bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 10
Joshua 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
1
ယောရှုသည် အာဣမြို့ကိုသိမ်း၍ ဂျေရိခေါမြို့နှင့်ဘုရင်ကို ပြုသကဲ့သို့ အာဣမြို့နှင့်ဘုရင်ကိုပြု၍ ချေမှုန်းခဲ့ကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် အစ္စရေးလူမျိုးတို့နှင့် မိတ်ဖွဲ့ပြီး အတူနေထိုင်ကြောင်းကိုလည်းကောင်း ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီး ကြားသောအခါ
2
အလွန်ကြောက်လေ၏။ အကြောင်းမူကား ဂိဗောင်မြို့သည် မင်းနေပြည်တော်မြို့ကဲ့သို့ ခမ်းနားကြီးကျယ်သောမြို့ဖြစ်၏။ အာဣမြို့ထက်ကြီး၍ ထိုမြို့ရှိယောက်ျားအပေါင်းတို့သည်လည်း စစ်သူရဲများဖြစ်ကြ၏။
3
ထို့ကြောင့် ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီးသည် ဟေဗြုန်ဘုရင်ဟောဟံမင်းကြီး၊ ယာမုတ်ဘုရင်ပိရံမင်းကြီး၊ လာခိရှဘုရင်ယာဖျာမင်းကြီး၊ ဧဂလုန်ဘုရင်ဒေဗိရမင်းကြီး တို့ထံသို့ လူလွှတ်ကာ
4
“ဂိဗောင်မြို့သားတို့သည် ယောရှုနှင့်လည်းကောင်း၊ အစ္စရေးအမျိုးသားတို့နှင့်လည်းကောင်း မိတ်ဖွဲ့ပြီဖြစ်၍ ဂိဗောင်မြို့ကို တိုက်ခိုက်ရန် ငါ့ကို လာကူညီကြပါ”ဟု မှာလိုက်၏။
5
ထို့ကြောင့် အာမောရိဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့သည် သူတို့၏စစ်သည်အပေါင်းတို့နှင့်တကွ ပူးပေါင်းစစ်ချီကြ၏။ ဂိဗောင်မြို့အနီး၌ စခန်းချ၍ ဂိဗောင်မြို့ကို တိုက်ခိုက်ကြ၏။
6
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။
7
ယောရှုသည်လည်း ရဲစွမ်းသတ္တိရှိသောစစ်သူရဲအပေါင်းတို့နှင့်တကွ စစ်တပ်တစ်တပ်လုံးကိုခေါ်၍ ဂိလဂါလအရပ်မှ စစ်ချီထွက်လေ၏။
8
ထာဝရဘုရားက ယောရှုအား “သူတို့ကို သင့်လက်သို့ ငါအပ်ပြီဖြစ်၍ သူတို့ကို မကြောက်နှင့်။ သင့်ရှေ့၌ ထိုသူတို့တစ်ယောက်မျှ ခံရပ်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
9
ယောရှုသည် ဂိလဂါလအရပ်မှ တစ်ညလုံးစစ်ချီ၍ ရန်သူတို့ကို အလစ်ဝင်တိုက်လေ၏။
10
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
11
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။
12
အာမောရိလူမျိုးတို့ကို အစ္စရေးအမျိုးသားတို့လက်သို့ ထာဝရဘုရားအပ်တော်မူသောနေ့၌ ယောရှုသည် ထာဝရဘုရားထံ ဆုတောင်းပြီးလျှင် အစ္စရေးအမျိုးသားတို့၏ရှေ့မှောက်တွင် “အို နေ၊ ဂိဗောင်မြို့ပေါ် တန့်နေလော့။ အို လ၊ အာယလုန်ချိုင့်ဝှမ်းပေါ် တန့်နေလော့”ဟု ဆို၏။
13
လူမျိုးတော်တို့သည် ရန်သူတို့ကို လက်တုံ့ပြန်ပြီးသည်အထိ နေသည် ငြိမ်ဝပ်လျက်၊ လသည် တန့်လျက် နေ၏။ ထိုအကြောင်းကို ယာရှာစာအုပ်၌ ရေးဖွဲ့ထား၏။ နေသည် တစ်နေ့လုံး မရွေ့မလျား ကောင်းကင်အလယ်၌ တန့်လျက်နေ၏။
14
