။
33
သို့သော် သင့်အမျိုးအနွယ်ထဲမှ လူတစ်ဦးကို ငါ့ယဇ်ပလ္လင်မှ မဖယ်ရှားဘဲ ချန်ထားမည်။ သူသည် သင့်မျက်စိကို ကွယ်စေပြီး သင့်စိတ်နှလုံးကို ကြေကွဲစေမည်။ သင့်အမျိုးအနွယ်မှဆင်းသက်သောသူအားလုံး အရွယ်ကောင်းချိန်တွင် သေရကြလိမ့်မည်။
34
သင့်အဖို့ နိမိတ်လက္ခဏာကား သင့်သားနှစ်ဦးဖြစ်သော ဟောဖနိနှင့် ဖိနဟတ်တို့၌ ဖြစ်ပျက်မည့်အရာဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် တစ်နေ့ချင်းတွင် သေရလိမ့်မည်။
35
ငါ့အလိုတော်ကိုဆောင်၍ သစ္စာရှိသောယဇ်ပုရောဟိတ်တစ်ပါးကို ငါပေါ်ထွန်းစေမည်။ သူ့အမျိုးအနွယ်ကို စဉ်ဆက်မပြတ် တည်ရှိစေမည်။ သူသည် ငါဘိသိက်ပေးထားသောသူရှေ့တွင် အစဉ်ဝင်ထွက်သွားလာရလိမ့်မည်။
36
သင့်အမျိုးအနွယ်ထဲမှ ကြွင်းကျန်သောသူအားလုံးတို့သည် သူ့ထံသို့လာ၍ စားစရာအနည်းငယ်ရဖို့ ယဇ်ပုရောဟိတ်ဆိုင်ရာအလုပ်တစ်ခုခု လုပ်ခွင့်ပြုပါဟု ဆိုပြီး ငွေတစ်စရဖို့၊ မုန့်တစ်လုံးစာရဖို့ ဦးညွှတ်ခယတောင်းဆိုရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောဆိုလေ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31