bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 24
Joshua 24
Burmese MSBU
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
1
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။
2
ထိုအခါ ယောရှုက လူအပေါင်းတို့အား “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘အာဗြဟံနှင့် နာခေါ်တို့၏ဖခင် တေရ မှစ၍ သင်တို့၏ဘိုးဘေးတို့သည် ရှေးယခင်က ယူဖရေးတီးမြစ် တစ်ဖက်ကမ်း၌နေထိုင်၍ အခြားဘုရားများကိုဝတ်ပြုခဲ့ကြ၏။
3
ငါသည် သင်တို့အဖအာဗြဟံကို ယူဖရေးတီးမြစ် တစ်ဖက်မှ ခေါ်ထုတ်၍ ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်ခဲ့၏။ သူ၏သားစဉ်မြေးဆက်ကို များပြားစေ၏။ သူ့အား သားဣဇက်ကို ငါပေး၏။
4
ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
5
ငါသည် မောရှေနှင့်အာရုန်ကိုစေလွှတ်၍ အီဂျစ်ပြည်၌ ဘေးအမျိုးမျိုးကျရောက်စေခြင်းအားဖြင့် ဒဏ်ခတ်ပြီးနောက် သင်တို့ကို ထုတ်ဆောင်ခဲ့၏။
6
ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်၍ ပင်လယ်နီသို့ ရောက်သောအခါ အီဂျစ်လူမျိုးတို့သည် စစ်ရထား၊ မြင်းစီးသူရဲတို့ဖြင့် ထိုပင်လယ်တိုင်အောင် သင်တို့ဘိုးဘေးတို့နောက်သို့လိုက်ကြ၏။
7
ထိုအခါ သူတို့သည် ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြသဖြင့် ငါသည် သင်တို့နှင့်အီဂျစ်လူမျိုးတို့ကြား၌ အမှောင်ထု ခြားစေ၏။ အီဂျစ်လူမျိုးတို့ကို ပင်လယ်ရေလွှမ်းမိုးသွားစေ၏။ အီဂျစ်လူမျိုးတို့အား ငါ ဒဏ်ခတ်ခဲ့သည်ကို သင်တို့ကိုယ်တိုင်မျက်စိဖြင့်မြင်ခဲ့ကြ၏။ ထို့နောက်မှ သင်တို့သည် တောကန္တာရ၌ ကာလကြာမြင့်စွာနေထိုင်ကြရ၏။
8
ငါသည် သင်တို့ကို ဂျော်ဒန်မြစ်အရှေ့ဘက်၌နေထိုင်သော အာမောရိလူမျိုးတို့၏ပြည်သို့ ပို့ဆောင်၏။ ထိုသူတို့သည် သင်တို့ကိုတိုက်ခိုက်ကြသော်လည်း ငါသည် သူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်တို့သည် သူတို့၏ပြည်ကို အပိုင်ရကြ၏။ ငါသည် သူတို့ကို သင်တို့၏ရှေ့မှာပင် ဖျက်ဆီးခဲ့၏။
9
ထို့နောက် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ထ၍တိုက်ခိုက်၏။ သူသည် ဗောရ၏သားဗာလမ်ကို လူလွှတ်ခေါ်၍ သင်တို့အား ကျိန်ဆဲစေ၏။
10
သို့ရာတွင် ငါသည် ဗာလမ်၏စကားကိုနားမထောင်။ သို့ဖြစ်၍ သူသည် သင်တို့ကို မကျိန်ဆဲဘဲ အကြိမ်ကြိမ်ကောင်းချီးပေးရ၏။ ငါသည် သင်တို့ကို သူ၏လက်မှကယ်နုတ်ခဲ့၏။
11
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။
12
သင်တို့၏ဓားအားဖြင့်မဟုတ်၊ လေးအားဖြင့်လည်းမဟုတ်။ ငါသည် ပျားတူများကို သင်တို့ရှေ့မှ စေလွှတ်၍ အာမောရိလူမျိုးတို့ရှင်ဘုရင်နှစ်ပါးကို သင်တို့ရှေ့မှနှင်ထုတ်၏။
13
ငါသည် သင်တို့မထွန်ယက်သောမြေ၊ သင်တို့မတည်ဆောက်သောမြို့များကို သင်တို့အားပေးသဖြင့် သင်တို့သည် ထိုမြို့တို့တွင် နေထိုင်ရကြ၏။ သင်တို့မစိုက်ပျိုးသောစပျစ်ခြံများ၊ သံလွင်ခြံများမှ အသီးကိုလည်းစားရကြ၏’ဟု မိန့်တော်မူ၏။
14
သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ် တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
15
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ် တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
16
ထိုအခါ လူတို့က “ထာဝရဘုရားကို စွန့်၍ အခြားဘုရားများကို ဝတ်ပြုခြင်းအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေ။
17
အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
18