ထာဝရဘုရားသည် ထိုနေ့ကဲ့သို့ လူ၏စကားကို နားညောင်းသောအဖြစ်မျိုး ယခင်က မဖြစ်ဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်။ စင်စစ် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် စစ်တိုက်တော်မူခဲ့၏။
15
ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် မိမိတို့စခန်းချရာ ဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြ၏။
16
ရှင်ဘုရင်ငါးပါးတို့မှာမူ ထွက်ပြေး၍ မက္ကဒါအရပ်ရှိ လိုဏ်ဂူထဲတွင် ပုန်းနေကြ၏။
17
“ရှင်ဘုရင်ငါးပါးသည် မက္ကဒါအရပ်ရှိလိုဏ်ဂူထဲ၌ ပုန်းနေသည်ကို တွေ့ပါပြီ”ဟု ယောရှုအား ကြားလျှောက်ကြသောအခါ
18
ယောရှုက “လိုဏ်ဂူဝကို ကျောက်တုံးကြီးများနှင့် ပိတ်ထား၍ လူစောင့်ချထားခဲ့လော့။
19
သင်တို့မူကား ရပ်စောင့်မနေဘဲ ရန်သူတို့နောက်သို့လိုက်၍ တိုက်ခိုက်ကြလော့။ သူတို့ကို မြို့ထဲသို့ တစ်ယောက်မျှ မဝင်စေနှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလေ၏။
20
ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး အပြီးတိုင်ချေမှုန်းခဲ့၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည် ခံတပ်မြို့သို့ ပြေးဝင်ကြ၏။
21
အစ္စရေးစစ်သည်အပေါင်းတို့သည် ယောရှုစခန်းချရာ မက္ကဒါအရပ်သို့ ဘေးကင်းစွာပြန်ရောက်လာကြ၏။ အစ္စရေးအမျိုးသားတို့ကို မည်သူမျှ ရန်မစဝံ့ကြချေ။
22
ယောရှုက “လိုဏ်ဂူဝကိုဖွင့်ပြီး ထိုလိုဏ်ဂူထဲမှရှင်ဘုရင်ငါးပါးကို ငါ့ထံသို့ ထုတ်ဆောင်လာခဲ့ကြလော့”ဟု ဆိုသည့်အတိုင်း
23
ရှင်ဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကို လိုဏ်ဂူထဲမှ ခေါ်ထုတ်လာကြ၏။
24
ထိုရှင်ဘုရင်တို့ကို ယောရှုထံခေါ်ဆောင်လာသောအခါ ယောရှုက အစ္စရေးတစ်မျိုးသားလုံးကို ဆင့်ခေါ်ပြီးလျှင် သူနှင့်အတူစစ်ချီခဲ့သောစစ်သူရဲအကြီးအမှူးတို့အား “လာကြ၊ ဤရှင်ဘုရင်တို့၏လည်ပင်းကို တက်နင်းကြ”ဟု ဆို၏။ သူတို့လည်း လာ၍ရှင်ဘုရင်တို့၏လည်ပင်းကို တက်နင်းကြ၏။
25
ထို့နောက် ယောရှုက သူတို့အား “မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ အားယူ၍ရဲရင့်ခြင်းရှိကြလော့။ သင်တို့နှင့်တိုက်ခိုက်သောရန်သူဟူသမျှကို ထာဝရဘုရားက ဤသို့ဖြစ်စေတော်မူမည်”ဟု ဆိုလေ၏။
26
ထို့နောက် ယောရှုသည် ထိုရှင်ဘုရင်တို့ကို ရိုက်နှက်ပြီး အသေသတ်ကာ သစ်ပင်ငါးပင်ပေါ်၌ချိတ်ဆွဲထားလေ၏။ သူတို့သည် နေဝင်ချိန်တိုင်အောင် သစ်ပင်၌ချိတ်ဆွဲထားခြင်းခံရ၏။
27
နေဝင်ချိန်ရောက်သောအခါ ယောရှုအမိန့်ပေးသဖြင့် ထိုရှင်ဘုရင်တို့၏အလောင်းကို သစ်ပင်ပေါ်မှချပြီး သူတို့ပုန်းအောင်းခဲ့သည့်လိုဏ်ဂူထဲသို့ ပစ်ထည့်ကာ လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့် ပိတ်ထားလေ၏။ ထိုကျောက်တုံးကြီးများသည် ယနေ့တိုင် ရှိသေး၏။
28
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
29
