bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 26
1 Samuel 26
Burmese MSBU
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 27 →
1
ဇိဖမြို့သားတို့သည် ဂိဗာမြို့ရှိ ရှောလုမင်းကြီးထံရောက်လာပြီး “ဒါဝိဒ်သည် ယေရှိမုန်အရှေ့ဘက်၊ ဟခိလတောင်ကုန်း၌ ပုန်းရှောင်နေသည်မဟုတ်ပါလော”ဟု လျှောက်ကြ၏။
2
ထိုအခါ ရှောလုမင်းကြီးသည် ထ၍ ဇိဖတောကန္တာရသို့ ဆင်းသွား၏။ သူနှင့်အတူ ရွေးချယ်ထားသောအစ္စရေးတပ်သားသုံးထောင်တို့သည်လည်း ဒါဝိဒ်ကို လိုက်ရှာရန် ဇိဖတောကန္တာရသို့ လိုက်သွားကြ၏။
3
ရှောလုမင်းကြီးသည် ယေရှိမုန်နှင့်မျက်နှာချင်းဆိုင် ဟခိလတောင်ကုန်းပေါ် လမ်းဘေးတစ်နေရာတွင် စခန်းချ၏။ ဒါဝိဒ်မူကား တောကန္တာရထဲတွင် ပုန်းနေ၏။ တောကန္တာရထဲသို့ ရှောလုမင်းကြီးလိုက်လာသည်ကို ကြားသိသဖြင့်
4
ဒါဝိဒ်သည် သူလျှိုတို့ကို စေလွှတ်စုံစမ်းစေရာ ရှောလုမင်းကြီး အမှန်ပင်ရောက်နေကြောင်းကို သိရလေ၏။
5
ထိုအခါ ဒါဝိဒ်သည် ထ၍ ရှောလုမင်းကြီး စခန်းချရာနေရာသို့သွားလျှင် ရှောလုမင်းကြီးနှင့် သူ၏စစ်သူကြီးဖြစ်သော နေရ၏သားအာဗနာတို့ အိပ်သောနေရာကို တွေ့လေ၏။ ရှောလုမင်းကြီးသည် တပ်သားများဝိုင်းရံထားသောတပ်စခန်းထဲ၌ အိပ်နေ၏။
6
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။
7
ထို့ကြောင့် ဒါဝိဒ်နှင့် အဘိရှဲသည် ညအချိန်တွင် တပ်စခန်းသို့ ဆင်းသွားရာ ရှောလုသည် တပ်စခန်းထဲ၌ အိပ်နေပြီး သူ၏လှံတံကို သူ့ခေါင်းရင်း မြေကြီးပေါ်တွင် ထိုးစိုက်ထားသည်ကို တွေ့ရ၏။ အာဗနာနှင့် တပ်သားတို့သည်လည်း သူ့ကို ဝိုင်းရံလျက် အိပ်နေကြ၏။
8
ထိုအခါ အဘိရှဲက ဒါဝိဒ်အား “ယနေ့ပင် ဘုရားသခင်သည် သခင်၏ရန်သူကို သခင့်လက်သို့ အပ်တော်မူပြီ။ ထို့ကြောင့် မြေသို့ထုတ်ချင်းပေါက်သွားအောင် သူ့ကို လှံနှင့် တစ်ချက်တည်းထိုးသတ်ပါရစေ။ နှစ်ချက် မထိုးစေရပါ”ဟု လျှောက်ဆို၏။
9
သို့သော် ဒါဝိဒ်က အဘိရှဲအား “သူ့ကို မသတ်နှင့်။ ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုသောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော”ဟု ဆို၏။
10
တစ်ဖန် ဒါဝိဒ်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရားသည် သူ့ကို အမှန်ပင် ဒဏ်ခတ်တော်မူလိမ့်မည်။ သို့မဟုတ် သူသေရမည့်နေ့ ရောက်လျှင်လည်း ရောက်လာလိမ့်မည်။ စစ်သွားတိုက်၍ သူကျဆုံးလျှင်လည်း ကျဆုံးလိမ့်မည်။
11
ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုမိသည့်အပြစ်မှ ထာဝရဘုရားသည် ငါနှင့်ဝေးစေပါစေသော။ ယခု သူ့ခေါင်းရင်းရှိ လှံနှင့် သူ့ရေဘူးကို ယူပြီး ငါတို့ သွားကြစို့”ဟု ဆို၏။
12
ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီး၏ခေါင်းရင်းရှိလှံနှင့် ရေဘူးကို ယူပြီး ပြန်သွားကြ၏။ ဤသည်ကို မည်သူကမျှ မသိ၊ မမြင်။ ထာဝရဘုရားသည် သူတို့ကို အိပ်မောကျစေသဖြင့် အားလုံးအိပ်ပျော်နေသည်ဖြစ်၍ တစ်ယောက်မျှမနိုးကြ။
