bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 20
1 Samuel 20
Burmese MSBU
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
1
ထို့နောက် ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်မှ ထွက်ပြေး၍ ယောနသန်ထံသို့ရောက်လာကာ “အကျွန်ုပ်မည်သို့ ပြုမိပါသနည်း။ မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်အသက်ကို လိုက်ရန်ရှာရလေအောင် သင့်ခမည်းတော်ကို အကျွန်ုပ်မည်သည့် အမှားပြုမိပါသနည်း”ဟု မေး၏။
2
ယောနသန်ကလည်း “ထိုသို့ ဖြစ်မည်မဟုတ်။ သင်မသေရ။ ငါ့ခမည်းတော်သည် အမှုကြီးကြီးငယ်ငယ် ငါနှင့်မတိုင်ပင်ဘဲမပြု။ ငါ့ခမည်းတော်သည် ဤအမှုကို ငါ့အား မပြောဘဲ အဘယ်ကြောင့်ဖုံးကွယ်ထားမည်နည်း။ ဤအမှု မဖြစ်ရ”ဟု ပြန်ပြောလေ၏။
3
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။
4
ထိုအခါ ယောနသန်က ဒါဝိဒ်အား “သင့်စိတ်အလိုရှိသည့်အတိုင်း ငါပြုပေးမည်”ဟု ဆို၏။
5
ဒါဝိဒ်က ယောနသန်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ အကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲတွင် ထိုင်စားရမည်ဖြစ်သော်လည်း သုံးရက်မြောက်နေ့ နေဝင်ချိန်အထိ တောထဲ၌ သွားပုန်းခွင့်ပြုပါ။
6
အကျွန်ုပ်ပျက်ကွက်ကြောင်း သင့်ခမည်းတော် သိသွားခဲ့လျှင် ‘မျိုးနွယ်စုတစ်စုလုံး နှစ်စဉ်ပူဇော်ပွဲရှိသည်ဖြစ်၍ ဒါဝိဒ်က ဗက်လင်မြို့သို့ ပြန်သွားခွင့်ပြုပါမည့်အကြောင်း အကျွန်ုပ်ထံ တစာစာခွင့်တောင်းသဖြင့် အကျွန်ုပ်ခွင့်ပြုလိုက်ပါသည်’ဟု လျှောက်တင်ပေးပါ။
7
မင်းကြီးက ‘ကောင်းပြီ’ဟု ဆိုလျှင် အရှင်၏အစေအပါးသည် အသက်ချမ်းသာရာရပြီ။ ထိုသို့မဟုတ်ဘဲ အမျက်ပြင်းစွာထွက်လျှင် အကျွန်ုပ်ကို မကောင်းကြံပြီးဖြစ်ကြောင်း သိပါလော့။
8
သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။
9
ထိုအခါ ယောနသန်က “သင်၌ ထိုသို့ မဖြစ်ရ။ ငါ့ခမည်းတော်သည် သင့်အား မကောင်းကြံသည်ကို ငါသိခဲ့လျှင် သင့်ကို ငါမပြောဘဲ နေမည်လော”ဟု ပြန်ပြော၏။
10
ဒါဝိဒ်ကလည်း ယောနသန်အား “အကယ်၍ သင့်ခမည်းတော်က သင့်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြန်ပြောလျှင် ကျွန်ုပ်ကို မည်သူပြောပြမည်နည်း”ဟု ဆို၏။
11
ယောနသန်ကလည်း ဒါဝိဒ်အား “လာပါ။ ငါတို့ တောထဲသို့ သွားရအောင်”ဟု ဆိုပြီး နှစ်ယောက်သား တောသို့ ထွက်သွားကြ၏။
12
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ မနက်ဖြန်၊ သန်ဘက်ခါ ဤအချိန်တွင် ငါ့ခမည်းတော်ကို ငါစောင့်ကြည့်မည်။ သင်ဒါဝိဒ်အပေါ် ငါ့ခမည်းတော်ကောင်းမည်ဆိုလျှင် ငါသည် သင့်ထံသို့လူလွှတ်၍ ဆက်ဆက်ပြောကြားပေးမည်။
13
ငါ့ခမည်းတော်က သင့်ကိုမကောင်းကြံလျှင်လည်း သင်သည် ဘေးကင်းစွာ ထွက်သွားနိုင်ရန် သင့်ကို ပြောကြားပေးမည်။ ထိုသို့ငါမပြုလျှင် ထာဝရဘုရားသည် ငါယောနသန်ကို ထိုထက်မကပြုတော်မူပါစေသော။ ထာဝရဘုရားသည် ငါ့ခမည်းတော်နှင့်အတူရှိတော်မူသကဲ့သို့ သင်နှင့်လည်း အတူရှိတော်မူပါစေသော။
