bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 8
Joshua 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
1
တစ်ဖန် ထာဝရဘုရားက ယောရှုအား “မကြောက်နှင့်။ စိတ်မပျက်နှင့်။ စစ်သည်အပေါင်းတို့ကိုခေါ်ပြီး အာဣမြို့သို့ ထ၍စစ်ချီလော့။ ကြည့်ရှုလော့။ အာဣဘုရင်နှင့်တကွ သူ့လူ၊ သူ့မြို့၊ သူ့မြေကို သင့်လက်သို့ငါအပ်ပြီ။
2
သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
3
ယောရှုနှင့်စစ်သည်အပေါင်းတို့သည်လည်း အာဣမြို့သို့ ထ၍စစ်ချီကြ၏။ ယောရှုသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲသုံးသောင်းကိုရွေးချယ်ပြီး သူတို့ကို ညအချိန်၌စေလွှတ်၍
4
သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။
5
ငါနှင့် ငါ၌ရှိသောစစ်သည်အပေါင်းတို့သည် မြို့ကိုချဉ်းကပ်မည်။ သူတို့သည် ယခင်ကဲ့သို့ ငါတို့ကိုထွက်တိုက်လျှင် ငါတို့သည် သူတို့ရှေ့မှထွက်ပြေးမည်။
6
ငါတို့သည် သူတို့ရှေ့မှ ထွက်ပြေးသောအခါ သူတို့က ‘ဤလူတို့သည် ယခင်ကဲ့သို့ပင် ထွက်ပြေးကြပြီ’ဟု ထင်၍ ငါတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါတို့သည် သူတို့ကိုမြို့နှင့်ဝေးဝေးမျှားခေါ်သွားမည်။
7
သင်တို့သည် ကင်းပုန်းချရာနေရာမှထွက်၍ မြို့ကိုသိမ်းပိုက်ရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင်တို့လက်သို့အပ်တော်မူမည်။
8
သင်တို့သည် မြို့ကိုသိမ်းပြီးသည်နှင့် မီးရှို့ပစ်ရမည်။ ထာဝရဘုရား၏အမိန့်တော်အတိုင်း သင်တို့ပြုရမည်။ သင်တို့ကို ငါအမိန့်ပေးပြီ”ဟု မှာကြားလေ၏။
9
ထို့နောက် ယောရှုသည် စစ်သူရဲတို့ကိုစေလွှတ်သဖြင့် သူတို့သည် သွား၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့်အာဣမြို့အကြား၌ ကင်းပုန်းချ၍ စောင့်နေကြ၏။ သို့သော် ထိုည၌ ယောရှုသည် စစ်သည်တို့နှင့်အတူနေရစ်ခဲ့၏။
10
ယောရှုသည် နံနက်စောစောထ၍ စစ်သည်တို့ကိုစုစည်းပြီး အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့နှင့်အတူ စစ်သည်တို့ရှေ့မှနေ၍ အာဣမြို့သို့ ချီတက်လေ၏။
11
သူနှင့် စစ်သည်အပေါင်းတို့ ချီတက်သွား၍ မြို့အနီးသို့ရောက်သောအခါ အာဣမြို့မြောက်ဘက်၌ စခန်းချကြ၏။ သူတို့နှင့် အာဣမြို့အကြား၌ ချိုင့်ဝှမ်းရှိ၏။
12
ယောရှုသည် စစ်သည်ငါးထောင်ခန့်ကိုခေါ်၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့် အာဣမြို့အကြား၌ ကင်းပုန်းချထား၏။
13
ထိုသို့ စစ်သည်တို့ကိုနေရာချရာတွင် မြို့မြောက်ဘက်တွင် ပင်မတပ်၊ မြို့အနောက်ဘက်တွင် ကင်းပုန်းတပ်တို့ နေရာကျကြ၏။ ထိုညတွင် ယောရှုသည် ချိုင့်ဝှမ်းသို့ဆင်းသွား၏။
14
ထိုသို့တပ်ချလျက်ရှိသည်ကို အာဣဘုရင် သိမြင်သောအခါ သူနှင့်သူ၏မြို့သားစစ်သည်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် ချိန်းချက်ထားသည့်အတိုင်း စောစောထ၍ အရာဗလွင်ပြင်အရှေ့ဘက်သို့ အလျင်အမြန်စစ်ချီထွက်လေ၏။ သို့ရာတွင် သူသည် မြို့အနောက်ဘက်၌ ကင်းပုန်းချထားကြောင်းကို မသိ။
15
ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည်လည်း စစ်ရှုံးဟန်ပြ၍ တောကန္တာရလမ်းအတိုင်း ပြေးကြလေ၏။
16
အစ္စရေးစစ်သည်တို့ကို လိုက်လံတိုက်ခိုက်ရန် မြို့ထဲရှိယောက်ျားအားလုံးကို ခေါ်သဖြင့် သူတို့သည် ယောရှုနောက်သို့လိုက်ကြရာ မြို့နှင့်ဝေးရာသို့ မျှားခေါ်သွားခြင်းခံရလေ၏။
