bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 14
1 Samuel 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 15 →
1
တစ်နေ့တွင် ရှောလုမင်းကြီး၏သားတော်ယောနသန်သည် ခမည်းတော်ကို အသိမပေးဘဲ မိမိ၏လက်နက်ကိုင်လုလင်အား “လာပါ။ တစ်ဖက်ကမ်းရှိ ဖိလိတ္တိကင်းတပ်သို့ ကူးသွားကြစို့”ဟု ဆို၏။
2
ရှောလုမင်းကြီးသည် ဂိဗာမြို့စွန်၊ မိဂရုန်အရပ်ရှိသလဲပင်အောက်တွင် စခန်းချနေ၏။ သူနှင့်အတူ စစ်သည်အယောက်ခြောက်ရာခန့်ရှိ၏။
3
ထိုစဉ်က ရှိလောမြို့တွင် ထာဝရဘုရား၏ယဇ်ပုရောဟိတ် ဧလိ၏မြစ်၊ ဖိနဟတ်၏မြေး၊ ဣခဗုဒ်၏အစ်ကို၊ အဟိတုပ်၏သား အဟိယသည် ဧဖုဒ် ကိုဝတ်ဆင်လျက် ယဇ်ပုရောဟိတ်အဖြစ် အမှုဆောင်နေ၏။ ယောနသန်ထွက်သွားသည်ကို လူတစ်ယောက်မျှမသိ။
4
ယောနသန်သည် ဖိလိတ္တိကင်းတပ်သို့ကူးသွားမည့်လမ်းကို ရှာဖွေရာ ထိုလမ်းမှာ တောင်ကြားလမ်းဖြစ်၍ တစ်ဖက်တစ်ချက်စီ၌ ကျောက်ဆောင်ရှိ၏။ တစ်ခုမှာ ဗောဇက် ဟုခေါ်၍ ကျန်တစ်ခုမှာ သေနေ ဟုခေါ်၏။
5
မြောက်ဘက်ရှိကျောက်ဆောင်တစ်ခုမှာ မိတ်မတ်မြို့သို့ မျက်နှာမူ၏။ တောင်ဘက်ရှိကျန်တစ်ခုမှာ ဂေဗမြို့သို့ မျက်နှာမူလျက်ရှိ၏။
6
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
7
လက်နက်ကိုင်လုလင်ကလည်း “အရှင့်စိတ်တိုင်းကျ ပြုပါ။ အရှင်သွားလိုရာသို့ သွားပါ။ အရှင့်အလိုအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။
8
ယောနသန်ကလည်း “သူတို့ရှိရာသို့ ငါတို့ကူးသွားပြီး လူရိပ်ပြကြည့်မည်။
9
သူတို့က ငါတို့အား ‘သင်တို့ထံသို့ ငါတို့မလာမချင်း စောင့်နေပါ’ဟု ဆိုလျှင် သူတို့ထံမသွားဘဲ ကိုယ့်နေရာမှာကိုယ်ရပ်နေမည်။
10
အကယ်၍ ‘ငါတို့ထံတက်လာပါ’ဟု သူတို့ဆိုလျှင် ငါတို့တက်သွားမည်။ ဤသည်မှာ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့အပ်တော်မူကြောင်း နိမိတ်လက္ခဏာပင်ဖြစ်၏”ဟု ဆိုပြီး
11
သူတို့နှစ်ဦးစလုံးသည် ဖိလိတ္တိကင်းတပ်ရှေ့တွင် လူရိပ်ပြလေ၏။ ဖိလိတ္တိလူမျိုးတို့ကလည်း “ကြည့်ပါ။ ဟေဗြဲလူမျိုးတို့သည် ပုန်းခိုရာတွင်းထဲမှ ထွက်လာကြပြီ”ဟု ဆိုပြီးလျှင်
12
ကင်းစောင့်တပ်သားတို့က ယောနသန်နှင့်သူ၏လက်နက်ကိုင်လုလင်အား “ငါတို့ထံ တက်လာကြ။ ငါတို့အကြောင်း သိစေရမည်”ဟု အော်ပြော၏။ ယောနသန်ကလည်း သူ့လက်နက်ကိုင်လုလင်အား “ငါ့နောက် လိုက်ခဲ့။ ထာဝရဘုရားသည် သူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူပြီ”ဟု ဆို၏။
13
ယောနသန်သည် လေးဖက်ထောက်တက်သွား၍ သူ့လက်နက်ကိုင်လုလင်သည်လည်း သူ့နောက်မှ လိုက်တက်၏။ ယောနသန်သည် ရှေ့မှနေ၍ ဖိလိတ္တိလူမျိုးတို့ကိုလှဲချ၏။ သူ့လက်နက်ကိုင်လုလင်သည်လည်း နောက်မှနေ၍ ထိုသူတို့ကို သတ်ဖြတ်လေ၏။
