bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 15
1 Samuel 15
Burmese MSBU
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
1
ထို့နောက်မှ ရှမွေလက ရှောလုမင်းကြီးအား “ထာဝရဘုရားသည် မိမိလူမျိုးတော်အစ္စရေးတို့၏ဘုရင်အဖြစ် သင့်ကို ဘိသိက်ပေးရန် ငါ့အား စေလွှတ်တော်မူခဲ့၏။ ယခု ထာဝရဘုရား၏အမိန့်စကားကို နားထောင်လော့။
2
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာစဉ် လမ်းခရီးတွင် သူတို့အား အာမလက်လူမျိုးတို့ ဆီးတားခဲ့သည့်အမှုကို ငါမှတ်ထား၏။
3
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
4
ထို့ကြောင့် ရှောလုမင်းကြီးသည် လူတို့ကိုခေါ်ယူစုစည်း၍ တေလိမ်မြို့တွင် ရေတွက်ကြည့်ရာ ခြေလျင်တပ်သား အယောက်နှစ်သိန်း၊ ယုဒအမျိုးသား တစ်သောင်းရှိ၏။
5
ဤသို့ဖြင့် ရှောလုမင်းကြီးသည် အာမလက်မြို့သို့ချီတက်၍ ချိုင့်ဝှမ်းတွင် ကင်းပုန်းချထား၏။
6
ရှောလုမင်းကြီးက ကေနိလူမျိုးတို့အား “အာမလက်လူမျိုးတို့ထံမှ ဝေးစွာထွက်သွားလော့။ သို့မဟုတ်လျှင် သင်တို့ကို သူတို့နှင့်အတူ ဖျက်ဆီးမိလိမ့်မည်။ အစ္စရေးအမျိုးသားအပေါင်းတို့ အီဂျစ်ပြည်မှ ထွက်လာစဉ်က သင်တို့သည် သူတို့အားမေတ္တာကရုဏာကို ပြသခဲ့ပြီ”ဟု ဆိုသဖြင့် ကေနိလူမျိုးတို့သည် အာမလက်လူမျိုးတို့ထံမှ ထွက်သွားကြ၏။
7
ထိုအခါ ရှောလုမင်းကြီးသည် ဟဝိလအရပ်မှ အီဂျစ်ပြည်အရှေ့ဘက်ရှိ ရှုရအရပ်တိုင်အောင် အာမလက်လူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းလေ၏။
8
အာမလက်ဘုရင်အာဂတ်မင်းကြီးကို အရှင်ဖမ်းပြီး သူ၏လူအပေါင်းတို့ကို ဓားဖြင့် သတ်ဖြတ်ပစ်လေ၏။
9
သို့သော် ရှောလုမင်းကြီးနှင့် တပ်သားတို့သည် အာဂတ်မင်းကြီးကို ချမ်းသာပေး၏။ အကောင်းဆုံးသောသိုးနွားများ၊ ဆူဖြိုးသောနွားသငယ်များ၊ သိုးသငယ်များနှင့် တန်ဖိုးရှိသောအရာအားလုံးကိုမူ နှမြော၍ မဖျက်ဆီးလိုကြ။ တန်ဖိုးမရှိ၊ အသုံးမဝင်သောအရာတို့ကိုကား အကုန်ဖျက်ဆီးပစ်လေ၏။
10
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှမွေလထံသို့ရောက်လာ၍
11
“ရှောလုကို ဘုရင်တင်မြှောက်မိ၍ ငါဝမ်းနည်း၏။ သူသည် ငါ့စကားကို မနာခံ၊ ငါ့ထံမှလမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလသည် စိတ်မချမ်းမသာဖြစ်၍ ထာဝရဘုရားထံ တစ်ညလုံးအော်ဟစ်ဆုတောင်းလေ၏။
12
ရှမွေလသည် နံနက်စောစောထ၍ ရှောလုမင်းကြီးကို သွားတွေ့၏။ သို့သော် တစ်စုံတစ်ယောက်က ရှမွေလအား “ရှောလုမင်းကြီးသည် ကရမေလမြို့သို့သွား၍ မိမိအဖို့ ဂုဏ်ပြုကျောက်တိုင်ကိုစိုက်ထူပြီး လှည့်လည်သွားလာကာ ဂိလဂါလမြို့ဘက်သို့ ဆင်းသွားပြီ”ဟု ကြားပြောလေ၏။
