bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 23
1 Samuel 23
Burmese MSBU
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 24 →
1
လူတို့က ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့သည် ကိလမြို့ကိုတိုက်၍ ကောက်နယ်တလင်းများအား လုယူနေကြပါသည်”ဟု ပြောပြကြ၏။
2
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ် သွား၍တိုက်ခိုက်ရပါမည်လော”ဟု မေးလျှောက်ရာ ထာဝရဘုရားက ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့ကို သွား၍တိုက်ခိုက်ပြီး ကိလမြို့အား ကယ်တင်လော့”ဟု မိန့်တော်မူ၏။
3
သို့သော် ဒါဝိဒ်၏နောက်လိုက်တို့က “ယုဒပြည်၌ပင် ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်တို့ ကြောက်ရွံ့နေရပါပြီ။ ကိလမြို့သို့သွား၍ သူတို့ကို တိုက်ခိုက်ရမည်ဆိုပါက ပို၍ပင်ကြောက်ရပါ၏”ဟု သူ့အား ဆိုကြ၏။
4
ထို့ကြောင့် ဒါဝိဒ်က ထာဝရဘုရားအား ထပ်မံမေးလျှောက်ရာ ထာဝရဘုရားက “ထ၍ ကိလမြို့သို့ ချီသွားလော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
5
ထို့ကြောင့် ဒါဝိဒ်သည် သူ့နောက်လိုက်တို့နှင့်အတူကိလမြို့သို့ ချီသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ပြီး သူတို့၏တိရစ္ဆာန်များကို သိမ်းယူ၏။ သူတို့ကို အကြီးအကျယ်လုပ်ကြံသတ်ဖြတ်၏။ ဤသို့ဖြင့် ဒါဝိဒ်သည် ကိလမြို့သားတို့ကို ကယ်တင်လေ၏။
6
အဟိမလက်၏သား အဗျာသာသည် ကိလမြို့ရှိ ဒါဝိဒ်ထံသို့ ပြေးလာစဉ်က မိမိနှင့်အတူ ဧဖုဒ် ကို ယူဆောင်လာခဲ့၏။
7
ဒါဝိဒ်သည် ကိလမြို့သို့ရောက်လာကြောင်းကို ရှောလုမင်းကြီးကြားသောအခါ “ဘုရားသခင်သည် ဒါဝိဒ်ကို ငါ့လက်သို့အပ်တော်မူပြီ။ သူသည် မြို့တံခါးများ၊ ကန့်လန့်ကျင်များ အခိုင်အမာရှိသောမြို့ထဲသို့ဝင်၍ ကိုယ့်ကိုယ်ကိုယ်ပိတ်မိစေပြီ”ဟု ဆိုပြီး
8
ကိလမြို့သို့ချီသွား၍ ဒါဝိဒ်နှင့်သူ၏လူများကို ဝိုင်းထားပြီး တိုက်ခိုက်ရန် ရှောလုမင်းကြီးသည် စစ်သည်အပေါင်းတို့ကို စုဝေးစေ၏။
9
ရှောလုမင်းကြီး မကောင်းကြံစည်နေသည်ကို ဒါဝိဒ်သိလျှင် ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ် ကို ယူခဲ့ပါ”ဟု မှာလိုက်၏။
10
ထို့နောက် ဒါဝိဒ်က “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကြောင့် ရှောလုမင်းကြီးသည် ကိလမြို့သို့ ချီလာ၍ မြို့ကိုဖျက်ဆီးရန် ကြံစည်နေသည်ကို ကိုယ်တော်၏အစေအပါး ကြားသိရပါ၏။
11
ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ့လက်သို့ အပ်နှံမည်လော။ ကိုယ်တော်၏အစေအပါး ကြားသိသည့်အတိုင်း ရှောလုမင်းကြီးသည် ကိလမြို့သို့ ချီလာမည်လော။ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါးအား ယခု သိစေပါ”ဟု လျှောက်ဆို၏။ ထာဝရဘုရားကလည်း “ချီလာလိမ့်မည်”ဟု မိန့်တော်မူ၏။
12
ထိုအခါ ဒါဝိဒ်က “ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏နောက်လိုက်တို့ကို ရှောလုမင်းကြီးလက်သို့ အပ်နှံကြမည်လော”ဟု မေးရာ ထာဝရဘုရားက “အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
13
ထို့ကြောင့် ဒါဝိဒ်နှင့် သူ့နောက်လိုက်ခြောက်ရာခန့်တို့သည် ထ၍ ကိလမြို့မှချက်ချင်းထွက်သွားပြီး တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသွားလာရကြ၏။ ထိုသို့ ဒါဝိဒ်သည် ကိလမြို့မှ ထွက်ပြေးသွားကြောင်းကို ရှောလုမင်းကြီးကြားသိလျှင် သူဆက်မလိုက်တော့ပေ။
14
ဒါဝိဒ်သည် တောကန္တာရထဲရှိ ဥမင်လိုဏ်ခေါင်းများနှင့် ဇိဖတောကန္တာရရှိတောင်ပေါ်ဒေသတို့တွင် ပုန်းရှောင်နေထိုင်၏။ ရှောလုမင်းကြီးသည် နေ့စဉ်နှင့်အမျှ ဒါဝိဒ်ကို ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်ကို ရှောလုမင်းကြီးလက်သို့ အပ်တော်မမူ။