14
ငါမသေရမည့်အကြောင်း ငါအသက်ရှင်လျက်နေစဉ်တွင် ငါ့အား ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို မပြဘဲမနေပါနှင့်။
15
ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေမျက်နှာပြင်မှ သုတ်သင်ပယ်ရှင်းတော်မူသည့်အခါ ငါ၏အိမ်သူအိမ်သားတို့အား သင်၏မေတ္တာကရုဏာကို မဖြတ်ဘဲ ဆက်၍ပြသပေးပါ”ဟု ဆို၏။
16
ထို့နောက် ယောနသန်က “ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို့ကို သုတ်သင်တော်မူပါစေသော”ဟု ဆို၍ ဒါဝိဒ်၏အိမ်သူအိမ်သားတို့နှင့် ကတိသစ္စာပြုလေ၏။
17
ယောနသန်သည် ဒါဝိဒ်ကို မိမိကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်ကို ချစ်သောစိတ်ဖြင့် ထပ်မံကျိန်ဆို၏။
18
ယောနသန်က ဒါဝိဒ်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ သင့်ထိုင်ခုံလွတ်နေလျှင် သင်မရှိသည်မှာ သိသာလိမ့်မည်။
19
သုံးရက်မြောက်နေ့တွင် အခင်းဖြစ်သောနေ့၌ သင်ပုန်းနေခဲ့သောနေရာသို့ အမြန်လာခဲ့ပြီး ဧဇေလကျောက်နားတွင် စောင့်နေပါ။
20
ငါသည် ပစ်မှတ်ကို ပစ်သကဲ့သို့ ထိုကျောက်ဘေးနားသို့ မြားသုံးစင်း ပစ်လွှတ်မည်။
21
လူငယ်တစ်ဦးအား ‘မြားတို့ကို လိုက်ရှာလော့’ဟု စေခိုင်းမည်။ အကယ်၍ ငါက ထိုလူငယ်အား ‘ကြည့်လော့။ မြားတို့သည် သင့်ဘေး၌ရှိ၏။ ကောက်ယူလာခဲ့လော့’ဟု ဆိုလျှင် သင်ထွက်လာလော့။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သင်၌ အန္တရာယ်မရှိ။ ဘေးကင်းလေပြီ။
22
အကယ်၍ ငါက ထိုလူငယ်အား ‘မြားတို့သည် သင့်ကိုလွန်သွားပြီ’ဟု ဆိုလျှင် သင်ထွက်သွားပါ။ ထာဝရဘုရားသည် သင့်ကို ထွက်ပြေးစေပြီ။
23
ယခု သင်နှင့် ငါကတိသစ္စာထားခဲ့သောအရာများနှင့်ပတ်သက်၍ ထာဝရဘုရားသည် သင်နှင့် ငါ၏ကြားမှာသက်သေအစဉ် ဖြစ်ပါစေ”ဟု ဆို၏။
24
ထို့နောက် ဒါဝိဒ်သည် တော၌ ပုန်းအောင်းနေ၏။ လဆန်းပွဲနေ့ရောက်သောအခါ ရှင်ဘုရင်သည် စားတော်ခေါ်ရန် နေရာယူလေ၏။
25
ရှင်ဘုရင်သည် ယခင်ကကဲ့သို့ပင် သူ့နေရာဖြစ်သောနံရံနားတွင် နေရာယူ၏။ ယောနသန်သည် ရပ်နေ၍ အာဗနာသည် ရှောလုမင်းကြီး၏ဘေး၌ ထိုင်၏။ ဒါဝိဒ်၏နေရာမူကား လွတ်နေ၏။
26
ထိုနေ့တွင် ရှောလုမင်းကြီးက “ဒါဝိဒ်သည် တစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်၍ဖြစ်မည်။ စင်စစ် သူမစင်မကြယ်ဖြစ်၍ မလာခြင်းဖြစ်မည်”ဟု တွေး၍ မည်သို့မျှမပြောပေ။
27
နောက်တစ်နေ့ လဆန်းပွဲ ဒုတိယမြောက်နေ့တွင်လည်း ဒါဝိဒ်၏နေရာသည် လွတ်နေပြန်၏။ ထိုအခါ ရှောလုမင်းကြီးက သားတော်ယောနသန်အား “ယေရှဲ၏သားသည် မနေ့ကရော ယနေ့ပါ စားသောက်ပွဲသို့ အဘယ်ကြောင့် မလာဘဲနေသနည်း”ဟု မေး၏။
28
ယောနသန်က “ဒါဝိဒ်သည် ဗက်လင်မြို့သို့ ပြန်သွားခွင့်ပြုပါမည့်အကြောင်း အကျွန်ုပ်ထံ တစာစာခွင့်တောင်းပါ၏။