13
ရှမွေလသည် ရှောလုမင်းကြီးထံရောက်သောအခါ ရှောလုမင်းကြီးက “ထာဝရဘုရားသည် အရှင့်ကို ကောင်းချီးပေးတော်မူပါစေသော။ ထာဝရဘုရား၏စကားတော်အတိုင်း အကျွန်ုပ်ဆောင်ရွက်ခဲ့ပါပြီ”ဟု ဆို၏။
14
ထိုအခါ ရှမွေလက “သို့ဖြစ်လျှင် ယခု ငါကြားနေရသော သိုးအော်သံ၊ နွားအော်သံများကား အဘယ်နည်း”ဟု ပြန်မေး၏။
15
ရှောလုမင်းကြီးက “တပ်သားတို့သည် အကောင်းဆုံးသော သိုး၊ နွားတို့ကို နှမြော၍ အရှင်၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထိုအကောင်တို့ကို အာမလက်လူမျိုးတို့ထံမှ ယူဆောင်လာခဲ့ပါ၏။ ကျန်သောအရာများကိုမူ အကုန်ဖျက်ဆီးပစ်လိုက်ပါသည်”ဟု ပြန်ဖြေ၏။
16
ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “နေပါဦး။ မနေ့ညက ထာဝရဘုရား ငါ့အား မိန့်တော်မူသောစကားကို သင့်အား ငါပြောပြမည်”ဟု ဆိုလျှင် ရှောလုမင်းကြီးကလည်း “ပြောပါလော့”ဟု ဆို၏။
17
ရှမွေလက “သင်သည် သင့်ကိုယ်သင် သေးသိမ်သောသူဟု ထင်မှတ်သော်လည်း အစ္စရေးအမျိုးအနွယ်တို့၏အကြီးအမှူး ဖြစ်လာသည်မဟုတ်လော။ ထာဝရဘုရားသည် သင့်ကို အစ္စရေးလူမျိုး၏ရှင်ဘုရင်အဖြစ် ဘိသိက်ပေးတော်မူ၏။
18
ထာဝရဘုရားသည် မိမိအမှုတော်ကိုထမ်းဆောင်ရန် သင့်ကို စေလွှတ်ခဲ့၏။ သင့်အား ‘အပြစ်သားအာမလက်လူမျိုးတို့ကို သွားရောက်ချေမှုန်းလော့။ တစ်ယောက်မကျန်အကုန်ချေမှုန်းလော့’ဟု မိန့်တော်မူခဲ့၏။
19
သို့ဖြစ်လျက် သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မနာခံသနည်း။ တိုက်ရာပါပစ္စည်းတို့ကို အသည်းအသန်လုယူခြင်းဖြင့် အဘယ်ကြောင့် ထာဝရဘုရားရှေ့မှောက်၌ မကောင်းမှုကို ပြုရသနည်း”ဟု ဆို၏။
20
ရှောလုမင်းကြီးကလည်း ရှမွေလအား “ထာဝရဘုရား၏စကားတော်ကို အကျွန်ုပ်နာခံပါ၏။ ထာဝရဘုရားစေခိုင်းသည့်အတိုင်းသွား၍ အမှုတော်ကိုထမ်းဆောင်ပါ၏။ အာမလက်ဘုရင်အာဂတ်မင်းကြီးကို ဖမ်းခေါ်ခဲ့ပြီး အာမလက်လူမျိုးတို့ကို အကုန်ချေမှုန်းခဲ့ပါ၏။
21
တပ်သားတို့သည် ဂိလဂါလမြို့တွင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ယဇ်ပူဇော်ရန် ကျိန်ခြင်းခံရသောအရာဖြစ်သည့် တိုက်ရာပါပစ္စည်းတို့ထဲမှ အကောင်းဆုံးသိုးနွားတို့ကို ယူခဲ့ပါ၏”ဟု ပြန်ပြော၏။
22
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။
23
ပုန်ကန်ခြင်းအပြစ်သည် ဂမ္ဘီရပညာသုံးခြင်းအပြစ်နှင့် အတူတူပင်ဖြစ်၏။ ခေါင်းမာခြင်းသည် မကောင်းမှုပြုခြင်း၊ ရုပ်တုကိုးကွယ်ခြင်းပင်ဖြစ်၏။ သင်သည် ထာဝရဘုရား၏စကားကိုပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို ဘုရင်အဖြစ်မှပယ်တော်မူပြီ”ဟု သူ့အား ဆို၏။