14
ဤသို့ ယောနသန်နှင့်သူ့လက်နက်ကိုင်လုလင်တို့သည် ပွဲဦးထွက်တိုက်ခိုက်ရာ၌ ဧကဝက်ခန့်မျှရှိသောမြေကွက်တွင် လူနှစ်ဆယ်ခန့်ကို သတ်ဖြတ်နိုင်၏။
15
တပ်စခန်းအတွင်း အပြင်ရှိ ကင်းတပ်သားအားလုံး ကြောက်ရွံ့ကြကုန်၏။ အသေခံတပ်သားများလည်း ထိတ်လန့်ကြလေ၏။ ထိုစဉ်တွင် ငလျင်ပါလှုပ်သဖြင့် ပို၍ကြောက်ရွံ့ကြလေ၏။
16
ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် ရှောလုမင်းကြီး၏ကင်းစောင့်တို့သည် ဖိလိတ္တိစစ်သည်များ တပ်ပျက်၍ ဟိုဟိုသည်သည်ပြေးလွှားနေကြသည်ကို မြင်လျှင်
17
ရှောလုမင်းကြီးက သူ၌ရှိသောလူတို့အား “ငါတို့ထဲမှ မည်သူထွက်သွားသည်ကို သိရှိနိုင်ရန် ယခုချက်ချင်း လူတို့ကိုရေတွက်ကြည့်ပါ”ဟု ဆိုလေ၏။ သူတို့လည်း လူကိုရေတွက်ကြည့်သောအခါ ယောနသန်နှင့်သူ့လက်နက်ကိုင်လုလင် မရှိသည်ကို တွေ့ရ၏။
18
ထိုအခါ ရှောလုမင်းကြီးက အဟိယအား “ဘုရားသခင်၏သေတ္တာတော်ကို ယူခဲ့လော့”ဟု ဆို၏။ ထိုစဉ်က ဘုရားသခင်၏သေတ္တာတော်မှာ အစ္စရေးအမျိုးသားတို့တွင် ရှိနေ၏။
19
ရှောလုမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းအဟိယနှင့်စကားပြောနေစဉ် ဖိလိတ္တိတပ်စခန်းမှ ရုန်းရင်းဆန်ခတ်အသံများမှာ ပို၍ပို၍ကျယ်လာလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ယဇ်ပုရောဟိတ်အား “ရှိပါစေတော့”ဟု ဆို၏။
20
ရှောလုမင်းကြီးနှင့် သူ၌ရှိသောလူအပေါင်းတို့သည် စုရုံး၍ စစ်မြေပြင်သို့ချီသွားကြလျှင် ဖိလိတ္တိစစ်သည် အချင်းချင်းဓားနှင့် ခုတ်သတ်ကြ၍ ဝရုန်းသုန်းကားဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။
21
ယခင်က ဖိလိတ္တိလူမျိုးတို့နှင့် ပေါင်းဖော်၍ သူတို့နှင့်အတူ အရပ်ရပ်မှ လိုက်လာသဖြင့် တပ်စခန်းတွင်ရှိနေသောဟေဗြဲလူမျိုးတို့သည်လည်း ရှောလု၊ ယောနသန်တို့နှင့်အတူရှိသော အစ္စရေးလူမျိုးတို့ဘက်သို့ ပြန်လာကြ၏။
22
ဧဖရိမ်တောင်ပေါ်ဒေသ၌ ပုန်းအောင်းနေသော အစ္စရေးအမျိုးသားအပေါင်းတို့သည်လည်း ဖိလိတ္တိလူမျိုးတို့ ထွက်ပြေးနေရကြောင်းကို ကြားသိလျှင် တိုက်ပွဲတွင်ပါဝင်လာကြပြီး သူတို့အား လိုက်လံတိုက်ခိုက်လေ၏။
23
ဤသို့ဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို ထိုနေ့တွင် ကယ်တင်တော်မူ၍ တိုက်ပွဲမှာ ဗေသဝင်မြို့သို့တိုင် ရောက်လေ၏။
24
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။
25
လူ အပေါင်းတို့သည် မြေပြင်ပေါ်တွင် ပျားရည်ရှိရာတောအုပ်ထဲသို့ ရောက်ကြ၏။
26
သူတို့သည် တောအုပ်ထဲသို့ ဝင်သွားရာ ပျားရည်တစက်စက်ယိုကျနေသည်ကို တွေ့နေရသော်လည်း ကျိန်စာသင့်မည်ကိုကြောက်သောကြောင့် မည်သူမျှလက်နှင့်ပါးစပ်ကို မထိဝံ့ကြ။
27
