bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 18
Joshua 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
1
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
2
ထိုအချိန်တွင် အစ္စရေးအမျိုးသားတို့ထဲတွင် အမွေမြေ မရရှိသေးသော အမျိုးအနွယ်ခုနစ်နွယ်ကျန်၏။
3
ထို့ကြောင့် ယောရှုက အစ္စရေးအမျိုးသားတို့အား “ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သွားရောက်သိမ်းပိုက်ရန် မည်မျှအချိန်ဆွဲနေဦးမည်နည်း။
4
သင်တို့ အမျိုးအနွယ်တစ်နွယ်လျှင် လူသုံးယောက်ကို ရွေးချယ်လော့။ သူတို့ကို ငါစေလွှတ်မည်။ သူတို့သည် ထိုပြည်ကိုလှည့်လည်ကြည့်ရှုလျက် သူတို့ပိုင်ဆိုင်မည့်အမွေမြေကို ရေးမှတ်ပြီး ငါ့ထံပြန်လာရမည်။
5
ပြည်ကို ခုနစ်ပိုင်းပိုင်းရမည်။ ယုဒလူမျိုးသည် တောင်ဘက်နယ်မြေတွင် နေထိုင်ရမည်။ ယောသပ်အမျိုးအနွယ်ကား မြောက်ဘက်နယ်မြေတွင် နေထိုင်ရမည်။
6
ပြည်ကိုခုနစ်ပိုင်းပိုင်း၍ ရေးမှတ်ထားပြီး ငါ့ထံယူလာလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ငါမဲချပေးမည်။
7
လေဝိအမျိုးသည် သင်တို့နှင့်အတူ အမွေမြေမရ။ ထာဝရဘုရားပေးသောယဇ်ပုရောဟိတ်အရိုက်အရာသည် သူတို့၏အမွေဖြစ်၏။ ဂဒ်၊ ရုဗင်နှင့် မနာရှေအမျိုးတစ်ဝက်တို့သည်လည်း ထာဝရဘုရား၏အစေအပါးမောရှေပေးထားခဲ့သောအမွေမြေကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် ရပြီးဖြစ်၏”ဟု ဆို၏။
8
ရွေးချယ်ထားသောသူတို့အား ယောရှုက “ပြည်ကို လှည့်လည်ကြည့်ရှုပြီး ရေးမှတ်လော့။ ပြီးလျှင် ငါ့ထံယူလာပြလော့။ ရှိလောအရပ်တွင် ထာဝရဘုရားရှေ့တော်၌ ငါမဲချပေးမည်”ဟု မှာလိုက်၏။ ထိုသူတို့လည်း ပြည်ကိုပိုင်းခြားသတ်မှတ်ရန် ထ၍ထွက်သွားကြ၏။
9
သူတို့သည် ပြည်တစ်ပြည်လုံးသို့လျှောက်သွားပြီး မြို့ရွာများအလိုက် ခုနစ်ပိုင်းပိုင်း၍ စာလိပ်၌ရေးမှတ်ပြီးလျှင် ယောရှုရှိရာ ရှိလောတပ်စခန်းသို့ ပြန်လာကြ၏။
10
ယောရှုလည်း ရှိလောမြို့တွင် ထာဝရဘုရားရှေ့တော်၌ မဲချ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်စုအလိုက် အမွေမြေကို ခွဲဝေပေး၏။
11
ပထမအကြိမ်မဲချရာတွင် ဗင်္ယာမိန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျလေ၏။ သူတို့မဲကျသောနယ်မြေမှာ ယုဒအမျိုးသားနှင့် ယောသပ်အမျိုးသား ကြား၌နေရာကျ၏။
12
သူတို့၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်မှအစပြု၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဂျေရိခေါတောင်စောင်းတစ်လျှောက်သို့ တက်သွားပြီး အနောက်ဘက်တောင်ပေါ်ဒေသသို့ဆက်သွားကာ ဗေသဝင်တောကန္တာရတွင် ဆုံး၏။
13
တစ်ဖန် ထိုနယ်နိမိတ်သည် ဗေသလ ခေါ် လုဇမြို့သို့ရောက်၍ တောင်ဘက်ရှိလုဇတောင်စောင်းတစ်လျှောက်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် အောက်ဗေသောရုန်မြို့၏တောင်ဘက် တောင်တန်းပေါ်ရှိ အတရုတ်အဒ္ဒါမြို့သို့ ဆင်းသွား၏။
14
အနောက်ဘက်ခြမ်းတွင် နယ်နိမိတ်သည် အနောက်ဘက်မှ တောင်ဘက်သို့ကွေ့သွား၏။ ထိုမှ တောင်ဘက်ဗေသောရုန်နှင့်မျက်နှာချင်းဆိုင်တောင်တန်းသို့ဆက်သွား၍ ယုဒအမျိုးသားတို့ပိုင်သော ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်မြို့၌ ဆုံး၏။
15
တောင်ဘက်ခြမ်းတွင် နယ်နိမိတ်သည် ကိရယတ်ယာရိမ်မြို့စွန်မှ အနောက်ဘက်သို့ဆက်သွားပြီး နေဖတောစမ်းရေတွင်းသို့ ရောက်၏။
16
ထိုနယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းနှင့်မျက်နှာချင်းဆိုင် တောင်ခြေသို့ရောက်ပြီး ဟိန္နုံချိုင့်ဝှမ်းသို့ ဆင်းသွား၏။ ထိုမှ တောင်ဘက်ယေဗုသိတောင်စောင်းအတိုင်း အင်္ရောဂေလအရပ်သို့ ဆင်းသွား၏။
17
ထိုမှ မြောက်ဘက်အရပ်သို့ကွေ့သွား၍ အင်ရှေမက်အရပ်သို့ရောက်၏။ ထိုမှ အဒုမ္မိမ်တောင်ကုန်းနှင့်မျက်နှာချင်းဆိုင် ဂေလိလုတ်အရပ်သို့ဆက်လာပြီး ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ ရောက်၏။
18
ထိုမှ အရာဗလွင်ပြင်မြောက်ဘက်မျက်နှာချင်းဆိုင် တောင်စောင်းတစ်လျှောက် ဆက်ဆင်းလာပြီး အရာဗလွင်ပြင်သို့ ရောက်၏။
19
တစ်ဖန် ထိုနယ်နိမိတ်သည် မြောက်ဘက်ဗက်ဟောဂလအရပ်သို့ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဆားပင်လယ်ကွေ့၊ တောင်ဘက်ဂျော်ဒန်မြစ်ဝတွင် ဆုံး၏။ ဤရွေ့ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
20
အရှေ့ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်သည် နယ်နိမိတ်ဖြစ်၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေနယ်နိမိတ်အပိုင်းအခြားဖြစ်၏။
21
ဗင်္ယာမိန်အမျိုးအနွယ်တို့ မျိုးနွယ်စုအလိုက် ရရှိသောမြို့များမှာ ဂျေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
22
ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊
23
အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရမြို့၊
24
ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂေဗမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့နှင့်ရွာများ ပါ၏။
25
ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊
26
မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊
27
ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊
28
ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24