24
ထိုအခါ ရှောလုမင်းကြီးက ရှမွေလအား “အကျွန်ုပ် အပြစ်ပြုမိပါပြီ။ အကျွန်ုပ်သည် လူတို့ကိုကြောက်၍ သူတို့စကားကို နားထောင်မိသောကြောင့် ထာဝရဘုရား၏စကားတော်နှင့် အရှင်၏စကားကို လွန်ဆန်မိပါပြီ။
25
ယခုမှာ အကျွန်ုပ်၏အပြစ်ကို ခွင့်လွှတ်ပါ။ ထာဝရဘုရားကို အကျွန်ုပ်ရှိခိုးကိုးကွယ်ရပါမည့်အကြောင်း အကျွန်ုပ်နှင့်အတူ ပြန်လိုက်လာပါ”ဟု ဆို၏။
26
သို့သော် ရှမွေလက ရှောလုမင်းကြီးအား “သင်နှင့်အတူ ငါပြန်မလိုက်ပါ။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ပယ်တော်မူပြီ”ဟု ဆို၏။
27
ထို့နောက် ရှမွေလ လှည့်ထွက်သွားမည်အပြုတွင် ရှောလုမင်းကြီးသည် သူ၏ဝတ်ရုံစွန်းကို လှမ်းဆွဲလိုက်ရာ ဝတ်ရုံစုတ်ပြဲသွားလေ၏။
28
ထိုအခါ ရှမွေလက “ယနေ့ ထာဝရဘုရားသည် သင့်လက်ထဲရှိ အစ္စရေးနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်ထက်ကောင်းသောသင့်အိမ်နီးချင်းအား ပေးအပ်တော်မူပြီ။
29
အစ္စရေးလူမျိုးတို့၏ဘုန်းပိုင်ရှင်သည် မုသားမမြွက်ဆို၊ စိတ်တော်လည်း ပြောင်းလဲမည်မဟုတ်။ စိတ်တော်ပြောင်းလဲရအောင် လူဖြစ်သည်မဟုတ်”ဟု သူ့အား ဆို၏။
30
သို့သော် သူက “အကျွန်ုပ်ပြစ်မှားမိပါပြီ။ သို့သော် ယခု အကျွန်ုပ်၏လူမျိုး သက်ကြီးဝါကြီးတို့ရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့တွင် အသရေမပျက်ရပါစေနှင့်။ အကျွန်ုပ်သည် အရှင်၏ဘုရားသခင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရပါမည့်အကြောင်း အကျွန်ုပ်နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုပြန်၏။
31
ထို့ကြောင့် ရှမွေလသည် ရှောလုမင်းကြီးနှင့်အတူ ပြန်လိုက်ခဲ့၏။ ရှောလုမင်းကြီးသည်လည်း ထာဝရဘုရားကို ရှိခိုးကိုးကွယ်လေ၏။
32
ရှမွေလက “အာမလက်ဘုရင်အာဂတ်မင်းကြီးကို ငါ့ထံခေါ်ခဲ့လော့”ဟု ဆိုလျှင် အာဂတ်သည် “ခါးသီးသောသေခြင်းဘေးမှ လွတ်ပြီ”ဟု တွေးလျက် ဝမ်းသာအားရနှင့် ရှမွေလထံသို့ လာခဲ့၏။
33
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။
34
ထို့နောက် ရှမွေလသည် ရာမမြို့သို့ပြန်သွား၍ ရှောလုမင်းကြီးမူကား ဂိဗာမြို့ရှိ မိမိနန်းတော်သို့ တက်သွား၏။
35
ထိုအချိန်မှစ၍ ရှမွေလ အနိစ္စရောက်သည်အထိ ရှောလုမင်းကြီးနှင့် သွားရောက်တွေ့ဆုံခြင်းမရှိတော့ပေ။ သို့သော် ရှမွေလသည် ရှောလုမင်းကြီးအတွက် ငိုကြွေးမြည်တမ်းရလေ၏။ ထာဝရဘုရားသည်လည်း ရှောလုကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် ခန့်ထားသည့်အဖြစ်ကြောင့် ဝမ်းနည်းတော်မူ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31