ထာဝရဘုရားသည် ဤပြည်၌နေထိုင်သောအာမောရိလူမျိုးအပါအဝင် လူမျိုးခြားအပေါင်းတို့ကို အကျွန်ုပ်တို့ရှေ့မှ နှင်ထုတ်ပေးတော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသောကြောင့် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ပြန်ဖြေကြ၏။
19
ထိုအခါ ယောရှုက လူတို့အား “သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုနိုင်မည် မဟုတ်။ ထာဝရဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုတတ်သောဘုရားဖြစ်၏။ သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။
20
သင်တို့သည် ထာဝရဘုရားကို စွန့်၍ တိုင်းတစ်ပါးသားတို့၏ဘုရားကိုဝတ်ပြုမည်ဆိုလျှင် သင်တို့ကို ကောင်းစားစေခဲ့ရာမှ သင်တို့ကို ဒုက္ခရောက်စေမည်၊ သုတ်သင်ပယ်ရှင်းတော်မူမည်ကို သင်တို့သိသလော”ဟု ဆို၏။
21
လူတို့ကလည်း ယောရှုအား “မဟုတ်ပါ။ ထာဝရဘုရားကိုသာ အကျွန်ုပ်တို့ ဝတ်ပြုပါမည်”ဟု ပြန်ပြောကြ၏။
22
ယောရှုကလည်း လူတို့အား “ထာဝရဘုရားကိုသာဝတ်ပြုမည်ဟု သင်တို့ရွေးချယ်ခြင်းအမှုမှာ သင်တို့ကိုယ်တိုင်ပင် သက်သေဖြစ်၏”ဟုဆိုလျှင် သူတို့ကလည်း “အကျွန်ုပ်တို့သည် သက်သေဖြစ်ကြပါ၏”ဟု ပြန်ပြောကြ၏။
23
ယောရှုကလည်း “သို့ဖြစ်လျှင် သင်တို့တွင်ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားများကို ဖယ်ရှားပြီး သင်တို့၏စိတ်နှလုံးကို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားထံ တိမ်းညွတ်ကြလော့”ဟု ဆို၏။
24
လူတို့ကလည်း “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်။ ကိုယ်တော်၏စကားကိုသာ နားထောင်ပါမည်”ဟု ယောရှုအား ပြန်ပြောကြ၏။
25
ထိုနေ့တွင် ယောရှုသည် လူတို့နှင့် ပဋိညာဉ်ဖွဲ့ပြီး ရှေခင်မြို့၌ သူတို့အဖို့ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို ချမှတ်ပေးလေ၏။
26
ထို့နောက် ယောရှုသည် ထိုတရားစကားတို့ကို ဘုရားသခင်၏ပညတ်တရားကျမ်းများ၌ ရေးမှတ်ထား၏။ ထို့နောက် ကျောက်တုံးကြီးတစ်တုံးကိုယူ၍ ထာဝရဘုရား၏သန့်ရှင်းရာဌာနတော်အနီးရှိ ဝက်သစ်ချပင်အောက်တွင် စိုက်ထူထားလေ၏။
27
ထို့နောက် ယောရှုက လူအပေါင်းတို့အား “ကြည့်ပါ။ ငါတို့အား ထာဝရဘုရားမိန့်တော်မူသောစကားတော်အလုံးစုံကို ဤကျောက်တုံးသည်လည်း ကြားပြီဖြစ်၍ ငါတို့အဖို့ သက်သေဖြစ်လိမ့်မည်။ ဘုရားသခင်၏စကားတော်ကို သင်တို့ငြင်းပယ်လျှင် ဤကျောက်တုံးသည် သက်သေဖြစ်လိမ့်မည်”ဟု ဆို၏။
28
ထို့နောက် ယောရှုသည် လူတို့ကို သူတို့၏အမွေမြေအသီးသီးသို့ ပြန်စေလေ၏။
29
ထို့နောက်မှ ထာဝရဘုရား၏အစေအပါး နုန်၏သားယောရှုသည် အသက်တစ်ရာ့တစ်ဆယ်တွင် သေဆုံးလေ၏။
30
ဂါရှတောင်၏မြောက်ဘက်၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ သူအမွေမြေရထားသော တိမနသေရမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။
31
အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သည့်အရာရှိသမျှတို့ကို သိမြင်သောအသက်ရှင်ကျန်ရစ်သေးသည့် သက်ကြီးဝါကြီးတို့လက်ထက်ကာလပတ်လုံးတွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
32
သူတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှယူဆောင်လာခဲ့သော ယောသပ်၏အရိုးကို ရှေခင်၏ဖခင်ဟာမော်၏သားများထံမှ ငွေစတစ်ရာဖြင့် ယာကုပ်ဝယ်ယူထားသော ရှေခင်မြို့ရှိမြေကွက်တွင် သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားမြေးတို့ပိုင်သော အမွေမြေဖြစ်၏။
33
အာရုန်၏သားဧလာဇာလည်း သေဆုံးသဖြင့် ဧဖရိမ်တောင်ပေါ်ဒေသတွင် သူ့သားဖိနဟတ်အမွေမြေရထားသည့် ဖိနဟတ်တောင်ကုန်း၌ သင်္ဂြိုဟ်လေ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24