သို့သော် ခမည်းတော်သည် လူတို့အား ကျိန်ဆိုစေသည်ကို ယောနသန်မသိ။ ထို့ကြောင့် သူ၏လက်ကိုဆန့်ပြီး သူကိုင်ထားသောတောင်ဝှေးအဖျားကို ပျားလပို့ထဲသို့နှစ်၍ ပျားရည်ကိုလက်နှင့်ယူစားလိုက်ရာ အားပြည့်လန်းဆန်းလာလေ၏။
28
ထိုအခါ လူတစ်ဦးက သူ့အား “အရှင့်ခမည်းတော်က ‘ယနေ့အစာစားသူသည် ကျိန်ခြင်းကိုခံရမည်’ဟု တင်းကျပ်စွာကျိန်ထားသောကြောင့် လူတို့သည်လည်း အားယုတ်နွမ်းနယ်လျက်ရှိ၏”ဟု ပြောပြ၏။
29
ယောနသန်ကလည်း “ငါ့ခမည်းတော်သည် ပြည်သားတို့ကို ဒုက္ခပေးလေပြီ။ ယခု ကြည့်ကြလော့။ ဤပျားရည်အနည်းငယ်ကို ငါမြည်းစမ်းကြည့်သောအခါ ငါအားပြည့်လန်းဆန်းလာပြီ။
30
စစ်သည်တို့သည် ရန်သူတို့ထံမှ သိမ်းဆည်းရရှိလာသောအစားအစာများကို ယနေ့သာစိတ်ကြိုက်စားခွင့်ရခဲ့မည်ဆိုလျှင် မည်မျှအကျိုးရှိမည်နည်း။ ယခုမှာ ဖိလိတ္တိလူမျိုးတို့ကို များစွာမသုတ်သင်ပစ်နိုင်ခဲ့ပါတကား”ဟု ဆို၏။
31
ထိုနေ့တွင် သူတို့သည် ဖိလိတ္တိလူမျိုးတို့ကို မိတ်မတ်မြို့မှ အာယလုန်မြို့အထိ လိုက်လံချေမှုန်းကြ၏။ စစ်သည်များလည်း အလွန်မောပန်းကြလေ၏။
32
ထို့ကြောင့် သူတို့သည် တိုက်ရာပါပစ္စည်းများရှိရာသို့ တစ်ဟုန်ထိုးပြေးသွား၍ သိုးနွားများ၊ နွားသငယ်များကို မြေပေါ်တွင်သတ်ပြီးလျှင် အသွေးပါ စားမိကြလေ၏။
33
ထိုအခါ ရှောလုမင်းကြီးအား “ကြည့်ပါလော့။ စစ်သည်တို့သည် အသွေးနှင့်တကွစားခြင်းဖြင့် ထာဝရဘုရားကို ပြစ်မှားမိကြပြီ”ဟု လျှောက်ကြရာ ရှောလုမင်းကြီးက “သင်တို့သစ္စာဖျက်ကြပြီ။ ယနေ့ ငါ့ထံ ကျောက်တုံးကြီးတစ်တုံးလှိမ့်လာခဲ့ပါ”ဟု မိန့်ဆို၏။
34
ထို့နောက် ရှောလုမင်းကြီးက “လူတို့ထံသို့ အနှံ့သွား၍ သူတို့အား ‘သူတို့အသီးသီးပိုင်ဆိုင်သောသိုးနွားတို့ကို ငါ့ထံသို့ ယူဆောင်လာစေပါ။ ဤနေရာတွင် သတ်၍စားကြပါ။ အသွေးကိုစားခြင်းဖြင့် ထာဝရဘုရားကို မပြစ်မှားကြပါနှင့်’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။ ထိုညမှာပင် လူတို့သည် မိမိတို့၌ရှိသောနွားတို့ကို ယူလာ၍ ထိုနေရာ၌ သတ်ကြ၏။
35
ရှောလုမင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ ရှောလုမင်းကြီးပထမဦးဆုံးတည်သောယဇ်ပလ္လင်ဖြစ်၏။
36
ရှောလုမင်းကြီးက “ယခုည ဖိလိတ္တိလူမျိုးတို့ထံသွား၍ နံနက်မိုးလင်းသည့်တိုင်အောင် တိုက်ခိုက်သိမ်းယူကြစို့။ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်သူ မရှိစေနှင့်”ဟုဆိုလျှင် သူတို့က “အရှင် အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ပြန်လျှောက်ကြ၏။ သို့သော် ယဇ်ပုရောဟိတ်က “ဦးစွာ ဘုရားသခင်ထံဆည်းကပ်ကြစို့”ဟု သူတို့အား ဆို၏။
37
