bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 2
Joshua 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
1
နုန်၏သားယောရှုသည် သူလျှိုနှစ်ဦးကို ရှိတ္တိမ်အရပ်မှ တိတ်တဆိတ်စေလွှတ်၍ “ခါနာန်ပြည်၊ ဂျေရိခေါမြို့ကို သွား၍စူးစမ်းကြလော့”ဟု မှာလိုက်၏။ သူတို့လည်း သွား၍ ရာခပ်အမည်ရှိသောပြည့်တန်ဆာမ၏အိမ်သို့ဝင်၍ ညအိပ်ကြ၏။
2
ဂျေရိခေါဘုရင်အား “ကြည့်ရှုလော့။ အစ္စရေးအမျိုးသားအချို့တို့သည် ဤပြည်ကိုစူးစမ်းရန် ဤမြို့ထဲသို့ ညဥ့်ဦးယံအချိန်၌ ဝင်ကြပြီ”ဟု ကြားလျှောက်ကြသောအခါ
3
ဂျေရိခေါဘုရင်သည် ရာခပ်ထံသို့ လူလွှတ်၍ “သင့်ထံသို့ရောက်လာပြီး သင့်အိမ်ထဲသို့ဝင်သွားသောသူတို့ကို ထုတ်ပေးလော့။ သူတို့သည် ဤပြည်တစ်ပြည်လုံးကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆင့်ဆိုစေ၏။
4
ရာခပ်သည် ထိုသူနှစ်ယောက်ကို ဝှက်ထားနှင့်ပြီးဖြစ်၍ မင်းမှုထမ်းတို့အား “ထိုသူတို့သည် ကျွန်မထံသို့ရောက်လာကြသည်မှာ မှန်ပါ၏။ သို့ရာတွင် သူတို့ အဘယ်ကလာကြသည်ကို ကျွန်မ မသိပါ။
5
ညဥ့်နက်တံခါးပိတ်ခါနီးတွင် သူတို့ထွက်သွားကြပါ၏။ အဘယ်အရပ်သို့သွားကြသည်ကို မသိပါ။ သူတို့နောက်သို့ အလျင်အမြန်လိုက်ကြပါလော့။ မီကောင်းမီနိုင်လိမ့်မည်”ဟု ဆိုလေ၏။
6
ရာခပ်သည် ထိုသူတို့ကို ခေါင်မိုးပြင်သို့တက်စေပြီး ခေါင်မိုးပြင်၌ ဖြန့်ထားသောဗီသွာရိုးများအောက်၌ ဝှက်ထားနှင့်ပြီ။
7
မင်းမှုထမ်းတို့သည် ဂျော်ဒန်မြစ်နံဘေးလမ်းအတိုင်း ရေတိမ်ပိုင်းအထိ ထိုသူတို့နောက်သို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်သည်နှင့် မြို့တံခါးလည်းပိတ်သွား၏။
8
ရာခပ်လည်း ထိုသူတို့မအိပ်မီ သူတို့ရှိရာ ခေါင်မိုးပြင်ပေါ်သို့တက်လာ၍
9
သူတို့အား “ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား ပေးတော်မူကြောင်း၊ သင်တို့ကို ကျွန်မတို့ကြောက်ရွံ့ထိတ်လန့်လျက်ရှိကြောင်း၊ ဤပြည်သားအပေါင်းတို့သည် သင်တို့ကြောင့် စိတ်အားလျော့လျက်ရှိကြောင်း ကျွန်မသိပါ၏။
10
အီဂျစ်ပြည်မှ သင်တို့ထွက်လာသောအခါ သင်တို့ရှေ့၌ခံနေသောပင်လယ်နီကို ထာဝရဘုရား မည်သို့ခန်းခြောက်စေတော်မူခဲ့ကြောင်း၊ ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ရှိဟုန်နှင့်ဩဃတို့ကို သင်တို့မည်သို့ချေမှုန်းခဲ့ကြောင်း ကျွန်မတို့ ကြားသိရပါပြီ။
11
ထိုသို့ သင်တို့သတင်းကိုကြားသိရသောကြောင့် ကျွန်မတို့စိတ်ပျက်အားလျော့ကြပါ၏။ လူတိုင်းအလွန်ကြောက်ရွံ့လျက်ရှိပါ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အထက်မိုးကောင်းကင်တွင်လည်းကောင်း၊ အောက်မြေကြီးတွင်လည်းကောင်း ဘုရားသခင်ဖြစ်တော်မူ၏။
12