29
သူက ‘ထိုမြို့၌ အကျွန်ုပ်တို့မျိုးနွယ်စု၏ယဇ်ပူဇော်ပွဲရှိသည်ဖြစ်၏။ အကျွန်ုပ်၏အစ်ကိုလည်း အကျွန်ုပ်ကို မှာလိုက်ပါပြီ။ ထို့ကြောင့် အရှင်အလိုရှိလျှင် အကျွန်ုပ်၏အစ်ကိုတို့နှင့် ပြန်လည်တွေ့ဆုံခွင့်ပြုပါ’ဟု ဆိုပါ၏။ ထို့ကြောင့် ယခု အရှင်မင်းကြီး၏စားသောက်ပွဲသို့ သူမလာနိုင်ပါ”ဟု ပြန်လျှောက်၏။
30
ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်အား အမျက်ပြင်းစွာထွက်လျက် “ပုန်ကန်ဖောက်ပြားသောမိန်းမ၏သား၊ သင်အရှက်ရအောင်၊ သင့်မိခင် အဝတ်အချည်းစည်းဖြစ်ပြီး အရှက်ကွဲအောင် သင်သည် ယေရှဲ၏သားဘက်၌ ရပ်တည်နေသည်ကို ငါမသိဘဲနေမည်လော။
31
ယေရှဲ၏သားသည် မြေကြီးပေါ်တွင် အသက်ရှင်သမျှကာလပတ်လုံး သင်နှင့် သင့်နိုင်ငံ တည်မြဲမည်မဟုတ်။ ယခုချက်ချင်း သူ့ကို လူလွှတ်ခေါ်စေ။ သူသည် သေသင့်သောသူဖြစ်၏”ဟု ဆို၏။
32
ယောနသန်ကလည်း ခမည်းတော်ရှောလုမင်းကြီးအား “အဘယ်ကြောင့် သူသေရမည်နည်း။ မည်သည့်အမှုကို သူပြုမိသနည်း”ဟု မေးလျှောက်လျှင်
33
ရှောလုမင်းကြီးသည် ယောနသန်ကို သတ်ရန် လှံနှင့်ထိုးလိုက်၏။ ယောနသန်လည်း သူ့ခမည်းတော်သည် ဒါဝိဒ်ကို သတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ရိပ်မိလေ၏။
34
ထို့ကြောင့် ယောနသန်သည် အမျက်ပြင်းစွာထွက်၍ စားပွဲမှထလေ၏။ မိမိခမည်းတော်သည် ဒါဝိဒ်ကို နှိမ်သောကြောင့် စိတ်ထိခိုက်သဖြင့် လဆန်းပွဲဒုတိယနေ့တွင် အစာကို မစားဘဲနေ၏။
35
နံနက်ရောက်သောအခါ ယောနသန်သည် လူငယ်လေးတစ်ဦးနှင့်အတူ ဒါဝိဒ်နှင့်ချိန်းချက်ထားသောတောသို့ သွား၍
36
လူငယ်လေးအား “ယခု ပြေးပြီး ငါပစ်လွှတ်သောမြားကို ရှာပါ”ဟု ဆို၏။ ထိုလူငယ်လေးပြေးသောအခါ သူ့ကို ကျော်သွားအောင် ယောနသန်သည် မြားကို ပစ်လွှတ်လိုက်၏။
37
ယောနသန်ပစ်လိုက်သောမြားကျသည့်နေရာသို့ လူငယ်လေးရောက်သွားသောအခါ “မြားက သင့်ရှေ့ကိုကျော်သွားပြီမဟုတ်လော”ဟု ယောနသန်သည် လူငယ်လေးနောက်မှ အော်ပြော၏။
38
ထို့ပြင် ယောနသန်က “အလျင်အမြန် ပြေးပါတော့။ ရပ်မနေဘဲ အမြန်သာပြေးပါတော့”ဟု လူငယ်လေးနောက်မှ အော်ဟစ်၏။ လူငယ်လေးသည်လည်း ယောနသန်ပစ်လိုက်သောမြားကို ကောက်ပြီး သခင့်ထံပြန်လာ၏။
39
လူငယ်လေးသည် ဤကိစ္စကို ဘာမျှနားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ သိသောကိစ္စ ဖြစ်၏။
40
ယောနသန်သည် သူနှင့်အတူပါလာသောလူငယ်လေးအား သူ့လက်နက်များကို ပေး၍ “မြို့ထဲသို့ ပြန်ယူသွားပါတော့”ဟု ဆို၏။
41
ထိုသူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် တောင်ဘက်ပုန်းအောင်းရာမှ ထွက်လာပြီး မြေပေါ်မှာ ပျပ်ဝပ်လျက် သုံးကြိမ်ဦးချလေ၏။ ပြီးလျှင် တစ်ဦးကိုတစ်ဦး ဖက်နမ်းလျက် ငိုကြွေးကြ၏။ ဒါဝိဒ်သည် ယောနသန်ထက် ပို၍ငိုကြွေးလေ၏။
42
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31