ထို့ကြောင့် ရှောလုမင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ဆင်းတိုက်ရပါမည်လော။ သူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူမည်လော”ဟု ဘုရားသခင်ထံ မေးလျှောက်သော်လည်း ထိုနေ့၌ တုံ့ပြန်တော်မမူ။
38
ထို့နောက် ရှောလုမင်းကြီးက “အစ္စရေးအကြီးအကဲအပေါင်းတို့၊ ဤနေရာသို့လာကြလော့။ ယနေ့ မည်သည့်အပြစ် ကျူးလွန်ထားကြောင်း သိရှိနိုင်ရန် ကြည့်ရှုစစ်ဆေးကြလော့။
39
အစ္စရေးလူမျိုး၏ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ့သားယောနသန်ပင် ဖြစ်စေကာမူ မုချအသတ်ခံရမည်”ဟု ဆို၏။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ပြန်၍မလျှောက်တင်ကြ။
40
ထို့ကြောင့် ရှောလုမင်းကြီးက အစ္စရေးလူမျိုးအပေါင်းတို့အား “သင်တို့အားလုံး တစ်ဖက်မှာနေပါ။ ငါနှင့်ငါ့သားယောနသန်သည် တစ်ဖက်မှာနေမည်”ဟု ဆိုလျှင် လူတို့က “အရှင်အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ရှောလုမင်းကြီးအား လျှောက်တင်ကြ၏။
41
ထို့နောက် ရှောလုမင်းကြီးက အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ “အမှန်ကိုသိစေတော်မူပါ”ဟု ဆုတောင်းပြီး မဲချရာ ရှောလုနှင့်ယောနသန်၌မဲကျသဖြင့် အခြားသောသူတို့ လွတ်သွားကြ၏။
42
ရှောလုမင်းကြီးက “ငါနှင့်ငါ့သားယောနသန်ကို မဲချပေးလော့”ဟု ဆိုသဖြင့် မဲချသောအခါ ယောနသန်၌ မဲကျလေ၏။
43
ထိုအခါ ရှောလုမင်းကြီးက ယောနသန်အား “သင်မည်သို့ပြုမိသနည်း။ ငါ့အားပြောပြလော့”ဟု ဆိုသော် ယောနသန်က “စင်စစ် အကျွန်ုပ်ကိုင်ထားသောတောင်ဝှေးအဖျားဖြင့် ပျားရည်အနည်းငယ်ကို ယူ၍စားမိပါပြီ။ ထို့ကြောင့် ယခု အကျွန်ုပ်ကိုသေဒဏ်ပေးပါ”ဟု ဆို၏။
44
ရှောလုမင်းကြီးကလည်း “ယောနသန်၊ သင်မုချသေရမည်။ သင်မသေလျှင် ဘုရားသခင်သည် ထိုထက်မက ငါ့ကို ပြုတော်မူပါစေသော”ဟု ဆို၏။
45
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
46
ရှောလုမင်းကြီးလည်း ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့နေရပ်သို့ ပြန်သွားကြလေ၏။
47
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။
48
သူသည် ရဲစွမ်းသတ္တိအပြည့်ရှိသူဖြစ်၏။ အာမလက်လူမျိုးတို့ကို ချေမှုန်း၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လုယက်သူတို့၏လက်မှ ကယ်နုတ်ခဲ့၏။
49
ရှောလုမင်းကြီး၏သားများမှာ ယောနသန်၊ ဣရွှိ၊ မေလခိရွှ တို့ဖြစ်ကြ၏။ သမီးနှစ်ဦးရှိ၍ သမီးကြီး၏အမည်မှာ မေရပ် ဟုခေါ်ပြီး သမီးငယ်၏အမည်မှာ မိခါလ ဟုခေါ်၏။
50
ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။
51
ရှောလုမင်းကြီး၏ဖခင် ကိရှနှင့်အာဗနာ၏ဖခင်နေရတို့သည် အဗျေလ၏သားများ ဖြစ်ကြ၏။
52
ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31