ကျွန်မသည် သင်တို့အပေါ် မေတ္တာထားသကဲ့သို့ သင်တို့သည်လည်း ကျွန်မ၏ဆွေမျိုးသားချင်းအပေါ် မေတ္တာထားပါမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျွန်မအား ယခုကျိန်ဆိုပါလော့။ စိတ်ချရသောအမှတ်အသားတစ်ခုကိုလည်း ပေးခဲ့ပါ။
13
ကျွန်မ၏မိဘ၊ ညီအစ်ကိုမောင်နှမတို့မှစ၍ သူတို့နှင့်ဆိုင်သောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးပါ။ ကျွန်မတို့၏အသက်ကို သေဘေးထဲမှ ကယ်နုတ်ပါ”ဟု ဆိုလေ၏။
14
ထိုသူတို့ကလည်း သူ့အား “သင်တို့သည် ငါတို့လာသောသတင်းကိုမပေါက်ကြားစေလျှင် ငါတို့အသက်ကိုရင်း၍ သင်တို့ကို အာမခံပါမည်။ ဤပြည်ကို ငါတို့အား ထာဝရဘုရားပေးတော်မူသောအခါ သင့်ကို အမှန်တကယ်မေတ္တာပြပါမည်”ဟု ဆိုလေ၏။
15
ရာခပ်၏အိမ်သည် မြို့ရိုးတွင်ရှိ၏။ သူသည် မြို့ရိုးတွင် နေထိုင်သောကြောင့် ထိုသူတို့ကို ပြတင်းပေါက်မှ ကြိုးဖြင့်လျှောချပေး၍
16
သူတို့အား “သင်တို့ကို လိုက်ရှာသောသူတို့ သင်တို့ကို မတွေ့အောင် တောင်ပေါ်သို့တက်၍ သုံးရက်ပုန်းနေပါ။ လိုက်ရှာသောသူတို့ပြန်လာပြီးမှ သင်တို့ခရီးဆက်ကြပါ”ဟု ဆိုလေ၏။
17
သူတို့ကလည်း “သင်ကျိန်ဆိုစေခဲ့သောအကျိန်ကြောင့် ငါတို့အပေါ်အပြစ်မရောက်စေရန်
18
ဤပြည်သို့ ငါတို့ရောက်လာသောအခါ ဤကြိုးနီကို ငါတို့လျှောဆင်းလာခဲ့သောပြတင်းပေါက်၌ ချည်ထားရမည်။ သင်၏မိဘ၊ ညီအစ်ကိုမောင်နှမတို့နှင့် ဆွေမျိုးသားချင်းအားလုံးကို သင့်အိမ်၌ ခေါ်ထားရမည်။
19
သင့်အိမ်အပြင်ဘက် လမ်းပေါ်သို့ထွက်သွားသောသူ မည်သူမဆို သူ့သွေးသည် သူ့ခေါင်းပေါ်၌တည်စေ။ ငါတို့၌အပြစ်မရှိ။ သင့်အိမ်ထဲ၌ရှိသောသူ တစ်စုံတစ်ယောက်ကို ငါတို့လက်လွန်မိလျှင် သူ့သွေးသည် ငါတို့ခေါင်းပေါ်တည်စေ။
20
သင်သည် ငါတို့လာသောသတင်းကို ပေါက်ကြားစေလျှင် ငါတို့အား သင်ကျိန်ဆိုစေခဲ့သောအကျိန်မှ ငါတို့ကင်းလွတ်၏”ဟု ရာခပ်အား ဆိုလေ၏။
21
ရာခပ်ကလည်း “သင်တို့စကားအတိုင်းဖြစ်ပါစေ”ဟု ဆိုပြီး သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ထွက်သွားကြ၏။ ရာခပ်သည်လည်း ကြိုးနီကို ပြတင်းပေါက်၌ချည်ထားလေ၏။
22
သူတို့သည်ထွက်သွား၍ တောင်ပေါ်သို့တက်ပြီး လိုက်ရှာသောသူတို့ပြန်လာသည်အထိ တောင်ပေါ်၌ သုံးရက်ပုန်းနေလေ၏။ လိုက်ရှာသောသူတို့သည် လမ်းတစ်လျှောက်လုံးရှာသော်လည်း သူတို့ကို မတွေ့ကြ။
23
ထို့နောက်မှ သူတို့နှစ်ယောက် တောင်ပေါ်မှဆင်းလာကြ၏။ မြစ်ကိုကူးပြီး နုန်၏သား ယောရှုထံသို့ပြန်လာ၍ သူတို့ကြုံတွေ့ခဲ့ရသောအရာအလုံးစုံတို့ကို ပြောပြလေ၏။
24
သူတို့က ယောရှုအား “အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်ပြည်လုံးကို အကျွန်ုပ်တို့လက်သို့အပ်တော်မူပြီ။ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့သည်လည်း အကျွန်ုပ်တို့သတင်းကိုကြားသဖြင့် စိတ်အားလျော့လျက်ရှိကြပါ၏”ဟု ဆိုလေ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24