15
ဒါဝိဒ်သည် ဇိဖတောကန္တာရရှိ ဟောရေရှအရပ်တွင် ပုန်းရှောင်နေစဉ် သူ့အားသတ်ရန် ရှောလုမင်းကြီးထွက်လာကြောင်းကို ကြားသိရ၏။
16
ထိုအခါ ရှောလုမင်းကြီး၏သားယောနသန်သည် ဒါဝိဒ်ရှိရာ ဟောရေရှအရပ်သို့ ထသွား၍ ဒါဝိဒ်အား ဘုရားသခင်၌ ခွန်အားပေးလျက်
17
“သင်မစိုးရိမ်နှင့်။ ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်အသက်ကို ရန်ရှာနိုင်မည်မဟုတ်။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရင် ဖြစ်ရလိမ့်မည်။ ငါသည် သင့်အတွက် လက်ရုံးသဖွယ်ဖြစ်မည်။ ဤသည်ကို ငါ့ခမည်းတော်ရှောလုမင်းကြီးလည်း သိပါ၏”ဟု ဆို၏။
18
ထို့နောက် သူတို့နှစ်ဦး ထာဝရဘုရားရှေ့တော်တွင် ကတိသစ္စာပြု၍ ဒါဝိဒ်သည် ဟောရေရှအရပ်၌နေခဲ့ပြီး ယောနသန်ကား သူ့အိမ်သို့ပြန်သွားလေ၏။
19
ဇိဖမြို့သားတို့သည် ရှောလုမင်းကြီးရှိရာဂိဗာမြို့သို့ လာ၍ “အကျွန်ုပ်တို့၏နယ်မြေ၊ ယေရှိမုန်တောင်ဘက်၊ ဟခိလတောင်ကုန်း၊ ဟောရေရှအရပ်ရှိ ဥမင်လိုဏ်ခေါင်းတို့တွင် ဒါဝိဒ် ပုန်းရှောင်နေသည်မဟုတ်ပါလော။
20
အရှင်မင်းကြီးကိုယ်တော်တိုင် ဆင်းလာလိုလျှင် ဆင်းလာတော်မူပါ။ သူ့ကို အရှင်မင်းကြီးလက်သို့ အကျွန်ုပ်တို့ အပ်ပါမည်”ဟု လျှောက်ဆိုကြ၏။
21
ထိုအခါ ရှောလုမင်းကြီးက သူတို့အား “သင်တို့ ငါ့ကို စာနာထောက်ထားကြသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးပါစေ။
22
ယခု သင်တို့ပြန်၍ သူအဘယ်မှာနေသည်၊ မည်သည့်နေရာသို့သွားသည်၊ ထိုနေရာတွင် သူ့အား မည်သူတွေ့ခဲ့သည်တို့ကို အသေအချာထပ်ပြီးစူးစမ်းကြည့်ကြလော့။ သူသည် အလွန်ဉာဏ်များသောသူဖြစ်ကြောင်း ငါကြားသိ၏။
23
သူပုန်းခိုသောနေရာရှိသမျှတို့ကို စူးစမ်း၍ မှတ်သားထားပြီး ငါ့ကို အတိအကျပြန်လာပြောပြကြလော့။ ငါသည် သူရှိရာသို့ သင်တို့နှင့်အတူလိုက်သွားမည်။ ယုဒပြည်ရှိ ယုဒလူမျိုး အထောင်အသောင်းတို့ကြားတွင် ပုန်းနေလျှင်ပင် ရအောင်ရှာမည်”ဟု ဆို၏။
24
ထို့ကြောင့် သူတို့သည် ထ၍ ရှောလုမင်းကြီးထက်အလျင် ဇိဖမြို့သို့ ပြန်နှင့်ကြ၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကား ယေရှိမုန်တောင်ဘက်၊ အရာဗလွင်ပြင်၊ မောနတောကန္တာရတွင် ရှိနေကြ၏။
25
ရှောလုမင်းကြီးနှင့်သူ့နောက်လိုက်တို့သည် ဒါဝိဒ်အား ရှာဖွေရန် ထွက်လာကြောင်းကို ဒါဝိဒ်ကြားသိလျှင် မောနတောကန္တာရရှိ ကျောက်ဆောင်သို့ သွား၍ နေထိုင်၏။ ထိုသတင်းကို ရှောလုမင်းကြီး ကြားသိသောအခါ ဒါဝိဒ်ရှိရာ မောနတောကန္တာရသို့ လိုက်သွား၏။
26
ရှောလုမင်းကြီးသည် တောင်စောင်းတစ်ဘက်တွင် ရောက်နေချိန်၌ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် တောင်စောင်းအခြားတစ်ဘက်တွင် ရှိနေ၏။ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှ အလျင်အမြန်ရှောင်သွားရ၏။ ရှောလုမင်းကြီးနှင့်သူ့နောက်လိုက်တို့သည် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကို ဖမ်းမိခါနီးဆဲဆဲတွင်
27
ရှောလုမင်းကြီး၏စေတမန်တစ်ဦး ရောက်လာ၍ “ဖိလိတ္တိလူမျိုးတို့သည် ပြည်ကိုဝင်ရောက်စီးနင်းနေပါပြီ။ အလျင်အမြန် ပြန်လာပါလော့”ဟု လျှောက်တင်သဖြင့်
28
ရှောလုမင်းကြီးသည် ဒါဝိဒ်နောက်သို့လိုက်ရာမှပြန်လှည့်၍ ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်ချီလေ၏။ ထို့ကြောင့် ဤနေရာကို သေလဟမ္မလေကုပ် ဟု ခေါ်ဆိုလေ၏။
29
ထို့နောက် ဒါဝိဒ်သည် ထိုအရပ်မှ အင်္ဂေဒိအရပ်သို့သွားပြီး ဥမင်လိုဏ်ခေါင်းတို့တွင် ပုန်းရှောင်နေလေ၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31