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် မက္ကဒါမြို့မှ လိဗနမြို့သို့ ချီတက်ပြီး လိဗနမြို့ကို တိုက်ခိုက်ကြ၏။
30
ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။
31
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် လိဗနမြို့မှ လာခိရှမြို့သို့ ချီတက်ပြီး ထိုမြို့အနီး၌ စခန်းချကာ ထိုမြို့ကို တိုက်ခိုက်လေ၏။
32
ထာဝရဘုရားသည် လာခိရှမြို့ကိုလည်း အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် ဒုတိယနေ့တွင် ထိုမြို့ကိုသိမ်း၍ လိဗနမြို့ကို ပြုခဲ့သည့်အတိုင်း ထိုမြို့သူမြို့သားအားလုံးကို ဓားဖြင့်လုပ်ကြံလေ၏။
33
ထိုအခါ ဂေဇာဘုရင်ဟောရံမင်းကြီးသည် လာခိရှဘုရင်ကို စစ်ကူပေးရန် ချီလာ၏။ ယောရှုသည် ထိုဘုရင်နှင့်သူ၏စစ်သည်တို့ကို အသက်ရှင်ကျန်ရစ်သူမရှိအောင် ချေမှုန်းလေ၏။
34
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီတက်၍ ထိုမြို့အနီး၌စခန်းချကာ ထိုမြို့ကို တိုက်ခိုက်လေ၏။
35
သူတို့သည် ထိုမြို့ကို နေ့ချင်းသိမ်းပိုက်၏။ လာခိရှမြို့ကို ပြုခဲ့သည့်အတိုင်း ထိုနေ့ချင်းတွင် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံ၍ တစ်ယောက်မကျန်သတ်ဖြတ်လေ၏။
36
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီတက်ကာ ထိုမြို့ကိုတိုက်ခိုက်၏။
37
ထိုမြို့ကို သိမ်းပိုက်၍ ထိုမြို့၏ဘုရင်နှင့်တကွ မြို့ရွာအားလုံးရှိ လူအားလုံးကို ဓားဖြင့် လုပ်ကြံ၏။ ဧဂလုန်မြို့ကို တစ်ယောက်မျှမကျန်အောင် ဖျက်ဆီးခဲ့သည့်အတိုင်း ထိုမြို့နှင့် ထိုမြို့၌ရှိသောလူအားလုံးကို ဖျက်ဆီးလေ၏။
38
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်တို့သည် ဒေဗိရမြို့သို့လှည့်၍ ထိုမြို့ကို တိုက်ခိုက်ကြ၏။
39
ထိုမြို့နှင့် မြို့၏ဘုရင်အပါအဝင် မြို့ရွာအားလုံးကိုသိမ်းပိုက်၏။ မြို့သူမြို့သားအားလုံးကို ဓားဖြင့် တစ်ယောက်မကျန် လုပ်ကြံသတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။ ဟေဗြုန်မြို့နှင့်ဘုရင်၊ လိဗနမြို့နှင့်ဘုရင် တို့ကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်ဘုရင်ကို ပြုလေ၏။
40
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
41
ဤသို့ဖြင့် ယောရှုသည် ကာဒေရှဗာနာအရပ်မှ ဂါဇအရပ်တိုင်အောင်၊ ဂိဗောင်မြို့မှ ဂေါရှင်ပြည်တစ်လျှောက်လုံးကို တိုက်ခိုက်သိမ်းပိုက်၏။
42
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးအတွက် စစ်တိုက်တော်မူသောကြောင့် ယောရှုသည် ရှင်ဘုရင်တို့နှင့်တကွ သူတို့၏တိုင်းပြည်များကို တစ်ချီတည်းသိမ်းပိုက်အောင်မြင်ခဲ့လေ၏။
43
ထို့နောက်တွင် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် တပ်စခန်းချရာဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြလေ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24