bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 14
Joshua 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
1
ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။
2
မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးအနွယ် ကိုးနွယ်နှင့်တစ်ဝက်တို့အား အမွေမြေကို မဲချခွဲဝေပေး၏။
3
မောရှေသည် အစ္စရေးအမျိုးအနွယ် နှစ်နွယ်နှင့်တစ်ဝက်ကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အမွေမြေပေးခဲ့ပြီးဖြစ်၏။ လေဝိအမျိုးကိုကား အမွေမြေ မခွဲပေး။
4
ယောသပ်၏သားတို့သည် မနာရှေအမျိုးအနွယ်နှင့် ဧဖရိမ်အမျိုးအနွယ်ဟူ၍ အမျိုးအနွယ်နှစ်နွယ်ဖြစ်လာ၏။ လေဝိအမျိုးကို အမွေမြေ မခွဲပေးသော်လည်း သူတို့နေစရာမြို့နှင့် သူတို့ပိုင်ဆိုင်သောတိရစ္ဆာန်များအတွက် စားကျက်မြေများကိုမူ ပေးထား၏။
5
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း ပြု၍ အမွေမြေကို ခွဲဝေယူကြ၏။
6
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
7
ထာဝရဘုရား၏အစေအပါးမောရှေက အကျွန်ုပ်အား ဤပြည်ကိုစူးစမ်းရန် ကာဒေရှဗာနာအရပ်မှ စေလွှတ်စဉ်က အကျွန်ုပ်အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ် အမှန်အတိုင်း ပြန်လည်လျှောက်တင်ခဲ့ပါ၏။
8
သို့သော် အကျွန်ုပ်နှင့်အတူ လိုက်သွားသောညီအစ်ကိုတို့သည် လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ပါ၏။ အကျွန်ုပ်ကား ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်ပါ၏။
9
ထို့ကြောင့် ထိုနေ့တွင် မောရှေက ‘သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်သောကြောင့် သင်ခြေချသောမြေသည် သင်နှင့်သင့်သားမြေးတို့အတွက် အမွေမြေအစဉ်ဖြစ်ရမည်’ဟု ကျိန်ဆိုခဲ့ပါ၏။
10
ယခု ကြည့်ရှုလော့။ အစ္စရေးလူမျိုးတို့ တောကန္တာရတွင်လှည့်လည်နေစဉ် ဤအကြောင်းအရာကို မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အချိန်မှစ၍ ယခုချိန်ထိ ထာဝရဘုရားသည် အကျွန်ုပ်ကို လေးဆယ့်ငါးနှစ်ပတ်လုံးအသက်ရှင်စေခဲ့ပါ၏။ ယနေ့မှာ အကျွန်ုပ်အသက် ရှစ်ဆယ့်ငါးနှစ် ရှိပါပြီ။
11
အကျွန်ုပ်အား မောရှေစေလွှတ်ခဲ့သောနေ့ကကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာဆဲရှိပါ၏။ စစ်ချီထွက်ရန်၊ စစ်တိုက်ရန် ယခင်က ခွန်အားရှိသကဲ့သို့ ယခုလည်း ရှိပါ၏။
12
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။
13
ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
14
ထိုသို့ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစိုက်လိုက်သောကြောင့် ဟေဗြုန်မြို့သည် ယနေ့တိုင်အောင် သူ၏အမွေမြေဖြစ်လေ၏။
15
ယခု ဟေဗြုန် ဟုခေါ်သောမြို့သည် ယခင်က ကိရယအာဘမြို့ဟုခေါ်၏။ အာဘသည် အာနကလူမျိုးတို့တွင် အကြီးအကဲဖြစ်၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24