13
ဒါဝိဒ်သည် လွင်ပြင်ကျယ်ကြီး၏အခြားတစ်ဖက်သို့ ကူးသွားပြီး အဝေးရှိတောင်ကုန်း၏ထိပ်တွင် ရပ်နေပြီးလျှင်
14
စစ်သည်များနှင့် နေရ၏သားအာဗနာကို အော်ခေါ်ပြီး “အို အာဗနာ၊ ငါ့ကို သင်မထူးသလော”ဟု မေးလျှင် အာဗနာက “ရှင်ဘုရင်ကို အော်ခေါ်နေသောသူကား မည်သူနည်း”ဟု ပြန်ပြော၏။
15
ထို့ကြောင့် ဒါဝိဒ်က အာဗနာအား “သင်သည် ယောက်ျား မဟုတ်သလော။ အစ္စရေးပြည်တွင် သင့်ကို မည်သူယှဉ်နိုင်သနည်း။ သင့်သခင်ရှင်ဘုရင်ကို အဘယ်ကြောင့် မစောင့်ရှောက်သနည်း။ သင့်သခင်ရှင်ဘုရင်ကို သုတ်သင်ရန် လူတစ်ယောက်ဝင်သွားလေပြီ။
16
သင် ဤသို့ပြုသည်မှာ မကောင်းမသင့်ပေ။ ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရား၏ဘိသိက်ခံ သင်၏ရှင်ဘုရင်ကို သင်မစောင့်ရှောက်နိုင်သောကြောင့် သင်သည် အမှန်ပင် သေသင့်သောသူဖြစ်၏။ ယခု ကြည့်ပါ။ ရှင်ဘုရင်၏ခေါင်းရင်း၌ထားသော လှံနှင့်ရေဘူးကား အဘယ်မှာနည်း”ဟု အော်ပြောလေ၏။
17
ရှောလုမင်းကြီးသည် ဒါဝိဒ်၏အသံကို မှတ်မိသဖြင့် “ဤအသံသည် ငါ့သား ဒါဝိဒ်၏အသံ မဟုတ်လော”ဟု အော်မေးရာ ဒါဝိဒ်က “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်အသံ ဟုတ်ပါ၏။
18
အကျွန်ုပ်၏သခင်၊ အဘယ်ကြောင့် သခင့်အစေအပါးနောက်သို့ လိုက်နေရပါသနည်း။ အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ မည်သည့် အမှားပြုမိပါသနည်း။
19
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။
20
ယခုမှာ ထာဝရဘုရားရှေ့တော်နှင့်ဝေးရာ၌ အကျွန်ုပ်ကို မသတ်ပါနှင့်။ အစ္စရေးဘုရင်သည် တောင်များပေါ်တွင် ခါငှက်ကိုလိုက်သကဲ့သို့ ခွေးလှေးတစ်ကောင်ကို ရှာထွက်လေပြီ”ဟု ပြန်အော်ပြော၏။
21
ထိုအခါ ရှောလုမင်းကြီးက “ငါအပြစ်ပြုမိလေပြီ။ ငါ့သားဒါဝိဒ်၊ ပြန်လာပါ။ သင့်ကို နောက်ထပ်အန္တရာယ်မပြုတော့ပါ။ ကြည့်ရှုလော့။ ငါသည် မိုက်မဲလျက် အမှားကြီးမှားနေသော်လည်း ယနေ့တွင် သင်သည် ငါ့အသက်ကို တန်ဖိုးထားလေပြီ”ဟု ပြန်အော်ပြောလေ၏။
22
ဒါဝိဒ်က “အရှင်မင်းကြီး၏လှံတော် ဤမှာရှိပါ၏။ ငယ်သားတစ်ဦးကို စေလွှတ်၍ ပြန်ယူစေပါ။
23
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။
24
ယနေ့ အရှင်မင်းကြီးအသက်ကို အကျွန်ုပ် တန်ဖိုးထားသကဲ့သို့ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကို တန်ဖိုးထားတော်မူပါစေသော။ အကျွန်ုပ်ကိုလည်း ဆင်းရဲဒုက္ခအပေါင်းမှ ကယ်နုတ်တော်မူပါစေသော”ဟု ပြန်အော်ပြောလေ၏။
25
ရှောလုမင်းကြီးကလည်း ဒါဝိဒ်အား “ငါ့သားဒါဝိဒ်၊ သင်သည် ကောင်းချီးမင်္ဂလာခံစားရပါစေသော။ အကယ်စင်စစ် သင်သည် ပြုလေရာရာ၌ အောင်မြင်လိမ့်မည်”ဟု အော်ပြောပြီးလျှင် ဒါဝိဒ်သည် ပြန်သွားပြီး ရှောလုမင်းကြီးလည်း သူ၏နေရပ်သို့ ပြန်သွားလေ၏။
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31