17
အာဣမြို့၊ ဗေသလမြို့တို့၌ ယောက်ျားတစ်ယောက်မကျန် မြို့ကိုချန်ထား၍ အစ္စရေးစစ်သည်တို့နောက်သို့ လိုက်ကြ၏။
18
ထိုအခါ ထာဝရဘုရားက ယောရှုအား “သင်ကိုင်ထားသောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူသဖြင့် ယောရှုသည် မိမိကိုင်ထားသောလှံကို ထိုမြို့သို့ ရွယ်လေ၏။
19
ထိုသို့ရွယ်လိုက်သောအခါ ကင်းပုန်းတို့သည် ကိုယ့်နေရာမှအလျင်အမြန်ထကာ မြို့ထဲသို့ ပြေးဝင်ကြ၏။ ထို့နောက် မြို့ကိုသိမ်း၍ ချက်ချင်းမီးရှို့ပစ်ကြ၏။
20
အာဣမြို့သားတို့သည် အနောက်သို့လှည့်ကြည့်သောအခါ မြို့ထဲမှမီးခိုးများ ကောင်းကင်သို့တက်နေသည်ကို မြင်၏။ ထိုအခါ မည်သည့်ဘက်သို့ ပြေးရမည်ကို မသိဖြစ်ကြ၏။ တောကန္တာရဘက်သို့ပြေးသွားသောစစ်သည်တို့ကလည်း အနောက်မှလိုက်သောသူတို့ထံ ပြန်လှည့်လာ၏။
21
ကင်းပုန်းတပ်က မြို့ကိုသိမ်းပြီး မြို့ထဲမှမီးခိုးထွက်လာသည်ကို ယောရှုနှင့်အစ္စရေးတပ်သားအပေါင်းတို့ မြင်သောအခါ ပြန်လှည့်လာ၍ အာဣမြို့သားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
22
ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။
23
အာဣဘုရင်ကိုကား အရှင်ဖမ်း၍ ယောရှုထံ ခေါ်ဆောင်လာ၏။
24
အစ္စရေးစစ်သည်တို့သည် သူတို့ကိုတောကန္တာရကွင်းပြင်အထိ လိုက်လံတိုက်ခိုက်သည့်အာဣမြို့သားအပေါင်းတို့အား တစ်ယောက်မကျန်သတ်ဖြတ်၏။ ထိုသူတို့အားလုံး ဓားဖြင့်လဲကျသေဆုံးသွားပြီးနောက် အစ္စရေးစစ်သည်အပေါင်းတို့သည် အာဣမြို့သို့ တစ်ဖန်ပြန်လာ၍ ကျန်ရစ်သူတို့ကို ဓားဖြင့်သတ်ဖြတ်လေ၏။
25
ထိုနေ့၌ အာဣမြို့သား ယောက်ျား၊ မိန်းမ စုစုပေါင်း တစ်သောင်းနှစ်ထောင် ကျဆုံးလေ၏။
26
အာဣမြို့သားတို့ကို ချေမှုန်း၍မပြီးမချင်း ယောရှုသည် လှံရွယ်ထားသောလက်ကို မချ။
27
ယောရှုအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း အစ္စရေးစစ်သည်တို့သည် ထိုမြို့မှ တိရစ္ဆာန်နှင့် တိုက်ယူသောပစ္စည်းတို့ကို သိမ်းယူကြ၏။
28
ဤသို့ဖြင့် ယောရှုသည် အာဣမြို့ကို မီးရှို့ပစ်၍ ယနေ့တိုင် လူသူကင်းမဲ့ရာအပျက်အစီးပုံ ဖြစ်စေ၏။
29
အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။
30
ထို့နောက် ယောရှုသည် ဧဗလတောင်ပေါ်၌ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
31
“ယဇ်ပလ္လင်ကို သံလက်နက်ကိရိယာ မသုံးဘဲ သဘာဝကျောက်တုံးများဖြင့်သာ တည်ရမည်”ဟု ထာဝရဘုရား၏အစေအပါးမောရှေက အစ္စရေးအမျိုးသားတို့အား မှာကြားခဲ့သည်နှင့်အညီ မောရှေ၏ပညတ်တရားကျမ်း၌ရေးသားထားသည့်အတိုင်း တည်၏။ ထို့နောက် ထိုယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
32
ထို့နောက် အစ္စရေးအမျိုးသားတို့ မျက်စိရှေ့တွင်ပင် မောရှေ၏ပညတ်တရားကျမ်းကို ကျောက်တုံးပေါ်တွင် ကူးရေးလေ၏။
33
အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။
34
ထို့နောက် ယောရှုသည် ပညတ်တရားကျမ်း၌ရေးသားခဲ့သမျှအတိုင်း ကောင်းချီးမင်္ဂလာ၊ ကျိန်ခြင်းအမင်္ဂလာ တို့နှင့်ဆိုင်သောတရားစကားအလုံးစုံကို ဖတ်ကြားလေ၏။
35
မောရှေမိန့်မှာထားသောစကားတို့ကို မိန်းမ၊ ကလေးနှင့်တကွ အစ္စရေးလူမျိုးနှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားတို့အပါအဝင် အစ္စရေးလူထုတစ်ရပ်လုံးရှေ့တွင် မဖတ်ဘဲထားခဲ့သောစကားတစ်ခွန်းမျှမရှိ။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24