bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joshua 22
Joshua 22
Burmese MSBU
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
1
ထို့နောက်မှ ယောရှုသည် ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်နှင့် မနာရှေအမျိုးအနွယ်တစ်ဝက်တို့ကို ခေါ်၍
2
“ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားခဲ့သည့်အတိုင်း သင်တို့ပြုကြသည့်နည်းတူ ငါမှာကြားသမျှကိုလည်း သင်တို့လိုက်နာကြပြီ။
3
သင်တို့သည် ယနေ့အထိ သင်တို့၏ညီအစ်ကိုတို့ကိုမစွန့်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား စီရင်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီ။
4
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
5
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည် ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။
6
ထို့နောက် ယောရှုသည် သူတို့ကိုကောင်းချီးပေးပြီး ပြန်စေသဖြင့် သူတို့လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။
7
မောရှေက မနာရှေအမျိုးအနွယ်တစ်ဝက်အား ဗာရှန်ပြည်ကို အမွေမြေအဖြစ်ပေးခဲ့၏။ ယောရှုက ကျန်မနာရှေအမျိုးအနွယ်တစ်ဝက်အား သူတို့၏ညီအစ်ကိုတို့နှင့်အတူ ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်းကို အမွေမြေအဖြစ်ပေး၏။ သူတို့ကို အိမ်သို့ပြန်စေသောအခါ ယောရှုသည် ကောင်းချီးပေး၍
8
“သင်တို့၏ရန်သူတို့ထံမှ တိုက်ယူသောပစ္စည်းများကို သင်တို့၏ညီအစ်ကိုတို့နှင့်အတူ ခွဲဝေယူကြလော့။ တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်အထည်မှစ၍ စည်းစိမ်ဥစ္စာအမြောက်အမြားတို့ကို ယူ၍ သင်တို့၏အိမ်သို့ပြန်သွားကြလော့”ဟု သူတို့အားဆိုလေ၏။
9
သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။
10
ရုဗင်သားမြေး၊ ဂဒ်သားမြေး၊ မနာရှေသားမြေးတစ်ဝက်တို့သည် ခါနာန်ပြည်၊ ဂျော်ဒန်မြစ်အနီးသို့ရောက်သောအခါ ထင်ရှားမြင်သာသော ယဇ်ပလ္လင်ကြီးတစ်ခုကို တည်လေ၏။
11
“ကြည့်ရှုလော့။ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့နယ်မြေ၊ ဂျော်ဒန်မြစ်အနီး၊ ခါနာန်ပြည်နယ်စပ်၌ ယဇ်ပလ္လင်တည်ကြပြီ”ဟု ပြောဆိုကြသည်ကို အစ္စရေးအမျိုးသားတို့ကြားကြ၏။
12
ထိုသို့ ကြားရသောအခါ အစ္စရေးလူထုအပေါင်းတို့သည် ရှိလောမြို့၌ စုရုံးကြ၍ သူတို့ကို တိုက်ခိုက်ရန် စစ်ချီကြ၏။
13
အစ္စရေးအမျိုးသားတို့သည် ဂိလဒ်ပြည်ရှိ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ထံသို့ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်နှင့်တကွ
14
အစ္စရေးအမျိုးအနွယ်တစ်နွယ်စီမှ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ခေါင်းဆောင်တစ်ယောက်စီ စုစုပေါင်းခေါင်းဆောင်ဆယ်ယောက်တို့ကိုစေလွှတ်၏။ ထိုသူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုတစ်စုစီမှ မျိုးနွယ်စုအကြီးအကဲများ ဖြစ်၏။
15
သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား
16
“ထာဝရဘုရား၏လူအပေါင်းတို့က ‘သင်တို့သည် အပြစ်ပြု၍ အစ္စရေးလူမျိုး၏ဘုရားသခင်ကို ပြစ်မှားကြပါသည်တကား။ ယခု သင်တို့သည် ထာဝရဘုရားကိုပုန်ကန်၍ မိမိတို့အဖို့ ယဇ်ပလ္လင်တည်ခြင်းဖြင့် ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားကြပြီတကား။
17
ပေဂုရတောင်၌ ငါတို့ပြုခဲ့မိသောအပြစ်သည် မလုံလောက်သေးသလော။ ယခုအချိန်ထိ ထိုအပြစ်နှင့် ငါတို့မကင်းရှင်းသေး။ ထိုအပြစ်များကြောင့်လည်း ထာဝရဘုရား၏လူများအပေါ်သို့ ဘေးဒဏ်ကျရောက်ခဲ့ပြီ။
18
ယခုလည်း သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားကြပြီ။ ယနေ့ ထာဝရဘုရားကို သင်တို့ပုန်ကန်လျှင် မနက်ဖြန်တွင် အစ္စရေးလူအပေါင်းတို့ကို အမျက်ထွက်တော်မူလိမ့်မည်။
19
သင်တို့အပိုင်ရသောပြည်သည် မစင်ကြယ်လျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်တည်ရာ ထာဝရဘုရားပိုင်တော်မူရာပြည်သို့ ကူးလာ၍ ငါတို့နှင့်အတူ အမွေခံလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ထားသောယဇ်ပလ္လင်မှတစ်ပါး ကိုယ့်အဖို့ယဇ်ပလ္လင်ကိုတည်ခြင်းဖြင့် ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။
20
ဇေရအမျိုးသားအာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အပြစ်ပြုသောကြောင့် သူတစ်ယောက်တည်း သေသည်မဟုတ်။ အစ္စရေးလူထုတစ်ရပ်လုံး အမျက်တော်ဒဏ်ခံခဲ့ရသည်မဟုတ်လော’ဟူ၍ ပြောဆိုကြသည်”ဟု ဆို၏။
21
ထိုအခါ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့က အစ္စရေးမျိုးနွယ်စုအကြီးအမှူးတို့အား
22
“တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား၊ တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား သိတော်မူပါ၏။ အစ္စရေးလူမျိုးတို့ကိုလည်း သိစေတော်မူပါ။ ထာဝရဘုရားကိုပုန်ကန်မိလျှင်၊ ပြစ်မှားမိလျှင် ယနေ့ အကျွန်ုပ်တို့ကို ချမ်းသာခွင့်မပေးပါနှင့်။
23
ထာဝရဘုရား၏နောက်တော်သို့ မလိုက်ဘဲလမ်းလွဲ၍ ယဇ်ပလ္လင်ကိုတည်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မိတ်သဟာယယဇ်များကို ပူဇော်လျှင် ထာဝရဘုရားကိုယ်တော်တိုင် စစ်ကြောစီရင်တော်မူပါ။
24
ငါတို့ ဤသို့ပြုကြသည်မှာ နောင်ကာလ၌ သင်တို့၏သားမြေးတို့က ငါတို့၏သားမြေးတို့အား ‘သင်တို့နှင့် အစ္စရေး၏ဘုရားသခင်ထာဝရဘုရားသည် မည်သို့ဆိုင်သနည်း။
25
အို ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့၊ ထာဝရဘုရားသည် သင်တို့နှင့်ငါတို့ကြား၌ ဂျော်ဒန်မြစ်ကို နယ်နိမိတ်အဖြစ်ခြားထားတော်မူပြီ။ ထာဝရဘုရားထံ၌ သင်တို့အဖို့ဝေစုမရှိ’ဟု ဆိုလျက် သင်တို့၏သားမြေးတို့က ငါတို့၏သားမြေးတို့အား ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းမရှိအောင် ပြုကြမည်ကို ငါတို့စိုးရိမ်သောကြောင့် ဤအမှုကို ပြုခြင်းဖြစ်၏။
26
ထို့ကြောင့် ငါတို့က ‘ငါတို့အဖို့ ယဇ်ပလ္လင်တည်ကြစို့။ သို့သော် မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်။
27
ငါတို့သည် ငါတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများ၊ မိတ်သဟာယယဇ်များဖြင့် ထာဝရဘုရား၏ရှေ့တော်၌ ကိုယ်တော်ကိုဝတ်ပြုတတ်ကြကြောင်း သင်တို့နှင့်ငါတို့အကြား၊ နောင်လာမည့်ငါတို့၏မျိုးဆက်အစဉ်အဆက်ကြား၌ သက်သေဖြစ်စေရန်သာဖြစ်၏။ သို့မှ နောင်ကာလ၌ သင်တို့၏သားမြေးတို့သည် ငါတို့၏သားမြေးတို့အား “ထာဝရဘုရား၌ သင်တို့အဖို့ဝေစုမရှိ”ဟူ၍ ပြောခွင့်ရှိတော့မည်မဟုတ်’ဟု ပြောဆိုတိုင်ပင်ကြ၏။
28
နောင်ကာလ၌ သူတို့က ငါတို့နှင့်ငါတို့၏မျိုးဆက်အစဉ်အဆက်တို့ကို ထိုသို့ပြောလျှင် ငါတို့က ‘ကြည့်ရှုလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏ယဇ်ပလ္လင်နှင့်ပုံသဏ္ဌာန်တူသော ယဇ်ပလ္လင်ကိုတည်ခဲ့သည်မှာ မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်၊ ငါတို့နှင့်သင်တို့အကြား၌ သက်သေဖြစ်ရန်အတွက်သာဖြစ်၏’ဟု ပြန်ပြောနိုင်ရန်ဖြစ်၏။
29
ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်မှတစ်ပါး မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင် စသည်တို့ကိုပူဇော်ရန် အခြားသောယဇ်ပလ္လင်တည်ခြင်းအားဖြင့် ထာဝရဘုရားကိုပုန်ကန်သောအမှု၊ ယနေ့ ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားသောအမှုတို့သည် ငါတို့နှင့်ဝေးပါစေ”ဟု ဆိုကြ၏။
30
ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ လူထုခေါင်းဆောင်များဖြစ်သော အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများသည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့ပြောသောစကားကိုကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။
31
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကလည်း ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့အား “ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူကြောင်းကို ယနေ့ ငါတို့သိရပြီ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားကိုမပြစ်မှားခဲ့ကြပေ။ ယခု သင်တို့သည် အစ္စရေးအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှကယ်နုတ်လေပြီ”ဟု ဆိုလေ၏။
32
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်နှင့်ခေါင်းဆောင်တို့သည် ဂိလဒ်ပြည်ရှိ ရုဗင်သားမြေးနှင့် ဂဒ်သားမြေးတို့ထံမှ အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်သို့ပြန်လာ၍ ထိုသူတို့ ပြောသောစကားကို ပြန်ပြောပြကြ၏။
33
ထိုစကားကို အစ္စရေးအမျိုးသားတို့ကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။ အစ္စရေးအမျိုးသားတို့သည် ဘုရားသခင်ကိုကောင်းချီးထောမနာပြုကြ၏။ သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့နေထိုင်ရာပြည်ကို စစ်ချီတိုက်ခိုက်ဖျက်ဆီးမည့်အကြောင်း မပြောကြတော့ပေ။
34
ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့က “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း ထိုယဇ်ပလ္လင်သည် ငါတို့တွင် သက်သေဖြစ်၏”ဟု ဆို၍ ထိုယဇ်ပလ္လင်ကို “သက်သေ”ဟု ခေါ်ဝေါ်ကြ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24